နိုဝင်ဘာ ၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟာလန်း ပြန်ကစားနိုင်မယ့်ရက်ကို ဂွါဒီယိုလာအတည်ပြုပြောကြား
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း တယောက် လာမယ့် စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြန်ကစားနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်က ဒေါ့မန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ်မှာ ဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ လက်စတာနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီကနေ့ညမှာ ကစားမယ့် ဆီဗီလာနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ ကိုလည်း လွဲချော်ဦးမှာပါ။
ဟာလန်းနဲ့ ပတ်သက်လို့ ဂွါဒီယိုလာက “ဆီဗီလာနဲ့ ပွဲမှာတော့ ဟာလန်း မပါဝင်နိုင်ပါဘူး။ သူက တနေ့ပြီး တနေ့ ပိုသက်သာလာပါတယ်။ ဒါပေမယ့် သူ ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး”
“ကျနော်တို့ သူ့အတွက် မစွန့်စားလိုပါဘူး။ ဒါက အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ။ ဖူလ်ဟမ်နဲ့ ပွဲမှာတော့ သူ ပြန်ကစားနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ မာစီရယ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်သိုနီ မာစီရယ်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့ကြောင်း သိရပါတယ်။
မာစီရယ်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့အပေါ် ပရိသတ်တွေက မျှော်လင့်ချက် ကြီးမားခဲ့ပါတယ်။ ဒါပေမယ့် မာစီရယ် အနေနဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ စတင်ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ အတူ လက်ရှိ ရာသီမှာ ရုန်းကန်နေရပါတယ်။
မာစီရယ် ယူနိုက်တက် အတွက် နောက်ဆုံး ကစားပေးခဲ့တာက အဲဗာတန်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ဖြစ်ပြီး အဲ့ဒီပွဲမှာလည်း ပွဲကစားချိန် မိနစ် (၃၀) မပြည့်ခင်မှာတင် ဒဏ်ရာကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူစားလဲခဲ့ရပါတယ်။
ရှုံးထွက်ကို ရောက်ပြီးသား ဆိုပေမယ့် ဒိုင်နမိုဇာဂရက်ကို အနိုင်ကန်မယ် ဆိုတဲ့ ပေါ်တာ
ချဲလ်ဆီးဟာ ဆဲလ်ဘာ့ဂ်ကို အနိုင်ရရှိပြီးနောက် အုပ်စု နောက်ဆုံး ပွဲမှာ သရေတမှတ် ရရှိရုံနဲ့ အုပ်စုဗိုလ် ဖြစ်မှာပါ။ ဒါပေမယ့် ပေါ်တာ ကတော့ “ကျနော်တို့ ပြိုင်ပွဲကိုရော၊ ပြိုင်ဘက် အသင်းတွေ ကိုပါ လေးစားမှု ရှိရပါမယ်”
“ကျနော်တို့ အနိုင်ရဖို့ ပြင်ဆင်သွားမှာပါ။ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ဒီအုပ်စု အဆင့်မှာ အားလုံးရဲ့ အထက်က ရပ်တည်လိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က စိတ်ပျက်စရာ ရလဒ်တွေကို ကျနော်တို့ တုံ့ပြန်လိုပါတယ်”
“ပြိုင်ဘက်ကို အနိုင်ရနိုင်တဲ့ လူစာရင်းကို ရွေးထုတ်သွားမှာ ဖြစ်ပြီး အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ဘရိုက်တန်ကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.