လစ်ဗာပူးလ် ကတော့ သူတိုရဲ့ ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင့် ဒီရက်ပိုင်း အတွင်း သတင်းတွေ ထွက်လာပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဒီအခြေအနေ အပေါ် စိတ်ဝင်စားမှု ရှိ၊ မရှိ သိရဖို့ အတွက် ဇာဘီ အလွန်ဆိုရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းရင်းမြစ်တွေက အတိအကျ ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့ စိတ်ဝင်စားဖွယ် အသေးစိတ် အချက်အလက်တွေနဲ့ အတွေးအမြင် တချို့ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
နောက်ခံအကြောင်းအရင်း
၂၀၂၃-၂၀၂၄ ဘောလုံးရာသီအကုန် ယာဂန် ကလော့ပ် ထွက်ခွာသွားချိန်မှာ ဇာဘီ အလွန်ဆိုက လစ်ဗာပူးလ် နည်းပြ ဖြစ်လာဖို ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ သူဟာ လေဗာကူဆင်ကို ရှုံးပွဲ မရှိစံချိန်နဲ့ ဘွန်ဒက်စ်လီဂါဖလား ပထမဆုံးအကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တာကြောင့် ဂျာမနီ မှာပဲ ဆက်နေဖို ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ လစ်ဗာပူးလ်ဟာ ဖီယင်နော့ဒ်က အာနေး ဆလော့တ်ကို နည်းပြ ရာထူး ခန့်အပ်ခဲ့ပြီး နယ်သာလန်သား ပထမဆုံး ရာသီမှာတင်ပဲ လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆလော့တ်ဟာ နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ရဲ့ ထောက်ခံ အာပေးမှုကို အပြည့်အဝ ရရှိခဲ့သလို လစ်ဗာပူးလ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်လည်း ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ နေရာကို ဆက်ခံဖို အခွင့်အရေး ရရှိခဲ့ပါတယ်။
အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ် ခရီးစဉ်နဲ့ ကျဆုံးမှု

ဒါပေမယ့်လည်း အလွန်ဆို တစ်ယောက် စပိန်မြေကို ပြန်လည် ရောက်ရှိမှုဟာ မခမ်းနား၊ မလှပခဲ့သလို အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဖီဖာ ကလပ်ကမ္ဘာ့လား ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို ၄-၀ နဲ့ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရသလို၊ စပိန် စူပါဖလား ဗိုလ်လုပွဲမှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ပြီးနောက် ဇန်နဝါရီလလယ်မှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်မှာ အတွင်းရေး ပြဿနာတွေ အများကြီး ရှိခဲ့ပြီး ကစားသမားတွေရဲ့ ထောက်ခံမှုကို မရရှိခဲ့သလို အဝတ်လဲခန်း အတွင်းမှာ အာဏာကျဆင်းလာတာကြောင့် သူ့ရဲ့ စပိန် ခရီးစဉ်ဟာ ကာလတိုနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။
လစ်ဗာပူးလ်ရဲ့ လက်ရှိအခြေအနေနဲ့ ဆလော့တ် အပေါ် ဖိအားများ
အာနေး ဆလော့တ်ဟာ ပထမရာသီမှာ ကြိုးကြားနီတွေနဲ့ အောင်မြင်ခဲ့ပေမယ့် ဒုတိယရာသီ မှာတော့ ရုန်းကန်နေရပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဖလော်ရီယို ဗစ်ဇ်နဲ့ အလက်ဇန္တား အိဆက်ခ် တို့ကို ပေါင်သန်း ၄၀၀ ကျော် အသုံးပြုပြီး စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် ဒီကစားသမားတွေက လက်ရှိအချိန် အသင်းနဲ့ အံဝင်ခြင်း မရှိသေးပါဘူး။ ဒါက ဆလော့တ်ရဲ့ နည်းပြ ထိုင်ခုံကို လှုပ်နေစေတဲ့ ကြီးမားတဲ့ ဖိအားတွေထဲက တစ်ခု ဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီယိုဂို ဂျိုတာကို ထာရ ဆုံးရှုံးခဲ့ရမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက တိုက်စစ်မှူး ဒီယေဂို ဂျိုတာ ယာဉ်မတော်တဆမှုနဲ့ ရုတ်တရက် ကွယ်လွန်သွားခြင်း ကလည်း လစ်ဗာပူးလ် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။
နောက်ဆုံး တစ်ချက်က အသင်းရဲ့ ရလဒ်ပိုင်းပါ။ လစ်ဗာပူးလ်က လက်ရှိ ရာသီဝက်မှာတင် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၄ ပွဲ ကစားထားရာမှာ ၁၀ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ ၇ ပွဲ အထိ ရှုံးနိမ့်ထားကာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း ဘုန်းမောက်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လစ်ဗာပူးလ်နဲ့ အလွန်ဆို ပြန်လည် ဆုံစည်းမလား?
အလွန်ဆိုဟာ လစ်ဗာပူးလ်မှာ ၂၀၀၄ ကနေ ၂၀၀၉ ခုနှစ် အထိ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ရရှိခဲ့ဖူးသူ ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ ခိုင်မာတဲ့ သံယောဇဉ် ရှိနေပါတယ်။ လက်ရှိမှာတော့ လစ်ဗာပူးလ် ဘုတ်အဖွဲ့ဟာ ဆလော့တ်ကို ရာသီကုန် အထိ အချိန်ပေးဖို စဉ်းစားနေပြီး ရလဒ်တွေ ဆက်လက် ဆိုးရွားနေဦးမယ် ဆိုရင်တော့ အလွန်ဆို အနေနဲ့ အန်ဖီးလ်ကို ပြန်လည် ရောက်ရှိလာနိုင်ခြေ တော်တော်လေး များနေပြီ ဖြစ်ပါတယ်။
စာဖတ်ပရိသတ်တွေရော ဘယ်လိုမြင်ကြလဲ။ လစ်ဗာပူးလ်တို့ လာမယ့် ပွဲတွေမှာ ရလဒ် ပြန်ကောင်းလာမလား။ ဆလော့တ်ရော ရာထူး ဆက်လက် တည်မြဲနိုင်ဦးမလား။ ဒါမှမဟုတ် သတင်းတွေ ထွက်နေသလိုပဲ အလွန်ဆို တစ်ယောက် အန်ဖီးလ်မှာ တကျော့ပြန် ခြေချမလား ဆိုတာ ဆွေးနွေးကြည့်ကြပါဦး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


