ခေတ်သစ် ဘောလုံး အသင်း တစ်သင်း အတွက် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ပိုင်ဆိုင်ထားခြင်းဟာ အဖိုးတန်ဆုံး အရင်းအနှီး တစ်ခု ဖြစ်ပါတယ်။ သမိုင်းတလျှောက် အောင်မြင်ခဲ့တဲ့ အသင်းတိုင်းမှာ ဂိုးသွင်းယူပြီး ပွဲစဉ်တွေနဲ့ ဆုဖလားတွေကို အနိုင်ယူပေးမယ့် ‘ဂိုးသွင်းရှင်’ တွေရော၊ အဲဒီဂိုးတွေ ဖြစ်လာအောင် ဖန်တီးပေးမယ့် ‘ဂိုးဖန်တီးရှင်’ တွေပါ ရှိနေတတ်ကြပါတယ်။ ပရီးမီးယားလိဂ် မှာလည်း ဒီအတိုင်းပါပဲ။ ဆုဖလားကို ကိုင်မြှောက်နိုင်တဲ့ အသင်းတိုင်းမှာ သွေးအေးတဲ့ တိုက်စစ်မှူးတွေ၊ လျင်မြန် ဖြတ်လတ်တဲ့ တောင်ပံကစားသမားတွေနဲ့ ပါးနပ်ပြီး ဆန်းသစ်တဲ့ တိုက်စစ် ကစားသမားတွေ အမြဲတမ်း ပါဝင်နေလေ့ ရှိပါတယ်။ အခုတခါမှာတော့ Sports Illustrated က ရွေးချယ်ခဲ့တဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ် ကစားသမား ၅ ဦးကို ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၅။ မိုဟာမက် ဆာလာ
မိုဟာမက် ဆာလာသာ မရှိရင် လစ်ဗာပူးလ်ဟာ ဒီနေ့ခေတ်မှာ ဒီလောက် အထိ အင်အားကြီးမားတဲ့ အသင်း တစ်သင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ ရိုးမား ကနေ ရောက်ရှိလာစဉ်က သူ့အပေါ်မှာ ‘ချဲလ်ဆီးမှာ ကျရှုံးခဲ့သူ’ ဆိုတဲ့ တံဆိပ်ကပ်ခံခဲ့ရပေမယ့် သူကိုယ်တိုင်က ပြဿနာ မဟုတ်ဘဲ စတန်းဖို့ဒ်ဘရစ်ချ် ကသာ သူ့အတွက် ပြဿနာ ဖြစ်ခဲ့ကြောင်းကို ချက်ချင်း သက်သေပြနိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ သူဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားတဲ့ နိုင်ငံခြားသား ကစားသမား ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ ရွှေဖိနပ်ဆု ၄ ကြိမ်နဲ့ PFA, FWA တစ်နှစ်တာ အကောင်းဆုံးဆုတွေကို ၃ ကြိမ်စီ ရရှိထားတဲ့ ‘အီဂျစ်ဘုရင်’ ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နီးပါး ကာလ အတွင်း သူ့ကို ဟန့်တားခဲ့တဲ့ ခံစစ်တိုင်းနဲ့ ကစားသမားတိုင်းကို သူ့ရဲ့ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။
၄။ အလန် ရှီးယား
ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးအများဆုံး သွင်းထားတဲ့ စံချိန်ရှင် အလန် ရှီးယားကို ဒီစာရင်းမှာ မဖြစ်မနေ ထည့်ရပါလိမ့်မယ်။ သူဟာ ဘလက်ဘန်း (၁၉၉၄-၉၅ ရာသီမှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူ) နဲ့ နယူးကာဆယ်တို့ အတွက် စုစုပေါင်း ၂၆၀ ဂိုး အထိ သွင်းယူခဲ့ပါတယ်။
ရှီးယား ကိုယ်တိုင် ကတော့ သဘောတူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် ခွန်အား၊ ရုပ်ပိုင်းဆိုင်ရာ အသာစီးရယူမှုနဲ့ ပြင်းထန်တဲ့ ကန်ချက်တွေကို အခြေခံထားတဲ့ သူ့ရဲ့ ကစားဟန်ဟာ နည်းစနစ်ပိုင်း ပိုမို အားကောင်းလာတဲ့ ဒီနေ့ခေတ် ဘောလုံးလောကနဲ့တော့ အံဝင်ခွင်ကျ ဖြစ်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ခေတ် တစ်ခေတ် စတင် တည်ထောင်ခါစ နှစ်တွေ မှာတော့ သူဟာ အကောင်းဆုံး ‘ဂိုးသွင်းစက်ကြီး’ တစ်လုံး ဖြစ်ခဲ့တာ ကိုတော့ လုံးဝ ငြင်းလို့ ရမှာ မဟုတ်ပါဘူး။
၃။ ဝိန်း ရွန်နီ
ဝိန်း ရွန်နီဟာ ပရီးမီးယားလိဂ်မှာ ၂၀၈ ဂိုး သွင်းယူထားနိုင်တဲ့ ဂိုးသွင်းကောင်းသူ တစ်ယောက် ဖြစ်သလို၊ မန်ချက်စတာယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၅၃ ဂိုးနဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဂိုးသွင်းရုံသက်သက်ထက် အများကြီး ပိုပါတယ်။
မမောမပန်း ကြိုးစား အားထုတ်မှုနဲ့ မွေးရာပါ နည်းစနစ်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရွန်နီဟာ ပွဲတစ်ပွဲကို နည်းလမ်းမျိုးစုံနဲ့ လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဝေးလံတဲ့ နေရာ ကနေ ပေးပို့မှုတွေ လုပ်နိုင်သလို၊ အသင်းရဲ့ တိုက်စစ်ပိုင်းကို ချိတ်ဆက်ပေးတာ၊ ကွင်းလယ် အထိ ဆင်းပြီး ကစားကွက် ပုံဖော်တာ၊ ဒါမှမဟုတ် ခံစစ်အထိပါ ဆင်းကူတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ရယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဘက်စုံတော်တဲ့ အရည်အချင်း အပေါ် အသိအမှတ်ပြုမှုတွေက နည်းပါးခဲ့ပါတယ်။
၂။ ခရစ္စတီယာနို ရော်နယ်ဒို
မန်ချက်စတာယူနိုက်တက်ကို စရောက်ကာစမှာ အကွက်တွေ အလွန်ပြတတ်တဲ့ လူငယ်လေး တစ်ယောက် အဖြစ် ကနေ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာဖို့ ရော်နယ်ဒိုဟာ ၃ နှစ်လောက်ပဲ အချိန်ယူခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် မှာတော့ ၄၂ ဂိုးအထိ သွင်းယူပြီး ယူနိုက်တက်ကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဘယ်လွန်ဒေါဆုလည်း ရခဲ့ပါတယ်။
အဲဒီနောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၁ ခုနှစ် (အသက် ၃၆ နှစ် အရွယ်) မှာ အိုးထရက်ဖို့ဒ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အသက်အရွယ် ရနေပြီ ဖြစ်ပေမဲ့ ပြန်လာတဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပြန်လာမှုဟာ သူ့ကို ပရီးမီးယားလိဂ် ဂန္ထဝင် အဖြစ် ခိုင်မာစေခဲ့သလို၊ သူထွက်သွားတဲ့ နှစ်တွေ အတွင်း ကလပ် အသင်းရဲ့ အဆင့်အတန်း ဘယ်လောက် အထိ နိမ့်ကျသွားခဲ့သလဲ ဆိုတာ ကိုလည်း မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။
၁။ သီယာရီ အွန်နရီ
သီယာရီ အွန်နရီ ကတော့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ယောက်လို့ ဆိုရပါမယ်။ လျင်မြန်တဲ့ အရှိန်အဟုန် (ပရီးမီးယားလိဂ်မှာ အမြန်ဆုံး ကစားသမား အဖြစ် စံချိန်တင်ထားဆဲ)၊ သန်မာတဲ့ ခန္ဓာကိုယ်၊ ထူးခြားတဲ့ နည်းစနစ်နဲ့ ဂိုးသွင်းယူနိုင်စွမ်းတွေ အားလုံးကို ပိုင်ဆိုင်ထားသူပါ။ အရှိန်နဲ့ ကျော်ဖြတ်လို့ မရရင်တောင် နည်းစနစ်နဲ့ လှည့်စား ကျော်ဖြတ်နိုင်ပြီး ခြေနှစ်ဖက်စလုံးနဲ့ တိကျတဲ့ ကန်ချက်တွေကို ပိုင်ဆိုင်ထားပါတယ်။
သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က ခေါင်းတိုက်တာ ဖြစ်နိုင်ပေမယ့် သူ့ရဲ့ တခြား စွမ်းဆောင်ရည်တွေနဲ့ ယှဉ်ရင်တော့ ဒါက အသေးအဖွဲလေးသာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေမှာ အွန်နီကို ဘယ်သူမှ မဟန့်တားနိုင်ခဲ့ပါဘူး။ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ် အတွင်း ၅ ရာသီတည်း မှာတင် ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်နဲ့ သွင်းဂိုး ၁၃၀ ရယူနိုင်ခဲ့တာ ကပဲ သူဟာ အဆင့် ၁ ဖြစ်ကြောင်း သက်သေခံနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


