ဟူလန် လိုပက်တက်ဂီရဲ့ အနာဂတ် ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ အဆုံးအဖြတ် ဖြစ်သွားဖွယ်ရှိနေကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။ လိုပက်တက်ဂီ အနေနဲ့ ဝက်စ်ဟမ်းကို အားရစရာ စွမ်းဆောင်ရည်မျိုး ရှိနေအောင် မစွမ်းဆောင်ပေးနိုင်တာကြောင့် အသင်း တာဝန်ရှိသူတွေက ထုတ်ပယ်ဖို့ စဉ်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၅၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် လူမျိုး နည်းပြ ဟူလန် လိုပက်တက်ဂီ ကတော့ ပြီးခဲ့တဲ့ နွေရာသီ ကမှ ဝက်စ်ဟမ်းကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်သားဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ တစ်နှစ် ထပ်မံ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လိုပက်တက်ဂီ အနေနဲ့ ဝက်စ်ဟမ်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ခြင်း မရှိပဲ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၃ ပွဲ ယှဉ်ပြိုင်ကစားရာမှာ ၄ ပွဲသာ အနိုင်ရရှိခဲ့သလို ၆ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။
လိုပက်တက်ဂီရဲ့ ဝက်စ်ဟမ်းဟာ ခရာဘောင်ဖလား ပြိုင်ပွဲမှာ လစ်ဗာပူးလ်ကို ဂိုးပြတ် ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၄ နေရာကို ရောက်ရှိနေတဲ့ အတွက် လိုပက်တက်ဂီ အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရဖို့ အတွက် ရေပန်းအစားဆုံး နည်းပြ အဖြစ်လည်း ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
နာမည်ကြီး ဗြိတိန်မီဒီယာ တချို့ ကတော့ ဝက်စ်ဟမ်း တာဝန်ရှိသူတွေ အနေနဲ့ လိုပက်တက်ဂီကို ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။ တချို့သော သတင်းတွေ မှာတော့ အခု တစ်ပတ် ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်နဲ့ ပွဲ၊ လာမယ့် တစ်ပတ်မှာ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်နဲ့ ပွဲတွေမှာ ရလဒ် မကောင်းခဲ့ရင် ရာထူး ကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
ဝက်စ်ဟမ်း ကတော့ လိုပက်တက်ဂီရဲ့ နေရာမှာ အစားထိုးဖို့ အတွက် နည်းပြသစ် တစ်ဦးကို စတင် ရှာဖွေနေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ လိုပက်တက်ဂီ ကတော့ မန်နေဂျာ ဘဝမှာ ပေါ်တို၊ ရီးရဲလ်မက်ဒရစ်၊ ဝုဗ်၊ ဆီဗီလာနဲ့ စပိန် လူငယ် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လိုပက်တက်ဂီ အနေနဲ့ ဆီဗီလာနဲ့ အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ယူရိုပါလိဂ် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ စပိန် ယူ ၁၉ အသင်းနဲ့ ဥရောပ ချန်ပီယံရှစ်၊ ၂၀၁၃ ခုနှစ်မှာ ယူ ၂၁ ဥရောပ ချန်ပီယံရှစ် ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒီလို ဥရောပ အတွေ့အကြုံ ပြည့်ဝတဲ့ နည်းပြ လိုပက်တက်ဂီ ကတော့ ဝက်စ်ဟမ်း မှာတော့ သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီမှု မရှိတာကြောင့် ရလဒ်တွေ ကောင်းမွန်လာအောင် ဆွဲတင်နိုင်ခြင်း မရှိဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.