နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်း အနည်းငယ် ပိုသာနေတဲ့ ဝုဗ် ဘက်မှာ အရဲစွန့် ရပ်တည်ချင်ပါတယ် | ဘရိုက်တန် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘရိုက်တန် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဒီတစ်ပတ် ကြာသပတေးနေ့ မနက် ၂ နာရီမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ထဲက ဘရိုက်တန်နဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် တို့ရဲ့ ပွဲနဲ့ ပတ်သတ်လို့ ပွဲကြိုခန့်မှန်းချက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။

ဘရိုက်တန်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ ၁၀ ပွဲမှာ အက်စတွန်ဗီလာနဲ့ မန်စီးတီးတို့ ပွဲစဉ် ၂ ပွဲမှာ ရှုံးနိမ့်ထားခဲ့တာ ကလွဲရင် ကျန်ပွဲစဉ် အားလုံးမှာ သရေကျထားပါတယ်။ ရာသီ အစမှာ ခြေစွမ်းကောင်းတွေနဲ့ အမှတ်ပေးဇယား ထိပ်ပိုင်း အထိပါ ရောက်ခဲ့ပေမယ့် ပွဲဆက် များလာတာနဲ့ အမျှ ဂရေဟမ် ပေါ်တာရဲ့ အသင်းက စွမ်းဆောင်ရည် ကျဆင်းလာတာ တွေ့ရပြီး နိုင်ပွဲတွေ ရှာဖွေဖို့ တော်တော်လေး ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ ဝက်စ်ဟမ်း တို့လို အသင်းတွေကို သရေ ကစားထားနိုင်တဲ့ ဘရိုက်တန်ရဲ့ ခြေစွမ်းကို လျှော့တွက်လို့တော့ မရပါဘူး။ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ သရေပွဲ အများဆုံး အသင်း ဖြစ်နေတဲ့ ဘရိုက်တန်တို့ အခုပွဲ မှာလည်း အစဉ်အလာအရ အမြဲတမ်း အသာရခဲ့တဲ့ ဝုဗ်ကို အနိမ့်ဆုံး သရေ ၁ မှတ် ရအောင် ကစားဖို့တော့ ရည်ရွယ်လာပါလိမ့်မယ်။ တစ်ချက် ရှိတာက ဘရိုက်တန်မှာ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ရှိနေတာ ဖြစ်ပြီး ရှိန်းဒက်ဖီ၊ လီဝစ် ဒန့်ခ်၊ အဒမ် ဝက်ဘ်စတား၊ ဂျိုဝဲလ် ဗဲလ်တ်မန်း၊ စတီဗင် အဲလ်ဇိတ်၊ ဝဲလ်ဘတ်၊ လယ်လာနာတို့ အားလုံး လွဲချော်ဖို့ ရှိနေပါတယ်။

စီးရီးအေ
လာဇီယို
ဂျီနိုအာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဝုဗ် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ မန်ချက်စတာစီးတီးကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARတို့ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ၁-၀ ရလဒ်နဲ့ ကပ်ပြီး ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်တို့ ဘရိုက်တန်နဲ့ ၁ မှတ်သာ ကွာဟနေလို့ ဒီပွဲ မှာသာ ရလဒ်ဆိုးခဲ့ရင် အဆင့် ထပ်ကျသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတာ ကိုတော့ သတိပြုရမှာပဲ ဖြစ်ပါတယ်။ ရာအူးလ် ဂျင်မီနက်ဇ်နဲ့ ဟီချန်ဟွမ်တို့ ခြေစွမ်း မပြနိုင်တဲ့ အချိန်မျိုးဆို တိုက်စစ်က ဂိုးရဖို့ ရုန်းကန် ရတတ်လို့ Final Third ပြသနာကို ဘရူနိုလာဂါ အနေနဲ့ ဘယ်လို ပုံစံနဲ့ ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ အခုပွဲ မှာတော့ ဝုဗ်မှာ ရာအူးလ် ဂျင်မီနက်ဇ် ပွဲပယ်ပြသနာကြောင့် လွဲချော်ဖို့ ရှိပြီး ဒဏ်ရာက မသက်သာသေးတဲ့ ပက်ဒရို နီတို၊ မော့စ်ကီယာ၊ ကတ်စ်ထရို တို့လည်း ပါဝင် ကစားနိုင်ဖို့ မရှိသေးဘူးလို့ သိရပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘရိုက်တန်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ဒီနှစ်သင်း ကတော့ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်သာ ရှိထားပြီး ဝုဗ်က ၁ ကြိမ်နိုင်၊ ဘရိုက်တန်က ၁ ကြိမ် နိုင်၊ ၄ ကြိမ် ကတော့ သရေ ရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ပထမအကျော့ ဘရိုက်တန် ကွင်းမှာ ၃ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့ မိုလီနစ်ကွင်း မှာတော့ ဝုဗ်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘရိုက်တန် – ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်အချိန်ပြည့် 1X2 ဧည့်သည် @ 3.05
ဒီဇင်ဘာလ ၁၇ ရက်၊ ည ၂:၀၀နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ ဘရိုက်တန် အတွက် ၂.၂၈ ဆ၊ သရေ အတွက် ၃.၀၅ ဆ၊ ဝုဗ် အတွက် ၃.၃၀ ဆ ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ အစဉ်အလာအရ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံချိန်တိုင်းမှာ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ခဲ့တာ ရှားပြီး လက်ရှိ ခြေစွမ်းပိုင်း အရလည်း အနိုင်/အရှုံး အဖြေပေါ်ဖို့ ခက်ခဲပါတယ်။ ရွေးချယ်မှု တစ်ခု အရ ဆိုရင်တော့ ခြေစွမ်း အသင်းလိုက် ကစားပုံ ပိုကောင်းနေတဲ့ ဝုဗ်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။
ခန့်မှန်းရလဒ်(၀-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်