နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနာဂတ် အတွက် မစဉ်းစားသေးကြောင်း ပြောလာတဲ့ မိုဟာမက် ဆာလာ | ပရီးမီးယားလိဂ်

အီဂျစ် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာက ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလာက အခုအချိန်မှာ အနာဂတ် အကြောင်း မစဉ်းစားထားဘဲ ပျော်ရွှင်စွာပဲ နေထိုင်လိုကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုဟာမက် ဆာလာဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဆာလာကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်က ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်က လက်မခံဘဲ ပယ်ချထားခဲ့ပါတယ်။ 

ဆာလာကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်က ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်က လက်မခံဘဲ ပယ်ချထားခဲ့ပါတယ်။
ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ လစ်ဗာပူးလ် အတွက် တစ်ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးခဲ့တဲ့ ဆာလာ

ဗြိတိန် အခြေစိုက် Sky Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ မိုဟာမက် ဆာလာက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မေးမြန်းမှု အပေါ် အခုလိုပဲ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ရာသီမစခင်တုန်းက ကျွန်တော့်မှာ တစ်နှစ်ကျန်သေးတယ်။ စာချုပ် အကြောင်း မစဉ်းစားဘဲ ပျော်ပျော်ပါးပါး နေရအောင်လို့ ကျွန်တော် တွေးထားတယ်။ လာမယ့် နှစ် ဒါမှမဟုတ် အနာဂတ် အကြောင်းကို ကျွန်တော် မတွေးချင်သေးဘူး။ ကျွန်တော့်ရဲ့ နောက်ဆုံး နှစ်ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်တယ်။ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ အရေးကြီးဆုံးက တစ်ရက်ချင်း အချိန်ယူဖို့ပါပဲ။ ဒီအသင်းမှာ ရှိနေခွင့်ရလို့ ဝမ်းသာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရိုးမား ကနေ လစ်ဗာပူးလ်ကို ပေါင် ၄၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အခု ရာသီ အပါအဝင် ရှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၃၅၁ ပွဲကစား၊ ၂၁၃ ဂိုး သွင်းယူပေးထားပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၉/၂၀၂၀ ပရီးမီးယားလိဂ် ဖလား၊ ၂၀၂၁/၂၀၂၂ အက်ဖ်အေဖလား၊ ၂၀၂၁/၂၀၂၂ ခရာဘောင်ဖလား ၊ ၂၀၂၂ ကွန်မြူနတီဒိုင်း၊ ၂၀၁၈/၁၉ ချန်ပီယံလိဂ်ဖလား၊ ၂၀၁၉ ဥရောပစူပါဖလား၊ ၂၀၁၉ ကလပ် ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။

မိုဟာမက် ဆာလာ အနေနဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်တွင် ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး လက်ရှိ စာချုပ်အရ အသင်း သမိုင်းတစ်လျှောက် လစာ အများဆုံး ကစားသမား အဖြစ် တစ်ပတ်လုပ်ခ လစာ ပေါင် သုံးသိန်းခွဲ အထိ ရရှိနေပါတယ်။ သူ့အနေနဲ့ နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာလည်း ခြေစွမ်းပြနေပြီး ရာသီ အဖွင့် ပွဲစဉ် နှစ်ပွဲမှာ နှစ်ဂိုး သွင်းယူထားခဲ့သလို ယူနိုက်တက်ကို ၀-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း တစ်ဂိုး သွင်းယူထားခဲ့ပါတယ်။ ဒါ့အပြင် ဆာလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန် အထိ ဂိုးဖန်တီးမှုလည်း ၃ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ အီဂျစ် လက်ရွေးစင် အသင်း မှာလည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားပြီး ပွဲပေါင်း ၁၀၀ ကစားကာ ၅၇ ဂိုး သွင်းယူပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်