နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကူညာကို ယူရို သန်း ၈၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်၊ ဂျွန်နသန် တာ့ရ်ကို စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ ဝုဗ် ကွင်းလယ်လူ မားသီးယက်စ် ကူညာကို ယူရို သန်း ၈၀ (ပေါင် ၆၆.၉ သန်း) နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ကူညာ က‌တော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေမှာ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဝုဗ်နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့သူ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေတဲ့ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ ဆဲလ်တာဗီဂိုရဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း အော်စကာ မင်ဂွဲဇားကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ လစ်ဗာပူးလ် ပရိသတ်တွေ ကတော့ ငယ်စဉ် ကတည်းက မြေတောင် မြှောက်ပေးခဲ့တဲ့ ကလပ်ကို စွန့်ခွာပြီးတော့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ့် အာနိုးလ်ကို တော်တော်လေး ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

အာဆင်နယ် ကတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆက်လက် ညှိနှိုင်းလျက် ရှိကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ ဂါဘရီရယ် အတွက် မက်မောလောက်စရာ ငွေကြေး တစ်ရပ် သုံးစွဲနိုင်ပေမယ့် အာဆင်နယ် ဘက်ကတော့ အသင်းရဲ့ အဓိက နောက်ခံလူကို အလွယ်တကူ ရောင်းထုတ်သွားဖို့တော့ မရှိပါဘူး။ 

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဘုန်းမောက် ဗဟိုခံစစ် ကစားသမား ဒင်းန် ဟက်ဒ်ဆန်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကစားသမားရဲ့ လက်ရှိ တန်ကြေးက ယူရို သန်း ၅၀ (ပေါင် ၄၁.၈ သန်း) ဖြစ်တာကြောင့် ချဲလ်ဆီး အတွက် တတ်နိုင်တဲ့ ပမာဏ တစ်ခုလည်း ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ခ်ကို ရာသီအကုန်မှာ လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ပြန်လည် အစားထိုးဖို့ ရှာဖွေနေရတာလည်း ဖြစ်ပါတယ်။
တာ့ရ်ကို ဘာစီလိုနာနဲ့ အပြိုင် စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ်

တစ်ဆက်တည်း မှာပဲ ချဲလ်ဆီးဟာ လာလီဂါ ကလပ် ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ တခြားအသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာရဲ့ ကာလရှည် ပစ်မှတ် ကတော့ အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ် ကတော့ ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း စပိန် သတင်းစာ Fichajes က ဖော်ပြပါတယ်။

မကြာခင်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဂျွန်နသန် တာ့ရ် ကိုတော့ ဘာစီလိုနာက ထိပ်တန်း ပစ်မှတ် အဖြစ် ကာလ အတန်ကြာ သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေပြီ ဖြစ်ကြောင်း Mundo Deportivo က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ခ်ကို ရာသီအကုန်မှာ လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ပြန်လည် အစားထိုးဖို့ ရှာဖွေနေရတာလည်း ဖြစ်ပါတယ်။ 

မန်ချက်စတာစီးတီး ဝါရင့် ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ကတော့ မေဂျာလိဂ် ကလပ် အသစ် ဆန်ဒီယေဂိုနဲ့ သတင်းတွေ ထွက်နေပေမယ့် သဘောတူညီမှု မရရှိသေးပါဘူး။ ဒီအချိန်မှာ ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမားဟာ အာဂျင်တီးနား ထိပ်သီး ရေးဗား ပလိတ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ ချိတ်ဆက်လျက် ရှိကြောင်း သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်