နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ဒူးချောင်ဘွဲ့ ရသွားတဲ့ ဗန်ဒိုက်ခ်၊ ပင်နယ်တီ ကန်သွင်းတဲ့ နည်းဗျူဟာကို ဖွင့်ဟခဲ့တဲ့ ဟာလန်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ဒူးချောင်ဘွဲ့ ရသွားတဲ့ ဗန်ဒိုက်ခ်၊ ပင်နယ်တီ ကန်သွင်းတဲ့ နည်းဗျူဟာကို ဖွင့်ဟခဲ့တဲ့ ဟာလန်း စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၂ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ဒူးချောင်ဘွဲ့ ရသွားတဲ့ ဗန်ဒိုက်ခ်

လစ်ဗာပူးလ် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ ဘုန်းမောက်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူ့ရဲ့ အားနည်းချက်ကြောင့် ပြိုင်ဘက်ကို အနိုင်ဂိုး ပေးခဲ့ရလို့ ဝေဖန်ခံနေရပါတယ်။ ဗန်ဒိုက်ခ်ဟာ ပြိုင်ဘက် ကစားသမား ဆီက ဘောလုံး လုယူဖို့ အတွက် နှေးကွေးနေခဲ့ပြီး ချော်လဲတော့ မလိုဟန်ပါ ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ အားနည်းချက် အတွက် အားလုံးက ဝိုင်းပြီး အပြစ်တင်နေတာ ဖြစ်ပါတယ်။ 

 ဘုန်းမောက်တို့ တိုက်စစ် စတင်ချိန်မှာ ဗန်ဒိုက်ခ်ဟာ ကပျက်ကချော် ဖြစ်နေခဲ့ပြီး လူကျွံဘော ဖမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လွဲချော်ခဲ့ပြီး အူတာရာနဲ့ ရင်ဆိုင်ရာမှာ လည်း မိုဟာမက် ဆာလာနဲ့ ရင်ဆိုင်တုန်းက လီဆန်ဒရို မာတီနက်ဇ် လဲပြိုခဲ့တဲ့ အတိုင်းပဲ လဲကျခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ လဲကျသွားချိန်မှာလည်း အထနှေးနေခဲ့ပြီး အူတာရာ ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို နေရာယူ မှန်မှန်နဲ့ ရှင်းထုတ်ရမယ့် အစား နောက်မှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

သာမန်အားဖြင့် တစ်ဦးချင်း တွေ့ဆုံချိန်မှာ အလွန် အားကောင်းလေ့ ရှိတဲ့ ဗန်ဒိုက်ခ် ဆီကနေ မြင်တွေ့ရမယ်လို့ မထင်ထားတဲ့ ကိစ္စ ဖြစ်ပြီး လောလောဆယ်တော့ ဒတ်ချ် နောက်ခံလူက လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေရဲ့ ပြစ်တင် ကြိမ်းမောင်းမှုတွေ ခံနေခဲ့ရပြီ ဖြစ်ပါတယ်။ ပရိသတ် တစ်ဦးက “မာတီနက်ဇ် ခြေချော်လဲလို့ လှောင်လို့ ကောင်းတုန်းက ဗန်ဒိုက်ခ်က ဒီလိုမျိုး လုပ်လိုက်တော့ ဘယ့်နှယ့်ရှိစ” လို့ လှောင်ပြောင်ခဲ့ပြီး နောက်ထပ် ပရိသတ် တစ်ဦး ကလည်း “ဒါက ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ဗန်ဒိုက်ခ်ရဲ့ ခံစစ် ကစားပုံပဲ” လို့ ပြောဆိုခဲ့ပါတယ်။


လာမယ့် ပွဲမှာလည်း ထပ်ပြီး အနိုင်ယူဦးမယ် ဆိုတဲ့ ဂရေဟမ် ပေါ်တာ 

ချယ်လ်ဆီးက လက်စတာစီးတီးကို အနိုင်ရပြီးနောက် ၃ ပွဲဆက် နိုင်ပွဲ ရယူနိုင်မှုနဲ့ အတူ နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာက နိုင်ငံတကာ ပွဲတွေ မတိုင်ခင် ကစားရမယ့် အဲဗာတန်နဲ့ ပွဲမှာလည်း နိုင်ပွဲ ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။ ရလဒ်ဆိုးတွေကြောင့် ရာထူး ကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပြီး ဖိအားတွေအောက် ရောက်ရှိနေတဲ့ ဂရေဟမ် ပေါ်တာဟာ သူ့အတွက် နောက်ဆုံး အခွင့်ပေးခဲ့တဲ့ လိဒ်စ်၊ ဒေါ့မန်တို့နဲ့ ပွဲတွေ အပြင် လက်စတာ ကိုပါ အနိုင်ရခဲ့လို့ ဖိအားတွေ လျော့နည်းသွားပြီလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် တက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၀ ကနေ အမှတ်ပေးဇယား အထက်ပိုင်းကို ပြန်တက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တာပါတယ်။

ဂရေဟမ် ပေါ်တာက “ ဒါက ကျွန်တော်တို့ အတွက် တကယ်ကို အပေါင်းလက္ခဏာဆောင်တဲ့ ရက်သတ္တပတ်ပါပဲ။ ကျွန်တော် တို့ဟာ ၃ ပွဲဆက် အနိုင်ရပြီးနောက် ဒီနေ့ မှာတော့ အသင်း တိုးတက်ရေး အကြောင်းကို အများကြီး ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ကစားနေကျ ခက်ခက်ခဲခဲ တိုက်ပွဲ ဝင်ရတဲ့ ပွဲတစ်ပွဲ ဖြစ်ပေမယ့် အဆုံး မှာတော့ ကျွန်တော် တို့ဟာ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်”

“ ဒီအဆင့်မှာ တစ်ပတ် အတွင်း ၃ ပွဲ အနိုင်ရခဲ့တာ ကတော့ တကယ်ကို ကျေနပ်ဖို့ ကောင်းပါတယ်။ လာမယ့် အပတ် မှာလည်း နိုင်ပွဲတွေ ရဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပြီး ဒါပြီးရင်တော့ နိုင်ငံတကာ ပွဲစဉ်တွေ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ အဲဗာတန်နဲ့ ပွဲမှာ ၃ မှတ် ရဖို့ ကြိုးစားသွားမယ်” လို့ ပြောခဲ့ပါတယ်။


ပဲလေ့စ် ဘက်ကို သွင်းယူခဲ့တဲ့ ပင်နယ်တီ နည်းဗျူဟာကို ရှင်းပြလာခဲ့တဲ့ ဟာလန်း

ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဟာလန်း အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၈ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။
ပဲလေ့စ် ဘက်ကို ကန်သွင်းခဲ့တဲ့ ပင်နယ်တီနဲ့ ပတ်သတ်လို့ ဖွင့်ဟခဲ့တဲ့ ဟာလန်း

မန်စီးတီး အသင်း တိုက်စစ်မှူး အာလင်း ဟာလန်းက ခရစ္စတယ်ပဲလေ့စ် ဘက်ကို ပင်နယ်တီ သွင်းယူခဲ့ရာမှာ အသက်ရှုဖို့ပဲ ကြိုးစားခဲ့တယ်လို့ သူ့ရဲ့ပင်နယ်တီ နည်းဗျူဟာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ဟာလန်းရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ပဲ ပဲလေ့စ်ကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ အဆင့် ၁ နေရာမှာ ရှိနေတဲ့ အာဆင်နယ်ကို ၂ မှတ် အကွာနဲ့ ဒုတိယနေရာ ကနေ ဆက်ပြီး ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဟာလန်း အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၈ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။

ဟာလန်းက “ ပင်နယ်တီ မကန်သွင်းခင်မှာ ရှေ့က မြေပြင် ကိုပဲ ကြည့်နေလိုက်ပါတယ်။ ဂိုးသမားကို ကြည့်နေစရာ မလိုပါဘူး။ အသက်ရှုဖို့ပဲ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာ အရေးကြီးတဲ့ အရာက ကျွန်တော်တို့ အတွက် ၃ မှတ် ပါပဲ။ အမှတ်တွေ ဆက်ပြီး ရယူနေဖို့ အတွက် ပွဲတွေကို အနိုင်ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ပွဲတိုင်းကို ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာပါ။ ကျွန်တော်တို့ အနိုင်ရခဲ့လို့ အရမ်း ပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။ပဲလေ့စ် ကတော့ ဒီပွဲ အပါအဝင် ၃ ပွဲ ဆက်တိုက် ဂိုးပေါက် တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာကြောင့် ၂၀၀၃-၀၄ ရာသီ နောက်ပိုင်း ဒီလို စံချိန် မှတ်တမ်းဆိုး တင်နိုင်တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် အသင်းလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ကြားရက်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပထမအကျော့က ၁ ဂိုးစီ သရေကျထားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်