နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက် တော်မီနေး အတွက် ပေါင် သန်း ၃၀ နီးပါး လိုချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ အသင်းရဲ့ ကွင်းလယ်လူ စကော့တ် မက်တော်မီနေး အတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ 

အစောပိုင်းမှာ ဒီကစားသမား အတွက် အနောက်လန်ဒန် ကလပ် ဖူလ်ဟမ်ရဲ့ ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းချက်ကို ယူနိုက်တက်တို့ လက်ခံရရှိထားခဲ့ပြီး ချက်ချင်းပဲ ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ မက်တော်မီနေး ကိုတော့ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပ ကလပ် အများအပြားက စိတ်ဝင်စားလျက် ရှိပြီး တူရကီ ကလပ် ဂါလာတာဆာရေးနဲ့ ဖီနာဘာချီ တို့ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ 

The Telegraph ရဲ့ ဖော်ပြချက်အရ ဖူလ်ဟမ်ဟာ မက်တော်မီနေး အတွက် ကနဦး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရတာကြောင့် အစောပိုင်း ကမ်းလှမ်းမှုထက် ပေါင် ၅ သန်းတိုးပြီး ထပ်မံကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ သူတို့ရဲ့ ကွင်းလယ်လူ အတွက် အနည်းဆုံး ပေါင်သန်း ၃၀ လောက် လိုချင်နေတာကြောင့် အပြောင်းအရွှေ့က ထင်ထားသလောက် လွယ်ကူဖို့တော့ မရှိပါဘူး။ 

ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ မက်တော်မီနေးဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေပေမယ့် နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိနေသူ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်ကတော့ မက်တော်မီနေးကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးဖို့ထက် အမြတ်အစွန်းရဖို့ စဉ်းစားပေမယ့် အလောတကြီး ထွက်ခွာခွင့်ပေးဖို့တော့ အစီအစဉ် မရှိတဲ့ပုံပါပဲ။

တော်မီနေးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ကလပ် အတွက် ၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၀ ဂိုးသွင်းကာ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ မက်တော်မီနေးဟာ ပြီးခဲ့တဲ့ရက်က လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်နဲ့ ခြေစမ်းပွဲ မှာလည်း ယူနိုက်တက် အတွက် မိနစ် ၆၀ ကျော်ကြာ ပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာတော့ မက်တော်မီနေးက ပွဲချိန် တစ်ဝက် ဝင်ရောက် ကစားသွားခဲ့ပါတယ်။

ယူနိုက်တက် အနေနဲ့ မက်တော်မီနေးကို ထွက်ခွာခွင့်ပြုခဲ့မယ် ဆိုရင်တော့ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ခေါ်ယူဖို့ အတွက် အဆင်ပြေသွားနိုင်ချေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီက ပေါ်တူဂီ ကြယ်ပွင့် ယာအို နီးဗက်စ်ကို ခေါ်ယူဖို့ နီးစပ်နေတာကြောင့် အူဂါတီကို ယူနိုက်တက်ထံ ရောင်းထုတ်သွားဖို့ များနေခဲ့ပါတယ်။ ပြင်သစ် ထိပ်သီး ကလပ်က ပြီးခဲ့တဲ့ ရာသီတုန်းက ပေါင် သန်း ၅၀ ကျော်နဲ့ ခေါ်ယူခဲ့တဲ့ သူတို့ရဲ့ ဥရုဂွေး လက်ရွေးစင် ကစားသမားကို ဈေးပေါပေါနဲ့ ရောင်းထုတ်လိုခြင်း မရှိပဲ အငှားအရင်ချသွားဖွယ်လည်း ရှိနေပါတယ်။

မက်တော်မီနေးကို‌ ခေါ်ယူချင်နေတဲ့ ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကြယ်ပွင့် အီမိုင်းလ် စမစ်ရိုဝ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း+အပိုဆုကြေး ပေါင် ၇ သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ဒီနွေရာသီမှာ အအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ယာအို ပေါ်လင်ဟာကို ဘေယန်မြူးနစ် အသင်းထံ ရောင်းချထားခဲ့ရလို့ ကွင်းလယ်ပိုင်းကို ပြန်လည် တောင့်တင်းစေဖို့ ကစားသမား ခေါ်ယူမှုတွေ ဆက်လက် ပြုလုပ်ချင်နေသေးတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်