နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မေဆန်မောင့် အတွက် ကြိုးစားနေရဆဲ ဖြစ်တဲ့ ယူနိုက်တက်၊ အသင်းသစ် ရှာဖွေတော့မယ့် ဗန်ဒီဘိခ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မေဆန်မောင့် အတွက် ကြိုးစားနေရဆဲ ဖြစ်တဲ့ ယူနိုက်တက်၊ အသင်းသစ် ရှာဖွေတော့မယ့် ဗန်ဒီဘိခ် စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၂၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

မေဆန်မောင့် အတွက် ကြိုးစားနေရဆဲ ဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကွင်းလယ် တိုက်စစ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူဖို့ အတွက် နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။ အစောပိုင်း ကမ်းလှမ်းမှုကို ချဲလ်ဆီး ဘက်က ငြင်းဆန်ခဲ့ပြီးနောက် အခုအခါမှာတော့ ဆက်လက် ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက်တော့ ရရှိထားပြီး ဖြစ်တယ်လို့် သိရပါတယ်။ မေဆန်မောင့် ကလည်း ချဲလ်ဆီးနဲ့ စာချုပ်သစ် ထပ်မံချုပ်ဖို့ အစီအစဉ် မရှိသလို ယူနိုက်တက် ကလည်း အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ချင်နေပါတယ်။

ဒါပမေယ့် ရူးနှမ်းတဲ့ ကမ်းလှမ်းမှုမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ချဲလ်ဆီး ကလည်း သူတို့ရဲ့ ကစားသမား အတွက် ပေါင်သန်း ၆၀ ၊ ၆၅ သန်း ရမယ် ဆိုရင် လက်ခံသွားဖို့ အသင့် ဖြစ်နေကာ မကြာခင် သဘောတူညီမှု ရဖွယ် ရှိနေပါတယ်။

 

အသင်းသစ် ရှာဖွေတော့မယ့် ဗန်ဒီဘိခ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ကစားချင်တာကြောင့် ပြောင်းရွှေ့လာခဲ့ပေမယ့် သူ့အတွက် အခွင့်အရေး မရခဲ့တဲ့နောက်မှာ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။
လာမယ့် ရက်ပိုင်း အတွင်း အသင်းသစ် ရှာဖွေတော့မယ့် နယ်သာလန် ကြယ်ပွင့် ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ သူ့အတွက် အသင်းသစ် ရှာဖွေတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ကစားချင်တာကြောင့် ပြောင်းရွှေ့လာခဲ့ပေမယ့် သူ့အတွက် အခွင့်အရေး မရခဲ့တဲ့နောက်မှာ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဗာတန်ကို အငှားနဲ့ သွားကစားခဲ့ရပြီးနောက် အသင်းကို ပြန်ရောက်လာခဲ့ပြီး ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာလည်း ပုံမှန် ကစားခွင့် ပျောက်ဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး အခုတော့ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

ယူနိုက်တက်မှာ ဆက်လက် ရှိနေချင်ပေမယ့်လည်း တဖက်မှာ သူက ပုံမှန်ကစားခွင့် ရဖို့လည်း ဆန္ဒပြင်းပြနေတာကြောင့် အသင်း ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အေဂျက်ဇ် ကွင်းလယ်လူဟောင်းကို နယ်သာလန် ကလပ်တွေက စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
နော်တင်ဟမ်ဖော်ရက်စ် FC
1X2 သရေ (Draw) @ 5.20
ဂိုးပေါ် 3.25 @ 1.97
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.75 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဂွန်ဒိုအန်

မန်ချက်စတာစီးတီး ကနေ အလွတ်နဲ့ ထွက်ခွာခဲ့တဲ့ ကွင်းလယ်လူ အိုင်ကေး ဂွန်ဒိုအန်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ စပိန် လာလီဂါ ကလပ် ဘက်ကလည်း အတည်ပြု ကြေညာခဲ့ပါတယ်။

ဂွန်ဒိုအန်ကို ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ပါရှိတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာက စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ အထိလည်း သတ်မှတ်ခဲ့တယ်လို့ သိရပြီး လာမယ့် ရာသီ ဘာဆာရဲ့ ကွင်းလယ်ပိုင်းက အင်အား တောင့်တင်းတော့မှာ သေချာပါတယ်။

မန်စီးတီး ကလည်း ဘာစီလိုနာနဲ့ ဂွန်ဒိုအန်ကို တိုက်ရိုက် ဆွေးနွေးခွင့်ပေးခဲ့ကာ နှစ်ဖက် သေဘောတူညီမှု ရရုံနဲ့ အဆင်ပြေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဂွန်ဒိုအန်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘာစီလိုနာ ကိုပဲ ရောက်ရှိခဲ့တာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်