နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ တစ်မှတ်ပဲ ရလို့ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့တဲ့ ဗန်ဒိုက်ခ်၊ တစ်မှတ်ကို ပျော်ပျော်ကြီး ယူခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ယူနိုက်တက် ပွဲကတော့ ၀-၀ ရလဒ် ထွက်ပေါ်ခဲ့ပြီး သရေ တစ်မှတ်စီ ခွဲယူခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီပွဲမှာ လစ်ဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှု အများဆုံးနဲ့ အပိုင် အခွင့်အရေးတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော့် အထင် ဒီပွဲကို အနိုင်ကန်ဖို့ ကြိုးစားခဲ့တာက လစ်ဗာပူးလ် တစ်သင်းတည်း ရှိပါတယ်” လို့ ဗန်ဒိုက်ခ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

သူပြောတာလည်း လွန်တော့ မလွန်ပါဘူး။ ဒီပွဲမှာ လစ်ဗာပူးလ်က ယူနိုက်တက်ကို တစ်ဖက် စောင်းနင်း ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်းဝန်းကျင်၊ ဂိုးပေါက် ကန်သွင်းခွင့် ၃၄ ကြိမ် ရရှိခဲ့ပြီး ယူနိုက်တက် အတွက် သရေ တစ်မှတ် ရရှိခဲ့တာက အင်မတန်ကို ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ခေါင်းမာတဲ့ တန်ဟက်ဂ်တို့ ဒီပွဲမှာလည်း လစ်ဗာပူးလ်နဲ့ အပြိုင် ဖွင့်ကစားမယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ တန်ဟက်ဂ်က အိမ်စာ ကောင်းကောင်း လုပ်လာခဲ့ပါတယ်၊ လက်တွေ့ကျကျ သုံးသပ် ပြင်ဆင်ခဲ့ပြီး ဒီအကျိုးရလဒ်ကို ခံစားခဲ့ရတာပါ။

သူက နှစ်ပေါင်း ၃၀ လောက်နေမှ ပရီးမီးယားလိဂ် ဖလား တစ်ခါ ရတဲ့ အသင်းမှာ ကစားနေတယ် ဆိုတာကို မမေ့သင့်ဘူး" လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

ယူနိုက်တက် အသင်း ခေါင်းဆာင်ဟောင်း ရွိုင်ကိန်း ကတော့ ဗန်ဒိုက်ခ်ရဲ့ ပြောဆိုခဲ့မှု အပေါ် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “ ဒီကောင်က စိတ်ကြီးဝင်နေတာပဲ။ သူက နှစ်ပေါင်း ၃၀ လောက်နေမှ ပရီးမီးယားလိဂ် ဖလား တစ်ခါ ရတဲ့ အသင်းမှာ ကစားနေတယ် ဆိုတာကို မမေ့သင့်ဘူး” လို့ ပြောခဲ့တာပါ။ ပွဲအပြီး ရွိုင်ကိန်း ပြောစကား ကလည်း ပွဲဆူစေခဲ့ပါတယ်။

သရေ တစ်မှတ် ရလိုက်တာကို ယူနိုက်တက် အတွက် ဒီလောက် အထိ ပြောပေးရလား ဆိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်တမ်းကျတော့လည်း သူတို့ အနေအထားနဲ့ လက်ရှိအချိန်မှာ လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရတယ်၊ အန်ဖီးလ်ကို နောက်ဆုံးလာခဲ့တုန်းက (၇) ဂိုးအထိ သွင်းခံရတယ်။ ဒီအခြေအနေတွေကြောင့် ယူနိုက်တက် အတွက် ဒီတစ်မှတ်က ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ မထင်ရင် မထင်သလို လက်စွမ်းပြတတ်တဲ့ အိုနာနာက ဒီပွဲမှာ ယူနိုက်တက်ကို ထပ်မံ ကယ်တင်ခဲ့ပါတယ်။ နောက်တန်းမှာ ဗာရန်းက ဘာကြောင့် ကမ္ဘာ့အဆင့် နောက်ခံလူ တစ်ယောက် ဖြစ်နေရလဲ ဆိုတဲ့ အချက်ကို ပြသခဲ့ပါတယ်။ ကျန်တဲ့ အပိုင်းတွေက အဲ့ဒီလောက် အထိ ပြောစရာ မရှိပါဘူး။

ပရီးမီးယားလိဂ်
လီဗာပူးလ်
အာဆင်နယ်
1X2 လီဗာပူးလ် @ 2.23
ဂိုးပေါ် 3.00 @ 2.19
ဂိုးပေါင်း 0-1 @ 3.81
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ်က အန်ဖီးလ်မှာ သူတို့ လုပ်နေကျ အတိုင်း တိုက်စစ်ကို လျှံပယ်နေအောင် ဖွင့်ဆော့ခဲ့တယ်၊ တစ်ဖက် မှာလည်း ဂါနာချို၊ အန်တိုနီ၊ ဟွိုက်လန်း တို့ရဲ့ တိုက်စစ်ကို ကျွံမလာအောင် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲအပြီး ဥမင်လိုဏ်ခေါင်းထဲမှာ ဗန်ဒိုက်ခ်က အိုနာနာကို “မင်းကြောင့် ငါတို့ ဒီပွဲကို နာရီဝက်လောက်ပဲ ကစားခဲ့ရတာ” ဆိုပြီး ပြောခဲ့ပါတယ်။  ပြောချင်တာက အိုနာနာရဲ့ အချိန်ဆွဲမှုတွေ အကြောင်းပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်သင်းစလုံး အတွက် မယုတ်မလွန် ရလဒ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် ကတော့ မန်စီးတီး အမှတ်လျော့နေတာကို အခွင့်ကောင်း မယူနိုင်ခဲ့ဘူး။ ဒါ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်ခွင့် ကိုပါ အာဆင်နယ်ထံ လွှဲပေးလိုက်ရပါတယ်။ ယူနိုက်တက် အတွက်တော့ အသင်းနဲ့ ပရိသတ်တွေ အတွက် မထင်မှတ်ထားတဲ့၊ ဂိုးပြတ် မရှုံးရင်တောင် တော်ပါပြီ ဆိုတဲ့ ပွဲကနေ ရလာတဲ့ ဒီတစ်မှတ် ကပဲ အဖိုးတန်နေပါပြီ။ တန်ဟက်ဂ် ကတော့ ပွဲအပြီးမှာ အခွင့်အရေး ကောင်းတွေ ရတဲ့ အကြောင်း ပြောပါသေးတယ်။ ဒါပေမယ့် ဒါက ဗန်ဒိုက်ခ်ကို တုံ့ပြန်ရုံ သက်သက်သာ ဖြစ်ပြီး တကယ့် လက်တွေ့မှာ ဘယ်လို အခြေအနေရှိခဲ့လဲ ဆိုတာ သူကိုယ်တိုင်လည်း သိပါတယ်။ ဂါနာချို၊ ဟွိုက်လန်းတို့ ဂိုးရဖို့ နီးစပ်ခဲ့တာတွေတော့ ရှိခဲ့ပါတယ်။ သူတို့ ဝင်အောင် ကန်သွင်းနိုင်ခဲ့ရင် ဂိုးရနိုင်ချေတော့ ရှိခဲ့ပါတယ်။ အဲဒီအခိုက်တန့်တွေက လွဲရင် ကျန်တဲ့ အပိုင်း မှာတော့ ယူနိုက်တက်က လစ်ဗာပူးလ်ထက် အစစအရာရာနိမ့်ကျခဲ့တာ ငြင်းမရတဲ့ အမှန်တရားပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်