စက်တင်ဘာ ၂၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မှားပြီးရင်း မှားနေတဲ့ မက်ဂွိုင်းယား
ဂျာမနီနဲ့ တဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ကတော့ ကြီးမားတဲ့ အမှားတချို့ ထပ်ပြီး ကျူးလွန်ခဲ့ပြန်ပါတယ်။ ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ၊ ဖိအားတွေ အောက်ရောက်နေတဲ့ မက်ဂွိုင်းယားက ဘောလုံး ပေးပို့ပုံ မှားယွင်းခဲ့ပြီး ဂျာမနီက မူဆီအာယာက ဖြတ်လုသွားခဲ့ကာ ဧရိယာထဲ ထိုးဖောက်ခဲ့ချိန် မက်ဂွိုင်းယားရဲ့ ဖျက်ထုတ်မှုကြောင့် ဂျာမနီတို့ ပင်နယ်တီ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဂွိုင်းယားရဲ့ ဘောလုံး ပေးပို့ပုံနဲ့ ဖျက်ထုတ်မှုက တော်တော်လေးကို အဆင့်အတန်း နိမ့်ပါးလွန်းပြီး လက်ရွေးစင် အဆင့်မှာ ရှိမနေသင့်တော့ဘူး ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ အင်္ဂလန် ပရိသတ်တွေ ကလည်း မက်ဂွိုင်းယားကို ‘ဘူး’ လို့ ဝိုင်းအော်လှောင် ပြောင်ခဲ့ကြပြီး ဒီကစားသမားက ကမ္ဘာ့စျေးအကြီးဆုံး နောက်ခံလူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်တဲ့ ခြေစွမ်းမျိုးကိုသာ ပြသနေခဲ့တာ ဖြစ်ပါတယ်။
မက်ဂွိုင်းယားက စိတ်ကျန်းမာရေး ဆရာဝန်နဲ့ပါ ပြသဖို့ လိုနေပြီး သူ့စိတ်ကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့်သူ၊ စိတ်ခွန်အား ပေးနိုင်မယ့်သူ အမှန်တကယ် လိုအပ်နေပြီ ဖြစ်ကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ မက်ဂွိုင်းယားဟာ အရမ်းကို ကြောင်တောင်တောင် နိုင်လွန်းနေပြီး တခါတလေ သူ ဘာလုပ်မိလို့ လုပ်မိမှန်းတောင် မသိတဲ့အထိ အခြေအနေ ဆိုးရွားနေပြီး ဒီအတိုင်း ဆိုရင် ပရီးမီးယားလိဂ် ကလပ်မှာလည်း အရန်ခုံမှာပဲ ထိုင်နေရဦးမှာ သေချာပါတယ်။
အင်္ဂလန်နဲ့ ပွဲမှာ ဂျာမနီ အတွက် ခြေစွမ်းပြခဲ့တဲ့ ကိုင် ဟာဗက်ဇ်
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ကိုင် ဟာဗက်ဇ်ကတော့ အင်္ဂလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ ဂျာမနီ အတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ သူ့ရဲ့ ပထမဂိုး ကိုတော့ ဧရိယာ ပြင်ပကနေ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းခဲ့ပြီး ဂိုးသမား လက်ဖျားနဲ့တောင် မထိဘဲ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ဂိုး ကတော့ ဂိုးသမားနဲ့ ထိပြီး ပြန်အံထွက်တာကို အမြန် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲဟာ ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ရုန်းကန်နေရတဲ့ ဟာဗက်ဇ် အတွက် ယုံကြည်မှုတွေ ပြန်ရစေခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဟာဗက်ဇ်က ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၈ ပွဲ ကစားထားပြီး သွင်းဂိုး ၁ ဂိုးတည်းသာ ရရှိထားသလို အဝါကတ် ၃ ကြိမ် ပြသခံထားရလို့ သွင်းဂိုးထက် အဝါကတ် ပိုများနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
လက်ရွေးစင် အသင်း အတွက် ကစားပေးရချိန် မှာတော့ ဟာဗက်ဇ်က ပုံမှန် ခြေစွမ်းပြန်ရနေခဲ့ပြီး ဒါဟာ ချဲလ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာ အတွက်လည်း အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဂျာမနီ တို့ကတော့ နေးရှင်းလိဂ်မှာ နောက်တဆင့်ကို မတက်ရောက်နိုင်တော့ပေမယ့် ဂုဏ်သိက္ခာ အတွက် ကစားခဲ့ကြပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့ကာ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်ကို သတိပေးလိုက်တဲ့ ဆန်းတို့စ်
ပေါ်တူဂီ လက်ရွေးစင် အသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်က သူ့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပွဲကစားချိန် နည်းပါးစွာ ကစားစေပြီး အရန်ခုံမှာ ထိုင်ခိုင်းထားတဲ့ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို သတိပေးမှုတွေ ပြုလုပ်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရွေးစင် အသင်းမှာ ပုံမှန် ကစားခွင့် ရနေပေမယ့် ကလပ် မှာတော့ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။
ဖာနန်ဒို ဆန်းတို့စ်က “ တန်ဟက်ဂ် အနေနဲ့ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားထက်မဆို ပိုပြီး လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ရော်နယ်ဒိုလို ကစားသမားကို ၂၅ မိနစ်လောက်ပဲ ကစားခိုင်းပြီး ပြုမူ ဆက်ဆံနေတာတွေကို ရပ်တန့်သင့်နေပါပြီ၊ ပြီးခဲ့တဲ့ ရာသီမှာ သူက အသင်းရဲ့ အကောင်းဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့တာပါ၊ ပြီးတော့ သူတို့ ကစားပုံ ဆိုးရွားနေတာက ဂိုးသမားနဲ့ ခံစစ်ပိုင်းကြောင့် ဖြစ်ပြီး ရော်နယ်ဒိုရဲ့ အမှားကြောင့်လည်း မဟုတ်ပါဘူး” လို့ ပြောဆို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။တန်ဟက်ဂ် ကတော့ ယူနိုက်တက်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ မာစီရယ် တို့ကို ပိုမို ဦးစားပေးနေခဲ့တာ ဖြစ်ပြီး ရော်နယ်ဒို ကိုတော့ လူစားဝင် ကစားသမား အဖြစ်နဲ့သာ အသုံးပြုနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချက်နဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ရော်နယ်ဒိုက နှာခေါင်းဒဏ်ရာ ရရှိခဲ့ပေမယ့် ပွဲချိန်ပြည့် ကစားပေးခဲ့သလို အသင်းဖော် ဂျိုတာ အတွက်လည်း တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.