အောက်တိုဘာ ၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကက်စ်မဲရိုးကို မခေါ်ခင် လိုကတ်တယ်လီကို ကြိုးပမ်းခဲ့သေးတဲ့ ယူနိုက်တက်
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျူဗင်တပ်စ် ကွင်းလယ်လူ မန်နျူရယ် လိုကတ်တယ်လီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း သိရပါတယ်။
အဲ့ဒီမတိုင်ခင်တည်းက ယူနိုက်တက်တို့ လိုကတ်တယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက်မှသာ လက်တွေ့မကျဘူးလို့ ယူဆကာ ရာဘီရော့တ်ကို ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ယူနိုက်တက်တို့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုး ကိုသာ ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် လာမယ့် ဇန်နဝါရီ မှာတော့ လိုကတ်တယ်လီရဲ့ အနာဂတ်က ပြန်လည် လှုပ်ခတ်လာနိုင်ပြီး ဒါကိုလည်း ကစားသမား ကိုယ်တိုင်က နားလည်ထားပါတယ်။
ရော်နယ်ဒိုရဲ့ ဟက်ထရစ် စံချိန်ကို ၈ ပွဲတည်းနဲ့ အမီလိုက်ခဲ့တဲ့ ဟာလန်း
မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ မန်ချက်စတာစီးတီး အတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့နောက် တိုက်စစ်မှူး အာလင်း ဟာလန်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟက်ထရစ် ၃ ကြိမ် အထိ ရရှိသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပွဲမှာ ဟာလန်းက စပယ်ရှယ် ခြေစွမ်းပြခဲ့ပြီး အသင်းဖော် ဖိုဒန် ကလည်း ဟက်ထရစ်ရယူနိုင်ခဲ့ကာ ယူနိုက်တက်ကို ၆-၃ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းရဲ့ ဒီဟက်ထရစ် မှတ်တမ်းက ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘ၀မှာ ရရှိခဲ့တဲ့ ဟက်ထရစ် အကြိမ်အရေအတွက်နဲ့ တူညီခဲ့ပါတယ်။ ရော်နယ်ဒို ကလည်း ၃ ကြိမ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ရကာ ဟာလန်း ကတော့ ၈ ပွဲတည်း ကစားပြီး ရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းရဲ့ လိဂ်သွင်းဂိုး ကလည်း ၁၄ ဂိုး အထိ ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ မှာတော့ ၁၇ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး ကတည်းက တောက်လျှောက် ခြေစွမ်းပြနေတာ ဖြစ်ပြီး မန်ချက်စတာဒါဘီမှလည်း အားလုံး ထင်မှတ်ထားသလို ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပြီး နှစ်ဖက် ပရိသတ်တွေ ဘယ်လိုမှ မေ့မရတဲ့ ပွဲမျိုးဖြစ်အောင်ပါ ဖန်တီးသွားခဲ့တာ ဖြစ်ပါတယ်?
လစ်ဗာပူးလ်ကို ငြင်းပြီး ရီးရဲလ်ကို ရွေးချယ်ဖို့ ဘယ်လင်ဂမ်ကို ဒီနေး တိုက်တွန်း
ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းကြီး ထရွိုင်း ဒီနေးက ဒေါ့မန်ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ် အနေနဲ့ လစ်ဗာပူးလ်ကို ငြင်းဆန်ပြီး ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ကိုလုံးကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ပွဲစဉ်မှာ ဒေါ့မန် အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါ သမိုင်းတလျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင် အဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေးက “ဘယ်လင်ဂမ် အနေနဲ့ အရန်ခုံမှာ ထိုင်ပြီး တိုးတက်ဖို့ အတွက် စောင့်နေစရာ မလိုတော့ပါဘူး။ နောက်ပြီး လစ်ဗာပူးလ်ကို ပြောင်းရွှေ့သင့်တယ် လို့လည်း ကျနော် မမြင်ပါဘူး။ သူ လစ်ဗာပူးလ် မှာလည်း ကစားနိုင်စွမ်းရှိပါတယ်”
“ဒါပေမယ့် သူ့အနေနဲ့ စပိန် ဘောလုံးနဲ့ အသားကျမယ်လို့ ကျနော် ခံစားမိပါတယ်။ တကယ်လို့သာ ရီးရဲလ်မက်ဒရစ်က သူ့ကို ကမ်းလှမ်းလာမယ် ဆိုရင် သူ ဒါကို ပယ်ချနိုင်မယ်မထင်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.