နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲဗာတန် အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘရိုက်တန် – အဲဗာတန်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာတော့ ဘရိုက်တန်က အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ နိုင်ပွဲ ကိုယ်စီ ရရှိထားတဲ့ နှစ်သင်းမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖေဘီယန် ဟက်ဇလာရဲ့ ဘရိုက်တန်က ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ ပရီးမီးယားလိဂ် မှာတော့ ၆ ပွဲဆက် ရှုံးပွဲ မရှိတာပါ။ ဘရိုက်တန်က သရေပွဲတွေ များနေတယ် ဆိုပေမယ့် နောက်ဆုံး ၃ ပွဲ မှာတော့ ပြိုင်ဘက်တွေကို ဂိုးပြတ်တွေချည်း အနိုင်ရထားတာ ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အားရစရာ ခြေစွမ်းမျိုးနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာလည်း ရလဒ်ကောင်း ထပ်မံ ရရှိဖို့ မျှော်လင့်ထားပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘရိုက်တန်က အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီးတော့ တွေ့ဆုံချိန်တိုင်း ခက်ခက်ခဲခဲ ကစားရလေ့ ရှိတာ ကိုတော့ သတိပြုရပါမယ်။

အဲဗာတန် ကတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်ပိုင်းနားမှာ ရပ်တည်နေပြီးတော့ ခြေစွမ်းပိုင်း ကလည်း အားရစရာ မရှိပါဘူး။
တန်းဆင်းဇုန် ဖိအားတွေ အောက်က ရုန်းထွက်ဖို့ လိုအပ်နေတဲ့ အဲဗာတန်

အဲဗာတန် ကတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်ပိုင်းနားမှာ ရပ်တည်နေပြီးတော့ ခြေစွမ်းပိုင်း ကလည်း အားရစရာ မရှိပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ပွဲမှာ နည်းပြဟောင်း ဒေးဗစ် မွိုက်စ် ပြန်လည် ကိုင်တွယ်ခဲ့ခြင်းနဲ့ အတူ စပါးကို အနိုင်ရခဲ့ကာ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ထားနိုင်တာ တွေ့ရပါတယ်။ အဲဗာတန်က ရုန်းကန်နေရတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ရင် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး လို အသင်းတွေကို မရှုံးအောင် ကစားထားတာ ကတော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ထုံးစံ အတိုင်း အဲဗာတန်က ခံစစ် အားပြုပြီး ဘရိုက်တန်ကို တန်ပြန် တိုက်စစ်နဲ့ပဲ ဒုက္ခပေးဖို့ ကြိုးပမ်းလာဦးမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဘရိုက်တန် ဘက်က ဂရူဒါ၊ ဖာဂူဆန်၊ ကာဒီယိုဂလူ၊ အီဂေါ၊ ဟင်ရှဲလ်ဝုဒ်၊ မီလ်နာ၊ ဝိုင်ဖာတို့ လွဲချော်မှာ ဖြစ်ပါတယ်။

အဲဗာတန် ဘက် မှာတော့ ဘရိုဟာ၊ မက်နီးလ်၊ ဂါနာ၊ ကိုးလ်မန်း၊ ချာမီတီတို့ လွဲချော်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဒန့်ခ်၊ ဗန် ဟက်ကီ၊ အက်စတူပီနန်၊ ဘာလီဘ၊ အရာရီ၊ မင်တာ့ရ်၊ ယာအို ပီဒရို၊ မီတိုမာ၊ ဝဲလ်ဘက်ခ်

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အို ဘရိုင်ယန်၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ မိုင်ကိုလန်ကို၊ လင်းစတွမ်း၊ ဂူရီ၊ မန်ဂါလာ၊ ဒူကိုရေး၊ အန်ဒီရာရီ၊ ကဲလ်ဗတ် လီဝင်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၅ ကြိမ်နိုင်၊ အဲဗာတန်က ၆ ကြိမ် နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဘရိုက်တန်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး အဲဗာတန်က ၁ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်း မှာတော့ အဲဗာတန်က နောက်ဆုံး ၄ ကြိမ် စလုံး မရှုံးထားတဲ့ မှတ်တမ်းကောင်း ရှိထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၁.၆၂ ဆ၊ အဲဗာတန် နိုင်ရင် ၄.၈၀ ဆနဲ့ သရေ ဆိုရင်တော့ ၃.၆၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဘရိုက်တန်က သရေ အရှုံး၊ ၁ လုံး တစ်ဝက်စား၊ ၁ လုံး သရေ ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကလည်း ဂိုးပေါင်းအောက် အဖြစ် ဦးတည်နိုင်တဲ့ ကြေးမျိုးပေးထားပါတယ်။ အဲဗာတန်က စပါးနဲ့ ပွဲမှာ ခြေစွမ်းကောင်းခဲ့ပေမယ့် ခံစစ်က အလွယ်တကူ ဂိုးတွေ ပြန်ပေးခဲ့ရတာ ကတော့ စိတ်ပျက်စရာပါ။ ဘရိုက်တန်က လက်ရှိမှာ ခြေစွမ်းပြန်မိနေပြီးတော့ ရလဒ်ကောင်းတွေ အတွက် အသင့် ဖြစ်နေပါတယ်။ ဘရိုက်တန် ကိုပဲ ယုံကြည်ထားရမှာပါ။ ဒါပေမယ့် ဂိုးပြတ်မယ့် အခြေအနေတော့ မဟုတ်ပါဘူး။

ခန့်မှန်းရလဒ်

ဘရိုက်တန် ၂-၁ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်