အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ သတင်းတချို့ကို စုစည်း ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။
ကူလီဘာလီဟာ စစ်မှန်တဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ ဂျော်ဂျင်ဟို
ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက နာပိုလီ အသင်းဖော်ဟောင်း ကူလီဘာလီနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ပြန်လည် ဆုံတွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ကူလီဘာလီဟာ “ စစ်မှန်တဲ့ ခေါင်းဆောင်” ဖြစ်တယ်လို့လည်း ချီးကျူးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးတို့ ပြီးခဲ့ တစ်ပတ်က နာပိုလီ ခံစစ်မှူး ကာလီဒူ ကူလီဘာလီကို ပေါင် ၃၃.၈ သန်း (ယူရို သန်း ၄၀) နဲ့ ခေါ်ယူခဲ့ပြီး ဆီနီဂေါ အသင်းခေါင်းဆောင်ဟာ လန်ဒန် ကလပ်နဲ့ ၄ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကူလီဘာလီဟာ နေပဲလ် အခြေစိုက် စီးရီးအေ ကလပ် အတွက် ၈ နှစ် အတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ၃၁၇ ပွဲ ကစားပေးခဲ့ပြီး ကိုပါအီတလီယာ ချန်ပီယံ တစ်ကြိမ်၊ စီးရီးအေ မှာတော့ ဒုတိယ ၃ ကြိမ် ရရှိအောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဂျော်ဂျင်ဟို ဟာ နာပိုလီမှာ ကူလီဘာလီနဲ့ ၂၀၁၄ ကနေ ၂၀၁၈ ခုနှစ် အထိ ၄ ရာသီ တွဲဖက် ကစားဖူးသူလည်း ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ကူလီဘာလီရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ချီးကျူးခဲ့ပြီးနောက် သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာချိန်မှာ ကူလီဘာလီနဲ့ ပြန်လည် ပေါင်းစည်းဖို့ အတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးတယ် လို့လည်း ဆိုပါတယ်။ ဂျော်ဂျင်ဟိုက “ကျွန်တော်တို့ ဒီအကြောင်းနဲ့ ပတ်သတ်လို့ အများကြီး ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော် ဒီကို မရောက်ခင် ကတည်းက ချယ်လ်ဆီးက သူ့ကို စိတ်ဝင်စားခဲ့တာပါ။ နောက်ဆုံးမှာ အမှန်တကယ် ဖြစ်သွားတဲ့ အတွက် အရမ်းကို ကောင်းပါတယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ သူဒီမှာ ရှိနေလို့ အရမ်းပျော်ပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ ဆိုရင် သူက ထက်မြက်တဲ့ နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။ လျင်မြန်တယ်၊ သန်မာတယ်။ ဘယ်/ညာ ခြေထောက် နှစ်ဖက်စလုံးနဲ့ ဘောလုံးကစားနိုင်တဲ့ အရည်အသွေး ရှိပါတယ်။ နောက်ပြီး သူက စစ်မှန်တဲ့ ခေါင်းဆောင် တစ်ယောက်ပါ။” လို့ ဂျော်ဂျင်ဟိုက ချီးကျုးသွားခဲ့ပါတယ်။
တတ်နိုင်သမျှ အားပေးကူညီမယ် ဆိုပေမယ့် မက်ဂွိုင်းယား ကိုယ်တိုင် ကလည်း ကြိုးစားဖို့ လိုကြောင်း တန်ဟက်ဂ်ပြော
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ်က သူ့အနေနဲ့ အခွင့်အရေး ရတိုင်း အားပေး ကူညီမှာ ဖြစ်ပေမယ့် နောက်ဆုံး မှာတော့ မက်ဂွိုင်းယား ကိုယ်တိုင်ကပဲ ကြိုးစားရမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ် အနေနဲ့ မက်ဂွိုင်းယား ကိုပဲ အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး အင်္ဂလန် နောက်ခံလူကို အများကြီး မျှော်လင့်ထားတယ် လို့လည်း ဆိုပါတယ်။
“မက်ဂွိုင်းယားက ခြေစွမ်းကောင်းနေလို့ သူ့ဆီကနေ အများကြီး မျှော်လင့်ပါတယ်။ အသင်းခေါင်းဆောင် ရာထူးကို လည်း အလေးအနက်ထား စဉ်းစားပြီးမှပဲ သူ့ကို ပေးခဲ့တာပါ။ အသင်း တစ်သင်းကို တည်ဆောက်တဲ့ နေရာမှာ ခေါင်းဆောင် လိုအပ်ပြီး၊ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ဆင် ကစားတဲ့ သူကလည်း အရေးကြီးပါတယ်။ သူ့ကို အသင်း ခေါင်းဆောင် တာဝန်ပေးထားတာကိုလည်း ကျွန်တော် ကျေနပ်ပါတယ်လို့” တန်ဟက်ဂ်က ပြောပါတယ်။
ဒါပေမယ့်လည်း မက်ဂွိုင်းယား အနေနဲ့ အသင်းခေါင်းဆောင် ဖြစ်နေတာကြောင့်တော့ ပွဲထွက်ခွင့်ရဖို့ မသေချာဘူးလို့ တန်ဟက်ဂ်က သတိပေးသွားခဲ့ပါတယ်။ “အသင်းမှာ ခံစစ်မှူး ကောင်းတွေ ရှိပြီး မက်ဂွိုင်းယားက သူတို့ထဲက တစ်ယောက် ဖြစ်ပါတယ်။ သူကညာသန် ဖြစ်ပေမယ့် ဗဟိုခံစစ်မှူး အဖြစ် သာမက ဘယ်ညာ နှစ်ဖက်စလုံးမှာ ကစားနိုင်ပါတယ်။ ယူနိုက်တက်လို အသင်းမျိုးမှာ ပွဲထွက်ခွင့် အတွက် အပြိုင်အဆိုင် ရှိဖို့ လိုအပ်ပါတယ်။
ကစားသမား ၁၁ ယောက် ရှိရုံနဲ့ အောင်ပွဲရဖို့ မလုံလောက်ပါဘူး။ အစုအဖွဲ့ကောင်း တစ်ခု တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်တို့ လာမယ့်ရာသီထဲမှာ ကစားရမယ့် ပွဲတွေ အများကြီး ရှိပါတယ်။ မက်ဂွိုင်းယားဟာ ပထမဦးစားပေး ကစားသမား ဖြစ်ခဲ့ပေမယ့် အနာဂတ်အတွက် သူ့ရဲ့ ခြေစွမ်းကို ဆက်ပြီး သက်သေပြနိုင်ဖို့တော့ လိုအပ်ပါတယ်။” လို့ တန်ဟက်ဂ်က ပြောကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုစလုံးမှာ ရုန်းကန်ခဲ့ရတာကြောင့် မက်ဂွိုင်းယားဆီက အသင်းခေါင်းဆောင် လက်ပတ်ကို ဒါးဗစ် ဒက်ဟဲယား သို့မဟုတ် ခရစ္စတီယာနို ရော်နယ်ဒို တို့ဆီ လွှဲပြောင်းပေးဖို့ အများစုက အကြံပြုထားကြပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ခံစစ်မှာ လင်ဒီလော့ဖ်၊ ဗာရန်း တို့အပြင် လီဆန်ဒရို မာတီနက်ဇ် ကိုလည်း ခေါ်ယူထားတာကြောင့် မက်ဂွိုင်းယား အနေနဲ့ ပွဲထွက်ခွင့်ရဖို့ မဖြစ်မနေ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။
ညာနောက်ခံလူ နေရာ အတွက် ဟာကီမီ၊ ဒမ်းဖရီးစ်နဲ့ ကလော့စ် တို့ကို စိတ်ဝင်စားနေတဲ့ တန်ဟက်ဂ်
ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ကတော့ အသင်းရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဒါးလော့တ်နဲ့ ဘစ်ဆာခါတို့ရဲ့ ခြေစွမ်းကို သိပ်ပြီး အားမရတာကြောင့် ပီအက်စ်ဂျီက အာချက်ဖ် ဟာကီမီနဲ့ အင်တာမီလန်က ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ နာမည်ကြီး သတင်းဌာန တော်တော်များများမှာ ဖော်ပြနေပါတယ်။
ဒါ့အပြင် ဒါးလော့တ်ဟာ တန်ဟက်ဂ်ရဲ့ တိုက်စစ် အသားပေး ကစားပုံနဲ့ ကိုက်ညီသူ ဖြစ်ပေမယ့် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း ပုံမှန် မရှိတတ်သလို ဝမ်ဘစ်ဆာခါ ကလည်း ခြေစွမ်းရော ယုံကြည်မှုပါ ပျောက်ဆုံးနေတာကြောင့် နယ်သာလန် လူမျိုး နည်းပြ အနေနဲ့ နောက်ထပ် ညာနောက်ခံလူ တစ်ဦး ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
လက်တလော ပရီးမီးယားလိဂ် ကလပ်ရဲ့ ညာနောက်ခံနေရာ အတွက် ဦးစားပေး ပစ်မှတ်ဟာ ဟာကီမီ ဖြစ်ပေမယ့် လန်းစ်က ဂျွန်နသန် ကလော့စ်နဲ့ အင်တာမီလန်က ဒန်ဇဲလ် ဒမ်းဖရီးစ် တို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဟာကီမီဟာ တန်ဟက်ဂ် သဘောကျတဲ့ ကစားသမား ဖြစ်ပြီး ခေါ်ယူဖို့လည်း စဉ်းစားနေပေမယ့် အနည်းဆုံး ပေါင် သန်း ၆၀ လောက် သုံးရနိုင်တာကြောင့် လွယ်ကူတဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့တော့ မရှိပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.