ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး အဆင့် ၄ အတွင်း ဝင်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဆားဗေ့ဂျ်
ရော်ဘီ ဆားဗေ့ဂျ်က ချဲလ်ဆီးက ယခုရာသီအစပိုင်းမှာ အထနှေးနေပေမယ့်လည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ် အနေနဲ့ လိဂ်ချန်ပီယံ မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။
ချဲလ်ဆီးဟာ ယခုရာသီသစ် နည်းပြသစ် ပိုချက်တီနို လက်အောက်မှာ ကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး လစ်ဗာပူးလ်ကို ၁-၁ သရေကျခဲ့ပြီးနောက်ပိုင်း လူတန်တောင်းကို အနိုင်ရရှိခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ်ဖောရက်စ် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆားဗေ့ဂျ်က ပိုချက်တီနိုက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဖြစ်နေတဲ့ အရာအားလုံးကို ပြောင်းလဲပေးနိုင်မယ်လို့ ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ပိုချက်တီနို နည်းပြ အဖြစ် ခန့်အပ်ခံရတဲ့အချိန်မှာ ကျွန်တော် တွေးမိခဲ့တာက ချဲလ်ဆီး အနေနဲ့ ထိပ်ဆုံး ၄ နေရာဝင်လိမ့်မယ် ဆိုတာပါပဲ။ ကျွန်တော် အဲဒါကို ယုံကြည်နေတုန်းပါပဲ။ သူတို့တွေက အရမ်းကောင်းမွန်တဲ့၊ ဆာလောင်နေတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ပိုချက်တီနိုလိုမျိုး နည်းပြနဲ့ အတူ သူက အသင်းတွေနဲ့ ကစားသမားတွေကို တိုးတက်အောင် လုပ်နိုင်ပါတယ်။ ချဲလ်ဆီးက ထိပ်ဆုံး ၄ နေရာထဲမှာပဲ ရာသီပြီးဆုံးနိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဥရောပပွဲ မကစားရလို့ အချိန်ပိုထွက်လာမှာက ပိုချက်တီနို အတွက် အရမ်းကို တန်ဖိုးရှိလာမှာပါ။ ခင်ဗျား သူတို့တွေ ခေါ်ယူခဲ့တဲ့ ကစားသမား အရေအတွက် ဘယ်လောက်တောင်များလဲ ဆိုတာ ကြည့်လိုက်ပါ။
ဒီအစုအဖွဲ့ကို တစ်စုတစည်းတည်း ဖြစ်အောင်နဲ့ သူကစားချင်တဲ့ ပုံစံအတိုင်း ကစားနိုင်အောင် လုပ်ဖို့က အချိန် အများကြီးယူရမှာပါ။ ပိုချက်တီနိုက တိုက်စစ်မှူး တစ်ယောက်က တစ်ရာသီ သွင်းဂိုး ၂၀ နဲ့ အထက် သွင်းယူနိုင်မယ့် ကစားကွက်ကို ရှာဖွေရမှာပါ။ ချဲလ်ဆီး အတွက် တစ်ရာသီ ဂိုး ၂၀ ကျော်သွင်းနိုင်ခဲ့တဲ့ နောက်ဆုံး ကျောနံပါတ် ၉ က ဒီယေဂို ကော်စတာ ဖြစ်ခဲ့ပါတယ်။ သူ အဲဒါကို လုပ်နိုင်တာနဲ့ ချဲလ်ဆီးက ဘက်ပေါင်းစုံမှာ တိုးတက်လာမှာ ဖြစ်ပြီး အချိန်ကြာလာရင် သူ့လက်အောက်မှာ ဆုဖလားတွေ အတွက် စတင် စိန်ခေါ်လာနိုင်ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိမယ်လို့ ကျွန်တော် ထင်တယ်။
သူလိုအပ်တဲ့ အကြီးမားဆုံးအရာက အချိန်ပါ။ ဂရေဟမ် ပေါ့တားက အချိန်မရခဲ့ဘဲ ဘုတ်အဖွဲ့နဲ့ တော့ဒ် ဘိုလီတို့က နည်းပြကို အချိန်ပေးဖို့ အရေးကြီးပါတယ်။ သူတို့တွေ အချိန်ပေးမယ် ဆိုရင် ချဲလ်ဆီးက ဆုဖလားတွေ အတွက် စတင် စိန်ခေါ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်” ဆားဗေ့ဂျ်က အာဆင်နယ်နဲ့ ပတ်သက်ပြီးလည်း ဟောကိန်းထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဂန်းနားတွေ အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ဖလားရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား မရနိုင်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆာလာ အတွက် ကမ်းလှမ်းမှုကို လက်ခံဖို့ ပြောကြားခြင်းခံခဲ့ရတဲ့ ကလော့ပ်
လစ်ဗာပူးလ်ဟာ ကြာသပတေးနေ့ ဆော်ဒီအာရေဗျ အပြောင်းအရွှေ့စျေးကွက်ပိတ်ချိန် မတိုင်ခင် အယ်လ် အစ်တီဟတ်ကနေ မိုဟာမက် ဆာလာ အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၁၅ သန်းနဲ့ ကမ်းလှမ်းမှုကို ရရှိဖွယ် ရှိနေပါတယ်။
အသက် ၃၁ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဆာလာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့ပြီး အယ်လ်အစ်တီဟတ်ရဲ့ ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှုကို မာဆေးဆိုဒ် ကလပ်က ပြီးခဲ့တဲ့အပတ်မှာ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ယာဂန် ကလော့ပ် ကလည်း ဆာလားကို ဘယ်လိုစျေးနဲ့မှ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အယ်လ်အစ်တီဟတ်က တိုးမြှင့်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေမှု ကိုတော့ မရပ်တန့်နိုင်တာ ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ အယ်လ်အစ်တီဟတ်ဟာ ထပ်ဆောင်း ပေးချေမှုတွေ ပါဝင်တဲ့ လက်ရှိ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးထက် ကျော်လွန်တဲ့ ပမာဏနဲ့ ဆာလာကို ကြာသပတေးနေ့ မတိုင်ခင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ပေါင် ၂၁၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ လစ်ဗာပူးလ် ဂန္တဝင် ဂျေမီ ကာရေဂါက ပြီးခဲ့တဲ့ အပတ်မှာ မိုဟာမက် ဆာလာကို ရောင်းထုတ်မယ့် အစီအစဉ်ကို သဘောမကျပေမယ့်လည်း ၎င်းရဲ့အသင်းဟောင်း အနေနဲ့ အီဂျစ် တိုက်စစ်မှူး အတွက် ပေါင်သန်း ၂၀၀ ကျော်နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ တတ်နိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကာရေဂါက ဆာလာထက် ၁ နှစ်၊ ၂ နှစ်လောက်ပဲ ပိုငယ်တဲ့ ဟယ်ရီ ကိန်းက စပါးစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာကြောင့် ပေါင်သန်း ၁၀၀ လောက်ပဲ ရခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီ ဆာလာက စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတာကြောင့် အဲဒီထက် ပိုလိုချင်မှာ ဖြစ်ပြီး ဆော်ဒီ စျေးကွက်သာ မရှိရင် ပေါင်သန်း ၁၅၀ ထက် ပိုရမှာ မဟုတ်ဘဲ အဲဒီပမာဏထက် ပိုများတဲ့ ပေါင်သန်း ၂၀၀ ကျော် ဖြစ်လာရင်တော့ ငြင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကလန် ရိုက်စ် အမ်းမရိတ်စ် ပြောင်းလာအောင် ဘယ်လို စည်းရုံးခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ ဆာကာ
အာဆင်နယ် ကြယ်ပွင့် ဘူကာယို ဆာကာက ဒီကလန် ရိုက် ဝက်စ်ဟမ်း ကနေ ကြီးမားတဲ့ နွေရာသီ အပြောင်းအရွှေ့ မပြုလုပ်ခင် အင်္ဂလန် အသင်းဖော်ကို အမ်းမရိတ်စ် ပြောင်းရွှေ့ချင်လာအောင် အားပေးခဲ့ပါတယ်။ ဒါ့အပြင် ဆာကာက မြောက်လန်ဒန်ဟာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် အတွက် နေရာမှန် ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး ဂန်းနားတွေ ဆီကို ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ရိုက်စ်ဟာ လျင်လျင်မြန်မြန်ပဲ အသားကျသွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲမှာ လက်ရှိအချိန် အထိ အမှတ်ရဖွယ် အကောင်းဆုံး အခိုက်အတန့်ကို စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို စိတ်ဝင်စားခဲ့တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းက ကြယ်ပွင့် ကစားသမားနဲ့ လမ်းခွဲချင်လာအောင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေခဲ့ရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.