နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထပ်ဆောင်း ပွဲပယ် ပြစ်ဒဏ်နဲ့ ကြီးမားတဲ့ ဒဏ်ငွေ တပ်ရိုက်ခံခဲ့ရတဲ့ ဗာဂျယ် ဗန်ဒိုက်ခ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ထပ်ဆောင်း ပွဲပယ် ပြစ်ဒဏ်နဲ့ ကြီးမားတဲ့ ဒဏ်ငွေ တပ်ရိုက်ခံခဲ့ရတဲ့ ဗန်ဒိုက်ခ်

လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်ဟာ နောက်ထပ် တစ်ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၁ သိန်း တပ်ရိုက်ခြင်းခံခဲ့ရတယ်လို့ အက်ဖ်အေက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဗန်ဒိုက်ခ်ဟာ နယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွင်း အီဆက်ခ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့မှုကြောင့် ၂၈ မိနစ်မှာပဲ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒတ်ချ် နောက်ခံကစားသမားဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဒိုင်လူကြီး ဂျွန် ဘရွတ်ခ်စ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီးမှ ကွင်းထဲကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာ ဗန်ဒိုက်ခ်က တစ်ပွဲပယ် ပြစ်ဒဏ်သာ ကျခံခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။
ဒါပေမယ့် အက်ဖ်အေက ဒိုင်လူကြီးကို ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ အသုံးပြုခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဗန်ဒိုက်ခ်ကို နောက်ထပ် ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ တပ်ရိုက်လိုက်ပြီ ဖြစ်တယ်လို့ အတည်ပြုခဲ့တာကြောင့် လစ်ဗာပူးလ် အသင်းခေါင်းဆောင်ဟာ နိုင်ငံတကာ အားလပ်ရက် အပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ ဝုဗ်နဲ့ ကစားရမယ့် ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။


နယူးကာဆယ် နည်းပြကို တိုက်ခိုက်ခဲ့လို့ ထောင်ကျသွားတဲ့ ပရိသတ်

ပြီးခဲ့တဲ့ရာသီမှာ လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် အတွင်း နယူးကာဆယ် နည်းပြ အက်ဒီဟောင်းကို တိုက်ခိုက်ခဲ့တဲ့ လိဒ်စ် ပရိသတ်ဟာ ထောင်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
လုတန် တောင်း
1X2 ဖူလ်ဟမ် @ 1.66
ဂိုးပေါ် 2.50 @ 1.94
ပထမပိုင်း ဂိုးအောက် 0-1 @ 3.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒေးဗစ် ဒါဘီရှိုင်းယားလို့ အမည်ရတဲ့ အသက် ၃၅ နှစ် အရွယ် အမျိုးသားဟာ လိဒ်စ် တရားရုံး ကနေ ၁၂ ပတ် ထောင်ဒဏ် ပြစ်ဒဏ်နဲ့ ဘောလုံးနဲ့ ပတ်သက်ခွင့် ၆ နှစ် ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ မေလ ၁၃ ရက်နေ့ အဲလန်းရုဒ်မှာ နယူးကာဆယ်က လာရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

တစ်ဖက် ၂ ဂိုးစီ သရေကျနေခဲ့တဲ့ ၉၃ မိနစ်မှာ ဒါဘီရှိုင်းယားက ပွဲကြည့်စင် ကနေ ကွင်းထဲ ကျူးကျော် ဝင်ရောက်ပြီး နယူးကာဆယ် နည်းပြ အက်ဒီဟောင်းရဲ့ ဘယ်ဖက် ပုခုံးကို တွန်းထိုးခဲ့ပြီးနောက် စကားများခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဘီရှိုင်းယားကို လုံခြုံရေးတွေက လာရောက် ခေါ်ဆောင်သွားပြီးနောက် အနောက် ရော့ခ်ရှိုင်းယား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ လိဒ်စ်ယူနိုက်တက်က တသက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။


နောက်ထပ် စိုးရိမ်စရာ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချဲလ်ဆီး

လာဗီယာဟာ ပြီးခဲ့တဲ့လမှာ ဆောက်သမ်တန် ကနေ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ဆီကို ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီး အတွက် လက်ရှိအချိန်ထိ ပွဲထွက်မကစားပေးနိုင်သေးတဲ့ လာဗီယာ

ချဲလ်ဆီးဟာ ကော့ဘ်ဟမ်က လေ့ကျင့်ရေး အစီအစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တဲ့ ရိုမီယို လာဗီယာရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေရပြီ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ် ကြယ်ပွင့်ဟာ ယခုအပတ်မှာ ချဲလ်ဆီး လူစာရင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့တာ ဖြစ်ပါတယ်။ လာဗီယာဟာ ပြီးခဲ့တဲ့လမှာ ဆောက်သမ်တန် ကနေ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ဆီကို ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည်ရရှိဖို့ ကြိုးပမ်းနေရတာကြောင့် ချဲလ်ဆီး အတွက် ပွဲဦးထွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးသူ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ လာဗီယာ အနေနဲ့ ပွဲဦးထွက်ဖို့ နောက်ထပ်တောင် ကြန့်ကြာတော့မယ်လို့ သိရပါတယ်။

ဗြိတိန်ဘောလုံး အထူးကျွမ်းကျင်သူ ဆာချာ တာဗိုလီယာရီရဲ့ ပြောကြားချက်အရ လာဗီယာဟာ သောကြာနေ့ လေ့ကျင့်ရေး အစီအစဉ် အတွင်းမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးက ဆောက်သမ်တန် ကြယ်ပွင့်ဟောင်းကို ဓာတ်မှန်ရိုက်သွားမှာ ဖြစ်ပြီး ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်