နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နလန် မထသေးတဲ့ နော့ဝှစ်ချ်ကို ဟမ်းမားတို့ ဂိုးပြတ် အနိုင်ယူဖို့ မခက်ဘူး | ဝက်စ်ဟမ်း – နော့ဝှစ်ချ်စီးတီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း – နော့ဝှစ်ချ်စီးတီး

အက်ဖ်အေဖလား နိုင်ပွဲ ကိုယ်စီနဲ့ အတူ နောက်တစ်ဆင့် တက်ရောက်ထားနိုင်ခဲ့ကြတဲ့ ဝက်စ်ဟမ်းနဲ့ နော့ဝှစ်ချ်စီးတီးတို့ အခု တစ်ပတ် ကြားရက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

လက်ရှိ ရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းအရ လုံးဝ ပြောင်းပြန် ဖြစ်နေတဲ့ နှစ်သင်း ကစားမယ့်ပွဲ ဖြစ်လို့ တစ်ဖတ်သတ် ဖြစ်သွားနိုင်ပြီး အများစု ခန့်မှန်းသလို အိမ်ရှင် ဝက်စ်ဟမ်း တို့ နော့ဝှစ်ချ်ကို လန်ဒန်ကွင်းမှာ ဂိုးပြတ် သွင်းနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးပြီး ၃ ပွဲဆက် ပြန်နိုင်ထားတဲ့ ဝက်စ်ဟမ်းတို့ ခြေစွမ်းပိုင်း အရ အတက်ဘက်ကို ပြန်ရောက်နေတယ်လို့ ပြောလို့ ရပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၂ ပွဲဆက် နိုင်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက အာဆင်နယ်ကို ၁ မှတ် အကွာနဲ့ ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။ အခုပွဲ အနိုင်ရခဲ့ရင် အာဆင်နယ်ကို ကျော်ပြီး အဆင့် ၄ နေရာကို ယာယီ တက်လှမ်းခွင့် ရှိနေလို့ ဒေးဗစ်မွိုက်စ်ရဲ့ အသင်း အမှားခံမယ် မထင်ပါဘူး။ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဟမ်းမားတို့ ခြေစွမ်းကို ကြည့်ရတာ အဓိက ကစားသမား တချို့ မပါတဲ့ အချိန် မှာတောင် တည်ငြိမ်မှု အပြည့် ရှိနေပြီး အခုပွဲ မှာလည်း အပြန်အလှန် ဖွင့်ကစားတတ်တဲ့ နော့ဝှစ်ချ်ကို ဂိုးပြတ် အနိုင်ယူဖို့ ရည်ရွယ်ထားမှာ အသေအချာပါပဲ။ အခု ပွဲကိုတော့ အဲလ်ဂျီးယားနဲ့ သွားရောက် ပူးပေါင်းနေတဲ့ ဘန်ရားမား ပါဝင်လာမှာ မဟုတ်သလို အော့ဂ်ဘွန်နာ၊ ကတ်ဇူးမား၊ ဖက်ဒရစ် တို့လည်း ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရက်စ်ဝဲလ်နဲ့ ဗလာဒီမာ ဆိုဖယ် ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာတာကြောင့် လူစာရင်းမှာ ပြန်ပါလာနိုင်ချေ ရှိနေတယ်လို့ သိရပါတယ်။

ြီးခဲ့တဲ့ ဒီဇင်ဘာလ ထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် ရှုံးနိမ့်ထားတဲ့ အပြင် သွင်းဂိုး ၁ ဂိုးမှ ပြန်မရခဲ့တဲ့ အခြေအနေက တော်တော်လေးကို စုတ်ပြတ်လွန်းပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရောက်ရှိနေတဲ့ နော့ဝှစ်ချ်စီးတီး

နော့ဝှစ်ချ်စီးတီးရဲ့ အခြေအနေ ကတော့ စိတ်လေစရာ လို့ပဲ ပြောရပါမယ်။ ဒင်းန်စမစ် ကိုင်တွယ်ချိန်က စပြီး ခြေစွမ်းပိင်း သိသိသာသာ တိုးတက်လာပြီး ကစားပုံ အများကြီး ကောင်းလာပေမယ့် မျှော်လင့်ထားတဲ့ ရလဒ်တွေနဲ့ ဝေးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် ရှုံးနိမ့်ထားတဲ့ အပြင် သွင်းဂိုး ၁ ဂိုးမှ ပြန်မရခဲ့တဲ့ အခြေအနေက တော်တော်လေးကို စုတ်ပြတ်လွန်းပါတယ်။ ဒင်းန်စမစ် အနေနဲ့ အရင်က ခံစစ် သီးသန့် ကစားတဲ့ နော့ဝှစ်ချ်ကို ပြိုင်ဘက်ကို ပြန်ပြီး ခြိမ်းခြောက်နိုင်တဲ့ အသင်း အဖြစ် ပြောင်းလဲထားခဲ့ပေမယ့် ဒီနည်းစနစ် ဗျူဟာဟာ လက်ရှိ လူစာရင်းနဲ့ ကိုက်ညီရဲ့လား ဆိုတာ ပြန်စဉ်းစားရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ၁၉ ပွဲ ကစားပြီးချိန် အထိ ၁၀ မှတ်ပဲ ရသေးတဲ့ နော့ဝှစ်ချ်စီးတီးတို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်လို့ တတ်နိုင်သမျှ အားစိုက်လာဦးမှာ ဖြစ်ပေမယ့် Peak Form ရနေတဲ့ ဝက်စ်ဟမ်းလို အသင်း ဆီကနေ သရေ ၁ မှတ် ရဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဇန်ကာဘက်ခ်၊ ဇင်မာမန်၊ ဟန်လီ၊ နော်မန်၊ ရက်ပ်၊ ကန့်တ်ဝဲလ်တို့ အားလုံး ဒဏ်ရာပြသနာတွေ ရှိနေတာက ကနေရီတွေ အတွက် အဓိက အားနည်းချက် ဖြစ်နေဦးမှာ သေချာပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၉ ကြိမ်မှာ ဝက်စ်ဟမ်းက ၅ ကြိမ်နိုင်ပြီး နော့ဝှစ်ချ်က ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်း လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၄ ကြိမ်လုံး ဝက်စ်ဟမ်းတို့ နော့ဝှစ်ချ်ကို ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားနိုင်ခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ပွဲစဉ် မှာလည်း ကာရိုးရုတ်ဒ်မှာ ဝက်စ်ဟမ်းတို့ ၄ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဝက်စ်ဟမ်း – နော့ဝှစ်ချ်စီးတီးအချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၂.၁၆ ဆ
ဇန်နဝါရီလ ၁၃ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၂၇ ဆ၊ သရေ အတွက် ၅.၂၀ ဆ၊ ဧည်သည့် အသင်းအတွက် ၁၀.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ ပေါက်ကြေးအရ ဘက်ရွေးဖို့ မသင့်တဲ့ အခြေအနေ ဆိုတာ ထင်ရှားပါတယ်။ ဝက်စ်ဟမ်း ခြေမချော်ရင် အနိုင်ရဖို့ မခက်တဲ့ ပွဲဖြစ်ပါတယ်။ နော့ဝှစ်ချ်ရဲ့ မမျှော်လင့်ထားတဲ့ ရုန်းအားကို တစ်ချက် စောင့်ကြည့်ရဖို့ ရှိပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် မလွယ်ပါဘူး။ ဝက်စ်ဟမ်း အနိုင် သေချာပြီး ဂိုးပေါင်း ၃ ဂိုးနဲ့ အထက် ဖြစ်ဖို့ပဲ မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် (၃-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်