နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီတစ်ကြိမ် အင်္ဂလန် ဒါဘီမှာ သရဲနီတွေကို လစ်ဗာပူးလ်ပဲ အသာရသွားဦးမှာလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် တနင်္ဂနွေနေ့ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လစ်ဗာပူးလ်က အန်ဖီးလ်မှာ မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း တွေ့ဆုံမှု တော်တော်များများမှာ ယူနိုက်တက်ကို အသာရခဲ့တဲ့ ဒီတစ်ကြိမ်မှာရော ထပ်ပြီး အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အာနေး ဆလော့တ် လက်ထက်မှာ အကောင်းဆုံး ပုံစံတွေနဲ့ ရှေ့ဆက်နေပြီး ပရီးမီးယားလိဂ် မှာလည်း ဇယား ထိပ်ကနေ အမှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ အာနေး ဆလော့တ်ဟာ လစ်ဗာပူးလ်ကို သူကိုင်တွယ်ချိန်က စလို့ ၂၃ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပြီး ဖလား ၄ လုံး လမ်းကြောင်း ပေါ်မှာ အကောင်းဆုံး ရပ်တည်နေစေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီးတော့ ဂိုးလည်း မြူးနေလို့ အားနည်းချက်တွေ များတဲ့ ယူနိုက်တက် ခံစစ် ကတော့ မတွေးရဲစရာပါပဲ။ ယူနိုက်တက်နဲ့ တွေ့တိုင်း ဂိုးမြူးတတ်တဲ့ ဆာလာ၊ ဂက်ခ်ပို တို့ကလည်း ဒီရာသီမှာ ဂိုးသွင်းအား ကောင်းနေပါတယ်။ လစ်ဗာပူးလ်ရဲ့ ခြေစွမ်း ကတော့ အားနည်းချက် မရှိလောက်အောင် ကောင်းမွန်နေတယ်လို့ပဲ ပြောရမှာပါ။

တန်ဟက်ဂ်နဲ့ အဆင်မပြေလို့ အမော်ရင်နဲ့ အစားထိုးခဲ့ပေမယ့် ယူနိုက်တက်က လှုပ်လေ၊ နစ်လေ ဖြစ်နေဆဲပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အရှုံးနဲ့ အတူ တန်းဆင်းဇုန်နား တဖြည်းဖြည်း ရောက်ရှိနေလို့လည်း အမော်ရင် တစ်ယောက် ဖိအားတွေ များနေခဲ့ပါပြီ။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာတော့ ၄ ပွဲဆက် ရှုံးထားပြီး ဒီခြေစွမ်းနဲ့တော့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ အမော်ရင်ရဲ့ ၃ ယောက်တန်း ခံစစ်နဲ့ အိုနာနာ အမှားမလုပ်ဖို့ပဲ မျှော်လင့်ရပြီး ၇-၀ မှတ်တမ်းဆိုးနဲ့ ရှုံးသလို ထပ်မရှုံးဖို့ပဲ ဆုတောင်းရမယ် ထင်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က ဘရက်ဒ်လီ၊ ကိုနာတေးနဲ့ ဂိုးမက်ဇ်တို့ လွဲချော်ဖို့ ရှိနေပါတယ်။ 

ယူနိုက်တက် ဘက်မှာတော့ ရက်ရှ်ဖို့ဒ်၊ ရှော၊ လင်ဒီလော့ဖ်၊ မေဆန် မောင့်တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အရှုံးနဲ့ အတူ တန်းဆင်းဇုန်နား တဖြည်းဖြည်း ရောက်ရှိနေလို့လည်း အမော်ရင် တစ်ယောက် ဖိအားတွေ များနေခဲ့ပါပြီ။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးထားတဲ့ ယူနိုက်တက်

လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ကွမ်ဆာ၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ချ်၊ မာ့ခ် အယ်လစ္စတာ၊ ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဂက်ခ်ပို၊ ဒီးယက်ဇ်

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ယိုရို၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ မက်ဇရာရီ၊ မိန်းနူး၊ အူဂါတေး၊ ဒါးလော့တ်၊ ဖာနန်ဒက်ဇ်၊ အာမက်ဒ်၊ ဟွိုက်ဂျ်လန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းရဲ့ နောက်ဆုံး ၂၉ ကြိမ် တွေ့ဆုံမှုမှာ ၁၀ ကြိမ်စီ အနိုင်ရထားပြီး ၉ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ လစ်ဗာပူးလ်က ၂ ကြိမ်နိုင်၊ ယူနိုက်တက်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ မှတ်မှတ်ရရ လစ်ဗာပူးလ်ဟာ အန်ဖီးလ်မှာ ယူနိုက်တက်ကို ၇-၀၊ ၄-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရတာတွေလည်း ရှိခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲမှာတော့ လစ်ဗာပူးလ်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၂၉ ဆ ရမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နိုင်ရင်တော့ ၇.၂၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၅.၃၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က တစ်လုံး အရှုံး၊ နှစ်လုံး တစ်ဝက်စား၊ နှစ်လုံး သရေကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကလည်း အနိမ့်ဆုံး ၃ ဂိုး သွင်းဖို့ လိုအပ်တဲ့ ကြေးပါ။ လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရ လစ်ဗာပူးလ်က လုပ်တိုင်း ဖြစ်နေပါတယ်။ ယူနိုက်တက် ဂိုးပြတ် မရှုံးဖို့ပဲ အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။ ကြေးနည်းနည်း ပြင်းနေတယ် ဆိုပေမယ့် ကျနော် ကတော့ ဆလော့တ်ရဲ့ အသင်း လုပ်နိုင်စွမ်းကို ယုံကြည်နေလို့ လစ်ဗာပူးလ်နဲ့ ဂိုးပေါ်ကိုပဲ ရွေးချယ်စေချင်ပါတယ်။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၃-၀ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်