နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ဖလားသုံးလုံး ယူခွင့် မပေးဘူးလို့ ပြောလိုက်တဲ့ တန်ဟက်ဂ်၊ အောင်မြင်မှုတွေ ဆာလောင်နေတုန်းပဲ ဆိုတဲ့ ဒက်ဟဲယား (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မန်စီးတီးကို ဖလားသုံးလုံး ယူခွင့် မပေးဘူးလို့ ပြောလိုက်တဲ့ တန်ဟက်ဂ်၊ အောင်မြင်မှုတွေ ဆာလောင်နေတုန်းပဲ ဆိုတဲ့ ဒက်ဟဲယား အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးကို ဖလားသုံးလုံး ယူခွင့် မပေးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ယူနိုက်တက် အနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ဖလားသုံးလုံး အိပ်မက်ကို တားဆီးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘရိုက်တန်ကို ပင်နယ်တီ အဆုံအဖြတ်နဲ့ အနိုင်ယူကာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီးနောက် မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေကာ တရာသီအတွင်း ဖလား ၃ လုံးအိပ်မက်ကို မက်နေတာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ဒီလို စွမ်းဆောင်ရည်မျိုးကို ယူနိုက်တက် တသင်းတည်းကသာ လုပ်ပြထားနိုင်ခဲ့ဖူးပြီး မန်စီးတီးက အလားတူ လိုက်လံ လုပ်ပြနိုင်မယ့် အခွင့်အရေးကို မပေးနိုင်ဘူးလို့ တန်ဟက်ဂျ်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

“ ယူနိုက်တက် ပရိသတ်တွေဆီက ခံစားချက်ကို ကျနော် ကောင်းကောင်း သိပါတယ်၊ ဒီပွဲနဲ့ ပတ်သက်ပြီးတော့ပေါ့၊ မန်စီးတီးကို အနိုင်ရရှိဖို့ အတွက် ကျနော်တို့ ပေးနိုင်သမျှ အရာအားလုံး ပေးပြီးတော့ ကစားသွားမှာပါ၊ ပြီးတော့ ဒီရာသီ အတွက် ဒုတိယမြောက် ဆုဖလား ကိုလည်း ရယူချင်တယ်၊ ကျနော် ကိုယ်စွမ်းဉာဏ်စွမ်း ရှသလောက်အထိ ကြိုးစားသွားမှာပါ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ကလည်း ဒီလိုဖြစ်လာဖို့ အတွက် ကြိုးစားကြမှာပါ” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။


အောင်မြင်မှုတွေကို ဆာလောင်နေတုန်းပဲလို့ ဆိုလိုက်တဲ့ ဒက်ဟဲယား

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒါးဗစ် ဒက်ဟဲယားက အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် သူတို့ အသင်း အနေနဲ့ အောင်မြင်မှုတွေကို ဆာလောင်နေတုန်းပဲလို့ ပြောဆိုလိုက်ပါတယ်။ စပိန် ဂိုးသမားဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ပွဲချိန် အတွင်း လက်စွမ်းပြ ကာကွယ်မှုတချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ ထုံးစံအတိုင်း မကာကွယ်နိုင်ခဲ့ဘဲ မာ့ချ်ရဲ့ ကန်ချက် ဘားတန်း ကျော်သွားလို့သာ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့တာပါ။

"ကျနော်တို့ နောက်ထပ် ဗိုလ်လုပွဲတခုကို ရောက်ခဲ့ပါပြီ၊ ဒါပေမယ့် ကြာသပတေးနေ့မှာ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း ကစားရပါဦးမယ်၊
ဆုဖလား အောင်မြင်မှုတွေ ဆာလောင်နေတုန်းပဲလို့ ပြောဆိုလိုက်တဲ့ ဒါးဗစ် ဒက်ဟဲယား

ဒီလို ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့လို့ အဲရစ်ခ် တန်ဟက်ဂျ်ရဲ့ အသင်းဟာ ပြည်တွင်းဖလား ပြိုင်ပွဲ ၂ ခု စလုံးမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ကာရာဘောင်ဖလား ကိုတော့ ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင် သူ့ရဲ့ ယူနိုက်တက် နည်းပြဘ၀ ပထမဆုံး ရာသီမှာပဲ ဖလား ၂ လုံးသိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။

“ ကျနော်တို့ နောက်ထပ် ဗိုလ်လုပွဲ တခုကို ရောက်ခဲ့ပါပြီ၊ ဒါပေမယ့် ကြာသပတေးနေ့မှာ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း ကစားရပါဦးမယ်၊ ဒါကြောင့် အခု အိမ်ကို ပြန်ပြီးတော့ အဲဒီပွဲအမီ ကြံ့ခိုင်မှု ပြည့်၀အောင် ကြိုးစားပြီး နောက်ထပ် ပြင်ဆင်ရပါဦးမယ်၊ ဗိုလ်လုပွဲ ကတော့ လိုပါသေးတယ်၊ ဥရောပရဲ့ အကောင်းဆုံး အသင်း တသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့်လည်း သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ကျနော်တို့ သက်သေပြပြီးသားပါ၊ ဆုဖလားတလုံး ရယူထားနိုင်ပြီး နောက်ထပ် ဗိုလ်လုပွဲကို တက်ရောက်ထားသလို ထိပ်ဆုံး လေးသင်း စာရင်းထဲမှာလည်း ကျနော်တို့ ရှိနေပါတယ်” လို့ ဒက်ဟဲယားက ပြောဆိုခဲ့ပါတယ်။


ဝက်ဂ်ဟော့စ်ရဲ့ အနမ်းတချက်အောက်မှာ ကြွေလွင့်ခဲ့ရတဲ့ မာ့ချ်

မန်ချက်စတာယူနိုက်တက်-ဘရိုက်တန်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန် ယူနိုက်တက် တိုက်စစ်မှူး ဝတ် ဝက်ဂ်ဟော့စ် တယောက် ပြိုင်ဘက်ကစားသမား ဘောလုံးကန်ခါနီးမှာ ဘောလုံးကို နမ်းရှုံ့ခဲ့ပုံက ရေပန်းစားနေပါတယ်။ ဝက်ဂ်ဟော့စ်က သူ ကန်သွင်းပြီးချိန်မှာ ဘောလုံးကို ပွေ့ပိုက်ထားခဲ့ပြီး ဘရိုက်တန်ဘက်က ကန်သွင်းမယ့် မာ့ချ်ကို မပေးခင်မှာ နမ်းရှုံ့သွားခဲ့တာပါ။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 4.10
ဂိုးပေါ် 3.00 @ 2.56
ဂိုးပေါင်း 0-1 @ 3.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနောက်မှာတော့ မာ့ခ်ျက ကန်သွင်းခဲ့ချိန်မှာ ဘောလုံးက ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။ ယူနိုက်တက် ဘက်က လင်ဒီလော့ဖ်က ကန်သွင်းခဲ့ရာမှာ ဂိုးဝင်ခဲ့ပြီး ယူနိုက်တက်တို့ အနိုင်ရကာ အက်ဖ်အေ ဗိုလ်လုပွဲ တက်ခဲ့တာပါ။ ပရိသတ်တွေ ကတော့ ဝက်ဂ်ဟော့စ်က မာ့ချ်ကို mind game လုပ်ခဲ့တယ်လို့ ယူဆခဲ့ကြပြီး မာ့ချ်လွဲချော်ခဲ့ချိန်မှာတော့ ဝက်ဂ်ဟော့စ်ရဲ့ ကျိန်စာသင့်သွားပြီလို့ကို တင်စားခဲ့ကြပါတယ်။

ဘောလုံးကို နမ်းရှုံ့နေချိန်မှာလည်း ဝက်ဂ်ဟော့စ်က မာ့ချ်ကို စိုက်ကြည့်သွားခဲ့ပြီး ပြိုင်ဘက်ကို အာရုံစူးစိုက်မှု မရအောင် လုပ်သွားခဲ့တယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မာ့ချ်က လွဲချော်ခဲ့လို့ ဝက်ဂ်ဟော့စ်ရဲ့ လုပ်ရပ်က အကျိုးရှိခဲ့ပြီး ယူနိုက်တက်တို့ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာတော့ အမှန်ပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်