နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားဟောင်း အဲလ်ဗားရိုး ဖာနန်ဒက်ဇ် ကိုပဲ ပြန်လည် ခေါ်ယူမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က လက်ချီရဲ့ ဘယ်နောက်ခံလူ ပက်ထရစ် ဒေါဂူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စီးရီးအေ ကလပ် ဘက်က သူတို့ရဲ့ ကစားသမားကို ရောင်းထုတ်လိုခြင်း မရှိတာကြောင့် ယူနိုက်တက် အတွက် ခက်ခဲနေရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ အဲလ်ဗားရိုး ဖာနန်ဒက်ဇ် (ကာရီရက်စ်) ကိုသာ ဘင်ဖီကာ ကနေ ပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်နေကြောင်း ESPN က ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က လက်ရှိ ဆောင်းရာသီ ဈေးကွက်မှာ ဘယ်ခြမ်း ခံစစ် အတွက် အဓိကထားကာ ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်နေပြီး လက်ချီရဲ့ အသက် ၂၀ အရွယ် ဒိန်းမတ် ဘယ်နောက်ခံလူ ဒေါဂူကို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း လက်ချီဘက်က အဲဒီ နှစ်ကြိမ်စလုံးကို ပယ်ချထားတာကြောင့် ပီအက်စ်ဂျီက နူနို မန်းဒက်စ်နဲ့ ဘုန်းမောက်က ကာကက်ဇ် တို့ကိုပါ ယူနိုက်တက်က ချိန်ရွယ်နေပါတယ်။ ဒီကစားသမားတွေ ကလည်း ခေါ်ယူနိုင်ဖို့ အတွက်က ပိုမို ခက်ခဲနိုင်တာကြောင့် ဒီနွေရာသီ ကမှ ဘင်ဖီကာကို ပြောင်းရွှေ့ထားတဲ့ ကစားသမားဟောင်း ဖာနန်ဒက်ဇ် ကိုသာ ပြန်လည် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် စပိန် ဘယ်နောက်ခံလူ အဲလ်ဗားရိုး ဖာနန်ဒက်ဇ်က ၂ဝ၂ဝ ခုနှစ် ကတည်းက ရီးရဲလ်မက်ဒရစ် လူငယ် အသင်း ကနေ ယူနိုက်တက် လူငယ် အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဖာနန်ဒက်ဇ်က ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် တစ်ပွဲမှ မကစားခဲ့ရဘဲ ပရက်စတန်၊ ဂရန်နာဒါနဲ့ ဘင်ဖီကာ တို့မှာ အငှားနဲ့ သွားကစားခဲ့ရပြီး ဘင်ဖီကာဆီ အပြီးသတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဖာနန်ဒက်ဇ်က ယူနိုက်တက် ယူ ၂၃ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူပါ။ ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့စဉ် ကလည်း အသင်းဆီ ပြန်လည် ခေါ်ယူနိုင်မယ့် buy-back option ကို ထည့်သွင်းခဲ့ပြီး လက်ရှိမှာ အသင်းက ဘယ်နောက်ခံလူ တစ်ဦး လိုအပ်နေတာကြောင့် ကာရီရက်စ်ကို ပြန်လည် ခေါ်ယူဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား တချို့နဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အမှန်တကယ် ခေါ်ယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ အမော်ရင် ကတော့ လိုအပ်နေတဲ့ ကစားသမား တချို့ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုမှုတွေ ပြုလုပ်ထားပြီလို့လည်း သိရပါတယ်။

ဖာနန်ဒက်ဇ် ကတော့ ဘင်ဖီကာနဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်းကျန်ရှိနေပြီး သူ့ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့လို စပိန် ထိပ်တန်း ကလပ်တွေ ကပါ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ဖာနန်ဒက်ဇ်ကို သူ့ရဲ့ အသင်းဟောင်းက ယူရိုသန်း ၂ဝ တန် ပြန်လည် ဝယ်ယူခွင့်ကို အသက်သွင်းပြီး ပြန်လည် ခေါ်ယူတော့မှာ ဖြစ်တာကြေင့် မန်ချက်စတာမြေမှာ ပြန်လည် မြင်တွေ့ရဖို့ များနေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်