နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ မိုလီနက်စ်မှာ ပွဲကြမ်းခဲ့ပြန်တဲ့ ဝုဗ်နဲ့ လိဒ်စ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၂-၄ လိဒ်စ်ယူနိုက်တက်

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ဒီတစ်ပတ် ပွဲစဉ် (၂၈) မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အဝေးကွင်းမှာ ၂-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

နှစ်သင်းစလုံး ရမှတ် လိုအပ်ချက် အတွက် အားစိုက်သွားခဲ့တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ မနှစ်ကလည်း မိုလီနက်စ်မှာ ဒီနှစ်သင်း ပွဲကြမ်းခဲ့ကြပြီး လိဒ်စ်တို့ ၃ မှတ် ရအောင် ယူနိုင်ခဲ့သလို ဒီနှစ်မှာလည်း အဖိုးတန် ၃ မှတ်ကို နောက်တစ်ကြိမ် အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဝုဗ်က ၄-၃-၃နဲ့ ပွဲထွက်လာခဲ့ပြီး တောင့်တင်းတဲ့ လူစာရင်းကို အသုံးပြုခဲ့ပါတယ်။ လိဒ်စ် ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုင်လာ အဒမ်စ် ကလွဲလို့ ဝိုဘာ၊ မက်ကင်းနီ၊ အာရွန်ဆင်၊ ဂနွန်တို၊ ဘမ်းဖို့ဒ် တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ပွဲစကတည်းက လျင်လျင်မြန်မြန် ကစားခဲ့ကြပြီး အိမ်ရှင် ဝုဗ် ကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၆ မိနစ် မှာတင်ပဲ လိဒ်စ်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ဝုဗ် နောက်တန်းရဲ့ ပေါ့ဆမှုတွေကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ လိဒ်စ်တို့ ၂ ဂိုး ထပ်ရခဲ့ပြီး မိနစ် ၆၀ ကျော်ထိ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ၃ ဂိုး ပြတ်သွားခဲ့လို့ ပွဲပြီးသလောက် ရှိခဲ့ပေမယ့် ဝုဗ်က ကစားအားမချခဲ့လို့ ပွဲက ပိုပြီး ရင်ခုန်စရာ ကောင်းခဲ့ပါတယ်။ တကယ်တမ်းလည်း ဝုဗ်တို့ ချေပဂိုးတွေ ရအောင်ယူနိုင်ခဲ့ပြီး ဂျွန်နီနဲ့ ကွန်ဟာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဝုဗ်တို့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့ပေမယ့် ပွဲချိန် ၈၄ မိနစ် မှာတော့ အေးလင်းကို အဝင်ကြမ်းခဲ့တဲ့ ဂျွန်နီ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ တစ်ယောက် လျော့သွားချိန်မှာလည်း ဝုဗ်တို့ ဖိကစားနိုင်ခဲ့ပေမယ့် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့ခြင်း မရှိတဲ့ အပြင် လိဒ်စ် အတွက် အနိုင်သေချာစေမယ့်ဂိုး ကိုလည်း ခွင့်ပြုပေးခဲ့ရပါတယ်။ ဆမ်းမားဗီးလ်က ထရာအိုရေး ဆီက ဘောလုံးကို လုယူပြီး ခင်းပေးလိုက်တာကို ရိုဒရီဂိုက တောက်လျောက် ဆွဲပြေးပြီး အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ လိဒ်စ် ကစားသမားတွေ ထရာအိုရေးကို ဆွဲထားတာ မြင်သာနေတာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပေမယ့် ဂိုး အဖြစ်သာ ခွင့်ပြုပေးခဲ့လို့ ၂-၄ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရ မကွာလှသလို တွေ့ဆုံချိန်တိုင်း အမြဲတမ်းလိုလို ပြသနာတွေ ဖြစ်ခဲ့ကြတဲ့ ဝုဗ်နဲ့ လိဒ်စ်တို့ ဒီနေ့ပွဲ မှာလည်း ပရိသတ်တွေကို မိနစ် ၁၀၀ ကျော် အထိ ဖျော်ဖြေမှု ရသ အပြည့် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ သွင်းဂိုးတွေရော၊ အဝါကတ်၊ အနီကတ်တွေပါ ပလူပျံခဲ့ပါတယ်။ ဝုဗ် နည်းပြ လိုပက်တက်ဂီ ဆိုရင် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်ပြီး အလွန်အကျွံ ဒေါသ ပေါက်ကွဲခဲ့ပါတယ်။ အရန်ခုံမှာ ထိုင်နေတဲ့ မားသီးယက်စ် နူညက်စ်လည်း အနီကတ်ပြခံခဲ့ရပြီး ဒီယေဂို ကော်စတာလို ဒေါသအိုးတောင် လိုက်ထိန်းရတဲ့ အထိ ပွဲဆူခဲ့တာ ဖြစ်ပါတယ်။ ခြုံငုံပြောရရင် ဒီပွဲမှာ အငြင်းပွားစရာ အခိုက်အတန့်တွေ အများကြီး ရှိခဲ့တယ် ဆိုပေမယ့် လိဒ်စ်ယူနိုက်တက် ကလည်း အနိုင်ရလဒ်နဲ့တော့ ထိုက်တန်ခဲ့ပါတယ်။ ဝုဗ်က အခွင့်အရေး အကြိမ်ကြိမ် ရပြီး အသုံးမချနိုင်ခဲ့ပေမယ့် လိဒ်စ် ကတော့ ဂိုးပေါက်တည့်မှု ၄ ကြိမ် ကနေ ၄ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ဘိုင်ယန်မြူးနစ်
1X2 မန်ချက်စတာစီးတီး 1.90
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -0.50 @ 1.91
ဂိုးပေါ် 3.00 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ အနိုင်ရခဲ့တဲ့ လိဒ်စ်တို့ ၂၆ မှတ်နဲ့ အဆင့် ၁၄ နေရာ အထိ ခုန်တက်နိုင်ခဲ့ပြီး ဝုဗ် ကတော့ အဆင့် ၁၃ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ လိဒ်စ်တို့ ဖိအားတွေ အောက်က အတိုင်းအတာ တစ်ခုအထိ ရုန်းထွက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး အတွက်တော့ လက်ကျန်ပွဲတွေကို အားစိုက်ရဦးမှာ ဖြစ်ပါတယ်။ ဝုဗ် ကလည်း ပွဲပိုတွေ ကစားထားတာကြောင့် အချိန်မရွေး တန်းဆင်းဇုန် ဖိအား ဝင်နိုင်တဲ့ အခြေအနေမျိုး ရှိသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နိုင်ငံတကာပွဲတွေ ကစားမယ့် ရက်သတ္တပတ် ဖြစ်တာကြောင့် နောက်လမှ လိဂ်ပွဲတွေ ပြန်စမှာ ဖြစ်ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ ဝုဗ်က နော့တင်ဟမ်ဖောရက်စ်နဲ့ အဝေးကွင်း ပွဲစဉ် ကစားရဖို့ ရှိပြီး လိဒ်စ် ကလည်း ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို အမ်းမရိတ်စ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်