မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်က ဝုဗ်နဲ့ ၂ ဂိုးစီ သရေကျပြီး ခြေထပ်ချော်ခဲ့ပါတယ်။ အာဆင်နယ်တို့ အမှတ်လျော့ခဲ့တာက မန်ချက်စတာစီးတီး အတွက်တော့ ဝမ်းသာစရာနဲ့ ကျေးဇူးတင်စရာ ဖြစ်ခဲ့မှာ သေချာပါတယ်။ အကယ်၍ ဒီတပတ် မှာသာ မန်ချက်စတာစီးတီးတို့ နိုင်ပွဲရခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံပြေးပွဲမှာ အာဆင်နယ်ကို ၂ မှတ် အကွာနဲ့ အနီးကပ်ဆုံး ခြိမ်းခြောက်နိုင်တော့မှာ ဖြစ်ပါတယ်။
ပွဲစဉ် (၂၆) ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး၊ အာတေးတားရဲ့ အာဆင်နယ်က ဘရန့်ဖို့ဒ်နဲ့ သရေကျပြီးနောက်မှာ မန်စီးတီး အတွက် ရမှတ် ကွာဟချက် ၄ မှတ် အထိ လျှော့ချနိုင်မယ့် အခွင့်အရေး ရရှိသွားခဲ့ပါတယ်။ ခရာဘောင်ဖလား ဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်းထားခဲ့တဲ့ ဝုဗ်နဲ့ ပွဲစဉ် မှာလည်း အာဆင်နယ်တို့ ၂ ဂိုးပြတ် ဦးဆောင်ပြီးမှ ပြိုင်ဘက်ရဲ့ Comeback လုပ်ခြင်း ခံခဲ့ရကာ အမှတ်လျော့ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးက အနီးကပ်ဆုံး ဖိအားပေးနေချိန်မှာ အာဆင်နယ် အတွက်တော့ လုံးဝအမှားမခံတဲ့ ရမှတ်တွေ ဖြစ်ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကို ကစားဖို့ စောင့်ရဦးမှာ ဖြစ်ပြီး၊ အဲဒီပွဲကို အနိုင်ရခဲ့ရင် အာဆင်နယ်နဲ့ ရမှတ် ကွာဟချက်က ၂ မှတ်ထဲသာ ကျန်တော့မှာ ဖြစ်လို့ ချန်ပီယံလုပွဲက ပိုပြီးရင်ခုန်စရာ ကောင်းလာတော့မှာပါ။

ဒါပေမယ့်လည်း Opta ရဲ့ စူပါကွန်ပြူတာ ကတော့ အာဆင်နယ်တို့ ဝုဗ်နဲ့ ပွဲမှာ အမှားအယွင်း ရှိခဲ့သည့် တိုင်အောင် အာဆင်နယ် ကိုပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ရွေးချယ်ထားဆဲပါ။ အာဆင်နယ်ဟာ ရမှတ် ၈၀ ဝန်းကျင်နဲ့ ဗိုလ်စွဲမယ်လို့ ခန့်မှန်းထားပြီး၊ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ စတုတ္ထမြောက် ရမှတ် အနည်းဆုံးနဲ့ ချန်ပီယံ ဖြစ်မယ့် မှတ်တမ်းလည်း ဖြစ်လာနိုင်ပါတယ်။ သို့ရာမှာတော့ အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက ၈၅.၈၁ ရာခိုင်နှုန်း ကနေ ၈၀.၉၂ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပါတယ်။ စူပါကွန်ပျူတာက မန်ချက်စတာစီးတီး ကိုတော့ အာဆင်နယ်ရဲ့ အနောက် ၆ မှတ် အကွာနဲ့ ရာသီသိမ်းမယ်လို့ ခန့်မှန်းထားပါတယ်။ အက်စတွန်ဗီလာ ကတော့ ချန်ပီယံဆု အတွက် မျှော်လင့်ချက် မရှိတော့ပေမယ့် တတိယနေရာမှာ ရပ်တည်နိုင်ဖို့ ရှိနေပြီး ဒါဟာ ၁၉၉၂-၁၉၉၃ နောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံး ရလဒ် ဖြစ်လာမှာပါ။
၂၀၂၅-၂၀၂၆ ဘောလုံး ရာသီမှာ အင်္ဂလန် ကလပ်တွေ အနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့တာကြောင့် ပရီးမီးယားလိဂ် ကနေ ၅ သင်း အထိ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ရှိနေပါတယ်။ ဒါကြောင့် အဆင့် ၄ နဲ့ ၅ နေရာတွေ အတွက် လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေကြပါတယ်။
လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ အာနေး ဆလော့တ်ရဲ့ ပထမဆုံးရာသီမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ခြင်း မရှိတော့ပေမယ့် အဆင့် ၄ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တော့ အခွင့်အရေး အများဆုံး ရှိနေပါတယ်။ ချဲလ်ဆီး ကတော့ လီယမ် ရိုစီနီယာရဲ့ လက်အောက်မှာ ခြေစွမ်းပြနေပြီး လစ်ဗာပူးရဲ့ အနောက်မှာ ကပ်လျက် ရှိနေပါတယ်။ ဒါပေမယ့် မကြာသေးခင်က လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာလို ခြေချော်ခဲ့ရင်တော့ အခွင့်အရေး ဆုံးရှုံးသွားနိုင်ပါတယ်။
မိုက်ကယ် ကာရစ်ခ်ရဲ့ ယူနိုက်တက် ကတော့ ခြေစွမ်းတက်နေပေမယ့် စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရတော့ အဆင့် ၆ နဲ့ပဲ ရာသီသိမ်းပြီး ယူရိုပါလိဂ် နဲ့ပဲ ကျေနပ်ရဖို့ ရှိနေပါတယ်။ တခြား အသင်းတွေ ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ဘုန်းမောက် ကတော့ ဥရောပဝင်ခွင့် အတွက် အားထုတ်နေကြပြီး ဘရန့်ဖို့ဒ်က အသာစီးရနေပါတယ်။ နယူးကာဆယ်နဲ့ အဲဗာတန် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခွင့်အရေးက ၁.၀၇ ရာခိုင်နှုန်းသာ ရှိနေပြီး၊ ယူရိုပါလိဂ် ဝင်ခွင့် အတွက်လည်း ၃.၀၅ ရာခိုင်နှုန်းသာ ရှိတော့တဲ့ အတွက် အခြေအနေ မကောင်းလှပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


