နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | နယူးကာဆယ် – မန်ချက်စတာစီးတီး (ပရီးမီးယားလိဂ်)

နယူးကာဆယ် – မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် (၃) အဖြစ် စိန့်ဂျိမ်းပါ့ခ်မှာ နယူးကာဆယ် ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဒီပွဲနဲ့ ပတ်သက်တဲ့ ပွဲကြိုအချက်အလက်တွေ အပြင် သုံးသပ်ချက် တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်း နှစ်သင်း တွေ့ဆုံတဲ့ ပွဲပါ။ ဆော်ဒီသူဌေး နောက်ခံနဲ့ အင်အားကြီး ထွားလာဖို့ တာစူနေတဲ့ နယူးကာဆယ်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၂ ပွဲစလုံး ရှုံးပွဲ မရှိခဲ့ပဲ ၄ မှတ် ရထားသလို ပေးဂိုးလည်း လုံး၀ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရာသီက အဓိက ကစားသမားတွေ နဲ့ပဲ အသင်းကို တည်ဆောက်ထားပြီး ကစားသမားသစ် အနည်းငယ်သာ ခေါ်ယူထားတဲ့ နယူးကာဆယ်က ဟန်ချက်ညီနေသလို ပုံမှန် ခြေစွမ်းမျိုး ပြသနေဆဲ ဖြစ်ပါတယ်။ နစ်ခ် ပုပ်နဲ့ ဆဗန် ဘော့တ်မန်း တို့ကို ခေါ်ယူလိုက်နိုင်တာ ကလည်း ခံစစ်ပိုင်းကို ပိုပြီး တောင့်တင်းစေခဲ့တယ်လို့လည်း ပြောလို့ ရပါတယ်။ ဂျိုးလင်တန်၊ ဂီမာရေးစ်နဲ့ ဝီလော့ခ် တို့လည်း ခြေစွမ်းပြနေလို့ ပြိုင်ဘက်တိုင်းကို ငှက်ကြားတွေ ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။

မန်စီးတီး ကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်း ဖြစ်သလို ကစားသမား အင်အား စုဖွဲ့မှု ကလည်း တကယ့်ကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ဒီနွေရာသီမှာ ပပ် ဂွာဒီယိုလာရဲ့ အသင်းက အာလင်း ဟာလန်း၊ ကယ်ဗင် ဖီးလစ်နဲ့ အယ်လ်ဗာရက်ဇ် တို့ ၃ ဦး ထပ်ပြီး ခေါ်ယူ အားဖြည့်ထားလို့ ပိုပြီးတော့တောင် တောင့်တင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ အဖွင့် ပွဲစဉ် ၂ ပွဲစလုံး အနိင်ရထားပြီး ဒီဘရိုင်းနား ပုံမှန် ခြေစွမ်းပြနေသလို ဟာလန်း ကလည်း ဂိုးသွင်းရုံမက ဂိုး ဖန်တီးမှုတွေပါ ပြုလုပ်နေတာ တွေ့ရပါတယ်။ ပြောရမယ် ဆိုရင် စီးတီးတို့ ဘယ်ကစားသမားကို သုံးသုံး ရလဒ် ကောင်းနေတာပါ။ ဘယ်ကွင်းမှာ ကစားရတယ် ဆိုတာက အရေးမကြီးပဲ ရလဒ်က သူတို့ အပေါ်မှာပဲ မူတည်နေတယ်လို့တောင် ပြောလို့ ရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ပရီးမီးယားလိဂ်မှာ နောက်ဆုံး တွေ့ခဲ့တဲ့ ၅ ကြိမ်စလုံး မန်စီးတီးက အနိုင်ရခဲ့ပြီး တစ်ပွဲကို ပျမ်းမျှအားဖြင့် အနည်းဆုံး ၃ ဂိုး နှုန်းတောင် သွင်းနိုင်ခဲ့ပါတယ်။
နယူးကာဆယ်ကို နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်စလုံး အနိုင်ရထားတဲ့ မန်စီးတီး

နယူးကာဆယ် – နစ်ခ်ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ အယ်လ်မီရွန်၊ ဂျိုးလင်တန်၊ ဂီမာရေးစ်၊ ဝီလော့ခ်၊ စိန့်မက်ဆီမင်၊ ကော်လမ် ဝီလ်ဆင်

မန်စီးတီး – အီဒါဆန်၊ ဝေါ်ကာ၊ ဒီယက်စ်၊ အကီ၊ ကန်ဆယ်လို၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ မာရက်ဇ်၊ ဟာလန်း၊ ဖိုဒန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ်မှာ နောက်ဆုံး တွေ့ခဲ့တဲ့ ၅ ကြိမ်စလုံး မန်စီးတီးက အနိုင်ရခဲ့ပြီး တစ်ပွဲကို ပျမ်းမျှအားဖြင့် အနည်းဆုံး ၃ ဂိုး နှုန်းတောင် သွင်းနိုင်ခဲ့ပါတယ်။ နယူးကာဆယ် အိမ်ကွင်းမှာ နောက်ဆုံး ၂ ပွဲ ဆက်တိုက် ၄ ဂိုးစီ သွင်းယူထားပါတယ်။ ခြေစွမ်းနဲ့ အစဉ်အလာ မှာတော့ မန်စီးတီး အပြတ်သာလွန်နေပြီး နယူးကာဆယ်က လက်ရှိ လူစာရင်းနဲ့ မန်စီးတီးကို ဘယ်လိုမှ ယှဉ်ဖို့ မဖြစ်နိုင်ပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 ဖွင့်လှစ်မှုမှာ မန်စီးတီးက အနိုင်ရရင်တောင်မှ ၁.၃၆ ဆ ပဲရမှာပါ။ တော်တော်လေးကို ပြင်းရှတဲ့ စျေးမျိုး ဖြစ်ပြီး နယူးကာဆယ်က ၈.၀ အထိတောင် ရမယ်လို့ ဖွင့်လှစ်ထားပါတယ်။ ဒီပွဲကို ဂိုးအများ ဖြစ်မယ်လို့ ယူဆရပါတယ်။ အကြောင်းကတော့ ဂိုးပေါင်းစျေးကို ၃လုံး ကနေ စဖွင့်ထားလို့ပါ။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေနဲ့ ဒိရာသီကစားပုံတွေကြောင့်လည်း ဂိုးပေါင်းစျေး ကလည်း မြင့်မားနေတာပါ။ နယူးကာဆယ် ဂိုးမပေးရသေးဘူး ဆိုပေမယ့် မန်စီးတီး တိုက်စစ် ကိုတော့ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီး ခြေစွမ်းမပြမှသာ ကာဆယ် မျှော်လင့်နိုင်မှာပါ။ မန်စီးတီး သေချာပေါက် အနိုင်ရဖို့ ရှိပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရဖို့ ရှိပါတယ်။ အကျိုးအမြတ် ရရှိမှု နည်းပါးနိုင်ပေမယ့် မန်စီးတီး ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပြီး ဂိုးပေါင်း အများနဲ့ တွဲဆော့တာက ပိုပြီး အကျိုးရှိပါလိမ့်မယ်။

ခန့်မှန်းရလဒ်

နယူးကာဆယ် ၁-၄ မန်စီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်