နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ကျွန်တော် တို့က ချန်ပီယံ လမ်းကြောင်းထဲမှာ ရှိနေပါသေးတယ်” – အာတေးတား | ပရီးမီးယားလိဂ်

မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်မှာ ရှိနေဆဲ ဖြစ်ကြောင်း နည်းပြ မီခဲလ် အာတေးတားက ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ စပါးနဲ့ ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ဘရိုက်တန်နဲ့ သရေကျခဲ့သလို ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ မှာလည်း နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် အက်ဖ်အေဖလား တတိယအဆင့်မှာ မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် မီခဲလ် အာတေးတားရဲ့ အသင်းက ဒီရာသီ ပြိုင်ပွဲ နှစ်ခု ကနေ ဆုဖလား မျှော်လင့်နိုင်တော့မှာ မဟုတ်သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ မီခဲလ် အာတေးတားက သူတို့ အသင်း အနေနဲ့ ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရှိနေသေးကြောင်း ကြုံးဝါး ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် တို့က ချန်ပီယံ လမ်းကြောင်းထဲမှာ ရှိနေပါသေးတယ်။ ပွဲတွေ အများကြီး ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် အသင်း အားလုံးက အနိုင်ရဖို့ ဘယ်လောက် အထိ ခက်ခဲသလဲ ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ရမှတ် ကွာဟချက်တွေကို လျှော့ချဖို့ အခွင့်အရေး ရတဲ့ အချိန်မှာ အမိအရ ဖမ်းဆုပ်နိုင်ရပါမယ်။ ဒီပွဲရလဒ်က ပျော်ရွှင်စရာ ကောင်းပါတယ်။ အခုက စပြီးတော့ လာမယ့်ပွဲ အတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ကျွန်တော့် အသင်း အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော် တို့က စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခိုက်အတန့်တွေ ရခဲ့တယ် လို့လည်း တွေးမိပါတယ်။” လို့ အာတေးတားက ပြောပါတယ်။

အာဆင်နယ်က လာမယ့် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အဖြစ် ခက်ခဲတဲ့ ပြိုင်ဘက် အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ဧည့်ခံ ရင်ဆိုင်ရဦးမယ့် အာဆင်နယ်

ဆက်လက်ပြီး “ဒီပွဲက ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါ။ ပြီးခဲ့တဲ့ မတူညီတဲ့ ပြိုင်ပွဲ နှစ်ခုမှာ ကျွန်တော်တို့ ပုံစံကောင်း မရခဲ့ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ သတ္တိကို စမ်းသပ်ခဲ့တာပါပဲ။ ပွဲစကတည်းက ကျွန်တော်တို့ ပြင်းထန်တဲ့ ခံစားချက်တွေ ရှိနေတာကို သိခဲ့ပါတယ်။ ကျွန်တော် တို့က စပါးကို နာကျင်အောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကစားခဲ့တာပါ။ မယုံနိုင်စရာ အခြေအနေတွေကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တယ်။ ဒီပွဲက ဘယ်လောက်အထိ အရေးကြီးလဲ ဆိုတာ အားလုံးလည်း သိပါတယ်။ ဒါက ပရိသတ်တွေကို အရမ်းပဲ ပျော်ရွှင်စေဖို့ ကျွန်တော်တို့ ရည်ရွယ်ခဲ့တဲ့ လက်ဆောင်ပါ။” လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုတစ်ပတ်မှာ ကစားခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် ၂-၂ လစ်ဗာပူးလ် ပွဲရလဒ်ကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို တစ်ပွဲပို ကစား၊ ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံ ပြေးလမ်းထဲ ဝင်ရောက်လာတဲ့ နော့တင်ဟမ်ဖောရက်စ်ကို ၂ မှတ် ဖြတ်နိုင်ခဲ့သလို နယူးကာဆယ်ကို ၅ မှတ်၊ ချဲလ်ဆီးကို ၆ မှတ်၊ မန်စီးတီး ကိုတော့ ၈ မှတ် အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က လာမယ့် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အဖြစ် ခက်ခဲတဲ့ ပြိုင်ဘက် အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်