နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေးရတဲ့ စျေးနဲ့ တန်ကြောင်း သက်သေမပြနိုင်သေးတဲ့ ပရီးမီးယားလိဂ် ကစားသမားများ

ကစားသမားသစ် ခေါ်ယူမှုတွေဟာ ပရီးမီးယားလိဂ် အပါအဝင် ကမ္ဘာပေါ်က ကလပ်အသင်း အများစု အတွက် လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရသလိုမျိုး ဖြစ်ပါတယ်။ အဓိက ကတော့ ကစားသမားသစ်တွေ ဆိုတာဟာ အသင်းရဲ့ ရှိရင်းစွဲ လူစာရင်းကို အင်အား ပိုမိုတောင့်တင်းစေမယ်လို့ ယူဆခံရတာကြောင့် ခေါ်ယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

တကယ်လို့ ကစားသမား တစ်ယောက်ဟာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခြင်းခံရတာသာ ဆိုရင် မဖြစ်မနေ အသင်းအတွက် စွမ်းဆောင်ပြဖို့ လိုအပ်မှာ ဖြစ်ပြီး ကစားသမားသစ်တိုင်းက အသင်းသစ်မှာ ချက်ချင်း ခြေစွမ်းပြနိုင်တာတော့ မဟုတ်ပါဘူး။ အချို့ ကတော့ အသင်းသစ်နဲ့ အတူ ချက်ချင်းပဲ အသားကျပြီး အောင်မြင်မှုတွေ ပြုလုပ်နိုင်ပေမယ့်လည်း အချို့ကတော့ ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ တန်တယ်လို့တောင် ခံစားရအောင် ဘာဆိုဘာမှ လုပ်ပြနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနွေရာသီမှာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပမာဏနဲ့ အသင်းပြောင်းရွှေ့ခဲ့ပြီးနောက် ပေးရတဲ့ စျေးနဲ့ ထိုက်တန်ကြောင်း မပြသနိုင်သေးတဲ့ ကစားသမား ၄ ဦးကို ဖော်ပြပေးလိုက်ပါတယ်။


၄။ မက်တေယို ကိုဗာချစ် (မန်စီးတီး)

၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကနေ မက်တေယို ကိုဗာချစ်ကို ယူရို ၂၉.၁၀ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပပ် ဂွာဒီယိုလာဟာ သူ့ကို ဘာစီလိုနာ ပြောင်းသွားတဲ့ ဂန်ဒိုအန်ရဲ့ နေရာမှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ကိုဗာချစ်ကို လျှော့တွက်ဖို့ စောသေးပေမယ့်လည်း မန်စီးတီး ကွင်းလယ်မှာ စိုးမိုးထားနိုင်ဖို့ လုံလောက်တဲ့ ယှဉ်ပြိုင်မှု၊ တိုက်စစ်ကို ကူညီနိုင်စွမ်း ကတော့ မရှိတာ သေချာပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲ အထိ ပါဝင်ကစားပေးထားပြီးတဲ့ အချိန် အထိ ကိုဗာချစ်ဟာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ကြိမ်မှ မပြုလုပ်နိုင်သေးပါဘူး။


၃။ ကိုင် ဟာဗတ်ဇ် (အာဆင်နယ်)

ဒါပေမယ့်လည်း ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားခဲ့ရာမှာ ဂိုး ၃၀ အထိ ခွင့်ပြုခဲ့ရပြီး ပေးဂိုးမရှိတဲ့ ပွဲ ၆ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတဲ့ ကိုင် ဟာဗက်ဇ်

အာဆင်နယ်ဟာ ဒီနွေရာသီမှာ ချဲလ်ဆီးမှာ ခြေမပေါ်လို့ ချောင်ထိုးခံထားရတဲ့ ကိုင် ဟာဗတ်ဇ်လို ကစားသမားကို ယူရို ၇၅ သန်းနဲ့ ပေးဝယ်ခဲ့လို့ အားလုံး အံ့အားသင့်ခဲ့ကြပါတယ်။ ဒီရာသီ ၁၉ ပွဲ ပါဝင်ကစားပြီးချိန်မှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်သေးပြီး အဲဒီဂိုး ကလည်း ပင်နယ်တီ ကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု အပိုင်း မှာလည်း တစ်ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာကြောင့် ၎င်းရဲ့ ကြီးမားတဲ့ ငွေကြေးနဲ့ ပြောင်းရွှေ့မှုက အသင်း အတွက် အဓိပ္ပာယ်ရှိတဲ့ အကျိုးသက်ရောက်မှု မဖြစ်သေးဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု မှန်းနေတဲ့ အာဆင်နယ်မှာ ပွဲထွက်ခွင့်နေရာ အတွက် ယှဉ်ပြိုင်မှုက အလွန်ပြင်းထန်တာကြောင့် ဒီတိုင်းသာ ဆိုရင် ပွဲကစားချိန်က ပိုမိုနည်းပါးလာဖို့ပဲ ရှိပါတယ်။


၂။ အလက်ဆစ် မာ့ခ် အယ်လစ္စတာ (လစ်ဗာပူးလ်)

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကွင်းလယ်ကို သွေးသစ်လောင်းနိုင်ခဲ့ပုံပေါ်ပြီး မာ့ခ် အယ်လစ္စတာကို ယူရို ၄၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ် ကလည်း ကွင်းလယ် ကစားကွက် ကလည်း ပိုသွက်လာမယ်လို့ မျှော်လင့်ခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာ့ခ် အယ်လစ္စတာဟာ လစ်ဗာပူးလ်ကို ပြောင်းလာပြီးကတည်းက တော်တော်လေး အေးစက်နေခဲ့ပြီး ဒီရာသီ ၁၅ ပွဲ ပါဝင် ကစားပေးထားရာမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးဘဲ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာ ဖြစ်ပါတယ်။ မာ့ခ် အယ်လစ္စတာဟာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားနိုင်ပေမယ့်လည်း လစ်ဗာပူးလ် မျှော်မှန်းထားတာနဲ့တော့ တော်တော်လေး အလှမ်းကွာနေသေးတာ ဖြစ်ပါတယ်။


၁။ အန်ဒရီ အိုနာနာ (မန်ချက်စတာယူနိုက်တက်)

အန်ဒရီ အိုနာနာဟာ ဒီရာသီမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ အရင်ဆိုင်ရဆုံး ကစားသမား ဖြစ်လာပြီး ကင်မရွန်း ဂိုးသမားဟာ ဂိုးပေါက်မှာ အမှားအယွင်း အများအပြား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်ကို ယူရို ၅၂.၅၀ သန်း ပေးခဲ့ရတာကြောင့် အိုနာနာဟာ ဒဟဲယား အလွန် ဂိုးပေါက်မှာ စိတ်ချရတဲ့ လက်စွမ်းမျိုး ပြသမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားခဲ့ရာမှာ ဂိုး ၃၀ အထိ ခွင့်ပြုခဲ့ရပြီး ပေးဂိုး မရှိတဲ့ ပွဲ ၆ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ပြောရရင်တော့ အန်ဒရီ အိုနာနာရဲ့ စွမ်းဆောင်ရည် ကတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်