နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ပျက်စရာ ခြေစွမ်းနဲ့ ဝုဗ်ကို အိမ်ကွင်းမှာ ရှုံးပြီး ၂၀၂၂ အဖွင့်မလှပခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၀-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ နောက်ကျပွဲ တစ်ပွဲ အဖြစ် မနေ့ညက မန်ချက်စတာယူနိုက်တက်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်တို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားသွားခဲ့ကြပါတယ်။ အသင်းကောင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပေမယ့် မထင်မှတ်ပဲ ဧည့်သည် ဝုဗ်ရဲ့ ပုံစံကောင်း တစ်ခုကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ဂျာအို မော်တင်ဟိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာလည်း ယူနိုက်တက်တို့ ထုံးစံ အတိုင်း ၄-၂-၂-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား၊ ခံစစ်မှာ အာရွန်ဝမ်ဘစ်ဆာခါ၊ လုခ်ရှော၊ ဗာရန်းနဲ့ ထူးထူးခြားခြား ၂ နှစ်နီးပါး ပွဲထွက် ကစားခွင့် မရခဲ့တဲ့ ဖီးလ်ဂျုံးစ်လည်း ပထမ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်မှာ မာတစ်၊ မက်တော်မီနေး၊ ဂျေဒန်ဆန်ချို၊ မေဆင် ဂရင်းဝုဒ်၊ တိုက်စစ် မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကာဗာနီတို့ပဲ ဦးဆောင်လာခဲ့ပါတယ်။ ဝုဗ် ကတော့ ၃-၄-၃ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ဟီချန်ဟွမ်၊ ပက်ဒရို နီတို၊ ဘိုလီ၊ မော့စ်ကီယာ၊ ဂျွန်နီ တို့ကလွဲလို့ လူစုံခဲ့ပါတယ်။

ယူနိုက်တက်တို့ အိမ်ရှင် အားသာချက် ရှိခဲ့ပေမယ့် ဝုဗ်ကို အသာစီးရယူ ကစားနိုင်ခြင်း မရှိခဲ့ပဲ ပွဲစ ကတည်းက ပိုဒန့်စ်၊ ထရင်ကာအို၊ ဆီမီဒို၊ မာကယ် တို့ရဲ့ လျင်မြန်တဲ့ တောင်ပံ တိုက်စစ်တွေကို နောက်တန်းနဲ့ ဂိုးသမား ဒါးဗက် ဒက်ဟဲယားတို့ အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။ အဓိက ကတော့ ပွဲထွက်မကစားရတာ ကြာပြီ ဖြစ်တဲ့ ဖီးလ်ဂျုံးစ် ခြေစွမ်းပြသွားနိုင်ခဲ့သလို ထုံးစံ အတိုင်း ဒါးဗစ် ဒက်ဟဲယားရဲ့ ကာကွယ်မှုတွေကြောင့်သာ ယူနိုင်တက်တို့ ကံကောင်းနေခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ဖာနန်ဒက်စ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ဝင်ရောက်လာချိန်မှာ ယူနိုက်တက်တို့ ပြန်ပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့ပေမယ့် ခဏတာပဲ ဖြစ်ပြီး Form မိနေတဲ့ ဝုဗ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲကစားချိန် ၈၂ မိနစ် အရောက် မှာတော့ ယူနိုက်တက် နောက်ခံလူတွေ တားဆီးနေတဲ့ ကြားက ဂျာအို မော်တင်ဟိုက ဘီးကုပ်စက်ဝိုင်း ထိပ်ကနေ မထင်မှတ်ပဲ ကန်သွင်းယူပေးခဲ့လို့ ဝုဗ်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ယူနိုက်တက် ဘက်က ချေပဂိုး ရရှိဖို့ အားထုတ်မှု တချို့ ထိရောက်ခဲ့ပေမယ့် သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ဧည့်သည် ဝုဗ်တို့ပဲ ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၂၀၂၂ ခုနှစ် အဖွင့်လည်း လှပသွားခဲ့ပါတယ်။


ပွဲပြီးအချက်အလက်များ

၁၉၉၉ ခုနှစ် နောက်ပိုင်း ယူနိုက်တက်ကို ပထမဦးဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့တဲ့ ဝုဗ် ကတော့ လက်ရှိမှာ ယူနိုက်တက်နဲ့ ၃ မှတ် အကွာ ပရီးမီးယားလိဂ် အဆင့် ၈ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် ဒီနေ့ပွဲမှာ အိမ်ရှင် ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရခဲ့ရုံကလွဲပြီး ကျန်အခြေအနေ အားလုံးမှာ ဝုဗ်ကို ရှုံးနိမ့်ခဲ့တာ တွေ့ရပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာ ဆိုရင် တစ်ပွဲလုံး အတိုင်းအတာနဲ့ ယူနိုက်တက်တို့ ၉ ကြိမ်သာ ရှိခဲ့ပေမယ့် ဝုဗ် ကတော့ ၁၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ ဂိုးပေါက် တည့်မှု ၂ ကြိမ်သာ ရှိတဲ့ အချိန်မှာ ဝုဗ်ကတော့ ၆ ကြိမ် အထိ ရှိခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ယူနိုက်တက်လို အသင်းတစ်သင်း အတွက် မဖြစ်သင့်တဲ့ အခြေအနေတွေ ဖြစ်လို့ နည်းပြ ရန်းနစ်ခ် အနေနဲ့ ၄-၂-၂-၂ ကစားကွက်ဟာ အမှန်တကယ်ပဲ အသုံးတည့်ရဲ့လား ဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပြီလို့ပဲ ဆိုချင်ပါတယ်။

နည်းပြသစ် ရက်ဖ် ရန်းနစ်ခ် လက်အောက်မှာ ပထမဦးဆုံး ရှုံးပွဲ တွေ့ခဲ့တဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာက အာဆင်နယ်ထက် တစ်ပွဲ လျော့ ကစားထားပေမယ့် ၄ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်လို့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး စိုးရိမ်စရာ ရှိလာခဲ့ပါပြီ။ ဒါ့အပြင် အဆင့် ၃ နေရာက လစ်ဗာပူးလ်နဲ့ ၁၁ မှတ်၊ အဆင့် ၂ နေရာက ချဲလ်ဆီးနဲ့ ၁၂ မှတ်၊ အဆင့် ၁ နေရာက မန်စီးတီးနဲ့ ၂၂ မှတ် အထိ ကွာဟနေခဲ့ပြီလည်း ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် နောက်ပိုင်း ယူနိုက်တက်ကို ပထမဦးဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့တဲ့ ဝုဗ် ကတော့ လက်ရှိမှာ ယူနိုက်တက်နဲ့ ၃ မှတ် အကွာ ပရီးမီးယားလိဂ် အဆင့် ၈ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝုဗ် အနေနဲ့ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ် ကွင်းမှာ ၁၉၈၀ နောက်ပိုင်းမှ ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကစားရဖို့ ရှိနေပြီး ဝုဗ် ကတော့ ၉ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်