နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး ကွင်းလယ် ကြယ်ပွင့် ဆေးလ်ဗားကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ အတွက် ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီဟာ အခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပေါ်တူဂီ ကွင်းလယ်လူကို အရခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ ကွင်းလယ်လူဟာ မန်စီးတီးတို့ ၄ နှစ် ဆက်တိုက် ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဉ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးတို့ ၇ ရာသီ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံ ၆ ကြိမ် ဖြစ်ခဲ့ရာမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အနေအေးတဲ့ ကွင်းလယ် တိုက်စစ် ကစားသမားဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီး ကွင်းလယ်မှာ ဖီးလ် ဖိုဒန်၊ ကီဗင် ဒီဘရွန်းနား တို့နဲ့ အတူ ခြေစွမ်းပြနေပြီး သုံးနှစ်တာ ကာလ အတွင်း မကြာခဏ ဆိုသလို အက်တီဟတ် ကနေ စွန့်ခွာနိုင်ဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေကျ ကစားသမားလည်း ဖြစ်ပါတယ်။

ဆေးလ်ဗားကို ဘာစီလိုနာက ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ မှာထဲက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကမ်းလှမ်းဖို့ ငွေကြေး အလုံအလောက် မရှိတာကြောင့် ခက်ခဲနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကလည်း ဘာစီလိုနာနဲ့ အပြိုင် စိတ်ဝင်စားခဲ့ပေမယ့် အသေအချာ ကမ်းလှမ်းမှု မပြုလုပ်ခဲ့ပဲ စောင့်ကြည့်တဲ့ အဆင့်မှာပဲ ရှိခဲ့တာပါ။ ဒါကလည်း မန်စီးတီး ဘက်က ဆေးလ်ဗားကို လက်လွှတ်လိုခြင်း မရှိပဲ တန်ကြေးကို ပေါင် သန်း ၈၀ လောက် အထိ သတ်မှတ်ထားတာကြောင့်လည်း ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ၂၀၂၆ ခုနှစ် အထိ မန်စီးတီးနဲ့ ဇွန်လအထိ စာချုပ် သက်တမ်းတိုးခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ကလည်း ပေါင် သန်း ၅၀ အထိ ရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ကီလီယန် အမ်ဘာပေးရဲ့ နေရာမှာ အစားထိုးဖို့ ဆေးလ်ဗားကို ဒီအပြောင်းအရွှေ့ မှာတော့ အမှန်တကယ် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

90min ရဲ့ ဖော်ပြချက်အရ ဆိုရင် အမ်ဘာပေး ထွက်ခွာသွားတာကြောင့် ပီအက်စ်ဂျီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ လုံလောက်တဲ့ ငွေကြေး ပမာဏ ရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ အမ်ဘာပေး အတွက် အသုံးပြုနေရတဲ့ လုပ်ခလစာ အပါအဝင် အခွန်၊ သစ္စာစောင့်သိမှု ဘောနက်စ်၊ လူမှုဖူလုံရေး ငွေကြေး စုစုပေါင်း ယူရို သန်း ၂၀၀ ကျော်လောက် သက်သာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ် တာဝန် ရှိသူတွေ အနေနဲ့ တောင့်တင်းသွားတဲ့ ရန်ပုံငွေနဲ့ အတူ အသင်းကို ပြန်လည် တည်ဆောက်ရာမှာ အသုံးပြုသွားဖို့ ရှိပြီး သူတို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပထမဦးဆုံး ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် ပီအက်စ်ဂျီ အနေနဲ့ ဘာနာဒို ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို ၇၅ သန်း (ပေါင် ၆၃.၈ သန်း) နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဆေးလ်ဗားကို အသင်းမှာပဲ ဆက်ရှိနေစေချင်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေကို ပယ်ချထားခဲ့ပြီး ဘာစီလိုနာက ဂါဗီကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့်လည်း ဆေးလ်ဗားကိုပဲ အသေအချာ ကြိုးပမ်းလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဂါဗီဟာ ဘာစီလိုနာရဲ့ အနာဂတ် အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်