နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေဆဲ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဒီဆောင်းရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းကြီးနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက လက်ရှိမှာတော့ အသင်းနဲ့ အတူ ပြုံးရွှင်စွာနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီးတော့ လာမယ့် ပွဲစဉ်တွေမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဗြိတိန်မီဒီယာ တချို့ ကတော့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ အဆင်ပြေ ချောမွေ့စွာ လေ့ကျင့်ခန်း ပြန်ဆင်းနေသည့် တိုင်အောင် ဒီဆောင်းရာသီမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ စိတ်အားထက်သန်နေဆဲ ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အတွက် ကစားခွင့် မရခဲ့တဲ့ ပွဲစဉ်က ၉ ပွဲ အထိ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ ပွဲစဉ် ၆ ပွဲက အမော်ရင် ချန်လှပ်ခဲ့တာ ဖြစ်ပြီးတော့ နယူးကာဆယ်နဲ့ ပွဲမှာတော့ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ လစ်ဗာပူးလ်နဲ့ အာဆင်နယ် ၂ ပွဲ ဆက်တိုက် ကိုတော့ ရက်ရှ်ဖို့ဒ်က အဖျားဝေဒနာကြောင့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က ရက်ရှ်ဖို့ဒ်ကို ပြည်တွင်း ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဆီ လက်လွှတ်လိုခြင်း မရှိခဲ့တာကြောင့် အေးဂျင့် ဖြစ်သူက ပြည်ပ ကလပ်တွေနဲ့ ချိတ်ဆက် ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်

အခုလို ပွဲတွေ ဆက်တိုက် လွဲချော်နေချိန် အတွင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့် ဖြစ်သူက အေစီမီလန်၊ ဒေါ့မန်နဲ့ ဘာစီလိုနာ တို့လို အသင်းတွေနဲ့ ဆက်တိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ မှာတော့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာနဲ့ ဒေါ့မန် တို့ကသာ အငှားနဲ့ ခေါ်ယူချင်နေကြတာ ဖြစ်ပြီး အဓိက ကတော့ ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခ လစာက အခက်အခဲ ဖြစ်နေတာပါ။

ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ကစားသမား စာရင်း ကနေ ဆက်တိုက် ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဘက်ကလည်း ရက်ရှ်ဖို့ဒ်ကို လက်ရှိ ဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပြီး အမော်ရင် ကိုယ်တိုင် ကလည်း မီးစိမ်းပြထားပါတယ်။ အစောပိုင်းမှာ ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ် တချို့က လိုချင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က ရက်ရှ်ဖို့ဒ်ကို ပြည်တွင်း ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဆီ လက်လွှတ်လိုခြင်း မရှိခဲ့တာကြောင့် အေးဂျင့် ဖြစ်သူက ပြည်ပ ကလပ်တွေနဲ့ ချိတ်ဆက် ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က စပြီး ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်က နောက်ပိုင်း နှစ်တွေ မှာတော့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာခဲ့သလို ကြိုးစားလိုစိတ် မရှိတဲ့ ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ နည်းပြ အမော်ရင် ကတော့ ပုံမှန် ခြေစွမ်း မရှိတာနဲ့ ကွင်းတွင်း ကွင်းပြင်ပ နေထိုင်မှု ပုံစံတွေကြောင့် ရက်ရှ်ဖို့ဒ်ကို သဘောမကျတာလို့ သိရပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က အသင်းက သူ့ကို ရှင်းထုတ်ချင်ကြောင်း သတင်းတွေ ထွက်လာချိန် မှာလည်း စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ အသင့် ဖြစ်နေကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်