နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ရလဒ်ကောင်းနေတဲ့ အာဆင်နယ်ကိုပဲ အပြည့်အဝ ယုံကြည်ထားချင်ပါတယ် | အာဆင်နယ် – ဝက်စ်ဟမ်းယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ဝက်စ်ဟမ်းယူနိုက်တက်

ပရီးမီးယားလိဂ် အိမ်ကွင်း ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်တဲ့ အာဆင်နယ်တို့ အခု တစ်ပတ် ကြားရက် မှာတော့ ဝက်စ်ဟမ်းကို အန်းမရိတ်စ်မှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ အတက်ဘက် ရောက်နေတဲ့ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သလို လန်ဒန် ဒါဘီ ပွဲစဉ် ဖြစ်နေတာကြောင့်လည်း ပရိသတ် အကြိုက် စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

အာဆင်နယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၂ မှတ်ပဲ ကွာဟပြီး အဆင့် ၅ နေရာက ယူနိုက်တက်နဲ့ ၁ မှတ်ပဲ ကွာဟနေတာ တွေ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ် ဆိုးရွားလွန်းနေပေမယ့် အိမ်ကွင်း ပွဲစဉ် တွေမှာ ဆိုရင်တော့ ပုံစံကောင်း တစ်ခုနဲ့ အတူ နိုင်ပွဲ ရှာဖွေထားနိုင်တဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်တို့ နိုင်ပွဲ ဆက်ရေး ကျိန်းသေပေါက် အားစိုက်လာဖို့ ရှိပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၁၁ ဂိုး ရထားပြီး ၁ ဂိုးသာ ပြန်ပေးထားရတာတဲ့ အခြေအနေက မီခယ်အတေးတားရဲ့ အသင်း အိမ်ကွင်း စွမ်းဆောင်ရည် ဘယ်လောက် ကောင်းတယ် ဆိုတာ သက်သေပြနေ သလိုပါပဲ။ အဲဗာတန်နဲ့ အဝေးကွင်း ပွဲစဉ်မှာ မီခယ် အာတေးတားရဲ့ နည်းဗျူဟာ အမှားတွေနဲ့ ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့် ရှုံးပွဲ တွေ့ခဲ့ရတဲ့ ဂန်းနားတို့ ဆောက်သမ်တန်နဲ့ ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းနဲ့ ပေးဂိုး မရှိ ဂိုးပြတ် နိုင်ပွဲ ပြန်ရထားတာ တွေ့ရပါတယ်။ တစ်ချက် ရှိတာက အာဆင်နယ်တို့ အိမ်ကွင်းမှာ အနိုင်ရထားတဲ့ အသင်းတွေဟာ အမှတ်ပေးဇယား အောက်ဆုံးက အသင်းတွေ ဖြစ်နေတာကြောင့် ဝက်စ်ဟမ်းလို အသင်းကောင်း တစ်သင်း ဆီက အနိုင် ၃ မှတ် အလွယ်တကူ ရဖို့ မဖြစ်နိုင်ပါဘူး။ တိုက်စစ်မှူး အော်ဘာမီယန်း ကတော့ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဦးမှာ မဟုတ်သလို ကိုလာဆီနက်ချ်နဲ့ ဘန်လန်နို တို့လည်း ဒဏ်ရာပြသနာတွေကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
ဝုဖ်ဘတ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဝက်စ်ဟမ်း ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေနဲ့ ဂိုးမရှိ သရေကျပြီး အဝေးကွင်း ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ဒီရာသီမှာ အကောင်းပုံစံ ရနေပေမယ့် နောက်ပိုင်း ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်တွေ မှာတော့ ခက်ခဲနေတာ တွေ့ရပါတယ်။ ဥရောပ ပွဲစဉ်တွေကို အားစိုက်ခဲ့ရတာကြောင့် ပြည်တွင်း ပြိုင်ပွဲတွေမှာ ရလဒ်ပိုင်း ယိမ်းယိုင်နေခဲ့တဲ့ ဝက်စ်ဟမ်းတို့ ရာသီ အကုန်မှာ ဥရောပ ဝင်ခွင့် ထပ်ရဖို့ ဆိုရင် အခုပွဲက အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ လက်ရှိ အသင်းမှာ ဘန်ဂျွန်ဆင်၊ ကတ်ဇူးမား၊ ရိုင်ယန် ဖက်ဒရစ်ခ်၊ အော့ဂ်ဘွန်နာတို့ ဒဏ်ရာပြသနာ ရှိနေဆဲ ဖြစ်ပေမယ့် ဒီယော့ပ်၊ ပါဘလို ဖော်နဲလ်စ်၊ လန်ဇီနီ တို့ ကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် လန်ဒန် ဒါဘီ ပွဲစဉ် ၁၁ ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်တဲ့ မစ်ချယ် အန်တိုနီယို အနေနဲ့ တိုက်စစ်မှာ ဦးဆောင်လာဖို့ ရှိနေပြီး အခုပွဲရဲ့ စောင့်ကြည့်ရဖို့ ရမယ့် ကစားသမားလည်း ဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝက်စ်ဟမ်း ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေနဲ့ ဂိုးမရှိ သရေကျပြီး အဝေးကွင်း ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၅၀ မှာ အာဆင်နယ်တို့ ၃၂ ကြိမ် အနိုင်ရပြီး ဝက်စ်ဟမ်း ကတော့ ၈ ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဝက်စ်ဟမ်းနဲ့ လန်ဒန် ဒါဘီ ပွဲစဉ် တော်တော်များများမှာ အာဆင်နယ်တို့ အသာရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာလည်း အာဆင်နယ် အနေနဲ့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပထမအကျော့ အိမ်ကွင်း အန်းမရိတ်စ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်း မှာတော့ တစ်ဖက် ၃ ဂိုးစီ သရေကျထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် – ဝက်စ်ဟမ်းယူနိုက်တက် အချိန်ပြည့် 1X2 အိမ်ကွင်း @ 2.26
ဒီဇင်ဘာ ၁၆ ရက်၊ မနက် ၂:၃၀ နာရီ ( GMT+ ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ ဆိုရင် အာဆင်နယ် အတွက် ၂.၂၀ ဆ၊ ဝက်စ်ဟမ်း အတွက် ၃.၁၅ ဆ၊ သရေ အတွက် ၃.၃၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းဟာ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် အာဆင်နယ်တို့ အိမ်ကွင်းမှာ ဆိုရင် ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိနေတာကြောင့် အိမ်ရှင် ဘက်မှာပဲ ရပ်တည်တာက စိတ်အချရဆုံး ဖြစ်ပါလိမ့်မယ်။ နှစ်သင်းလုံး တန်ပြန် တိုက်စစ်နဲ့ တောင်ပံ ကစားပုံတွေ ကောင်းတာကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ ရနိုင်ချေ ရှိပေမယ့် ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အာဆင်နယ်တို့ ၁ ဂိုး အသာလောက်နဲ့ပဲ အနိုင်ရသွားဖို့ များပါတယ်။


ခန့်မှန်းရလဒ်(၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်