နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်ယောက်အသာနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားတဲ့ ရီးရဲယ်မက်ဒရဏ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် ၀-၂ ရီးရဲယ်မက်ဒရစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အင်တာမီလန်အနေနဲ့ အိမ်ကွင်းမှာ လက်ခံကစားရပေမယ့် ရီးရဲယ်မက်ဒရစ်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် မှေးမှိန်သွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ကတော့ ပွဲချိန် မိနစ် ၆၀ လောက်ကို တစ်ယောက် အသာနဲ့ ကစားသွားခဲ့ပြီး အင်တာမီလန်ကို အနိုင်ရခဲ့လို့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။
 

ပွဲပြီး အကျဉ်းချုပ်

ရီးရဲယ်မက်ဒရစ်တို့ ဒီနှစ် ချန်ပီယံလိဂ် အစောပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပြီး ရှက်တာဒိုးနက်စ်ကို ရှုံးနိမ့်ခဲ့သလို မိုချင်ဂလတ်ဘတ်နဲ့ သရေကျခဲ့လို့ နောက်တစ်ဆင့် တက်နိုင်ဖို့ စိုးရိမ်ခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အင်တာမီလန်နဲ့ ပွဲစဉ် ၂ ပွဲဆက် အနိုင်ရခဲ့တာကြောင့် ရှုံးထွက်တက်ရေး မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ရပါပြီ။ ဒီပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ်တို့ တိုက်စစ်က ကယ်ရင် ဘင်ဇီမာ ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ မာရီယာနို ဒီးရာ့ဇ်ကို အထောင်ထားပြီး အီဒင်ဟာဇက်၊ အိုဒီဂတ်၊ လူးကပ်စ် ဗက်စ်ကွက် တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဗဟို ကွင်းလယ်နေရာမှာ လူကာမိုဒရစ်၊ တိုနီခရူးစ်၊ နောက်တန်းမှာ ဖာလန်းမန်ဒီ၊ နာချိုဖာနန်ဒက်စ်၊ ရာဖေးလ် ဗာရန်း၊ ကာဗာဟယ် တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် အင်တာမီလန်ကတော့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အတွက်ဆိုရင် ဒီပွဲကို အနိုင်ရဖို့ လိုအပ်ခဲ့လို့ နည်းပြ ကွန်တီ အနေနဲ့ တိုက်စစ် အသားပေးကစားပုံကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်မှာ လူကာကူ၊ လော်တာရို မာတီးနက်ဇ် တို့ နှစ်ဦးကို အထောင်ထားပြီး ကွင်းလယ်မှာ ဘာရယ်လာ၊ ဟာကီမီ၊ အာတူရို ဗီဒယ်၊ ဂီလီရာဒီနီ၊ အက်ရှ်လေယန်း၊ နောက်တန်းမှာ ဆစ်ခ်နေး၊ ဒီဗရစ်ချ်၊ ဘက်စတိုနီတို့နဲ့ ပွဲထွက် လာပါတယ်။ ဆန်ဆီရိုမှာ ကစားတိုင်း နိုင်ပွဲမရခဲ့တဲ့ ရလဒ်ဆိုးတွေကနေ ရုံးထွက်ဖို့ ရီးရဲယ်မက်ဒရစ်နည်းပြ ဇီဒန်းအနေနဲ့ အသင်းကို အားစိုက်ကစားစေ ခဲ့တယ်ဆိုတာ ပွဲပြီး အချက်အလက် တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ရီးရဲမက်ဒရစ်တို့ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်နိုင်မှု အပိုင်းမှာပါ အသာရခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာ ၁၄ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုကတော့ ၅ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒီပွဲရဲ့ အလှည့်အပြောင်းကတော့ အင်တာမီလန် ကွင်းလယ်က အာတူရို ဗီဒယ် ပွဲချိန် ၃၃ မိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခံရမှုကြောင့်လို့ ပြောလို့ရခဲ့ပြီး ကွန်တီရဲ့ အင်တာမီလန်တို့ အမှားတွေ တောက်လျောက် ပြုလုပ်ခဲ့တယ်လို့ ဆိုရမှာပါ။ ရီးရဲယ်မက်ဒရစ် အတွက် သွင်းဂိုးတွေကိုတော့ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာရဲ့ အမှားကတဆင့် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာတင် ဟာဇက်က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ် အရောက်မှာတော့ လူစားဝင်ကစားသမား ရိုဒရီဂိုက ဝင်ဝင်ချင်းမှာတင် ဒုတိယ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် အင်တာမီလန် တောင်ပံက ဟာကီမီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု အဖြစ်သတ်မှတ်ခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ၂ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အင်တာမီလန်ကတော့ အခု အခြေအနေအရ ဆိုရင် နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ဆင်းကန်ရဖို့ အခြေအနေများသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
အခုနှစ် ချန်ပီယံလိဂ် အုပ်စု B မှာ နိုင်ပွဲလုံးဝ မရသေးတဲ့ အင်တာမီလန်

ဒီပွဲမှာ အရင်ဆုံး ပြောစရာ ရှိတာက အင်တာမီလန်ကွင်းလယ်လူ အာတူရို ဗီဒယ် အကြောင်းပါ။ အိမ်ကွင်းမှာ ရီးရဲယ်မက်ဒရစ်ကို ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ကွန်တီရဲ့အင်တာမီလန်အသင်းသား အာတူရို ဗီဒယ်လ်ဟာ မတူညီတဲ့ ကလပ် ၃ခုနဲ့ ချန်ပီယံလိဂ်မှာ အထုတ်ခံရဖူးတဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ထဲက အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ချီလီနာမည်ကြီး အနေနဲ့အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ အသင်းဆိုတဲ့ မတူညီတဲ့ ကလပ်၃သင်းနဲ့ ချန်ပီယံလိဂ် ကစားခဲ့ရာမှာ ၃သင်းလုံးမှာ အနီကဒ်ထိခဲ့ဖူးတာဖြစ်ပြီး သူ့အရင် ဒီလို မှတ်တမ်းဆိုးရှိခဲ့တဲ့ သူတွေက ဆွီဒင်နတ်ဘုရားကြီးဇလာတန်၊ အာဆင်နယ် ကပ္ပတိန်ဟောင်း ပက်ထရစ်ဗီအဲရာတို့ ဖြစ်ကြပါတယ်။ ရီးရဲယ်မက်ဒရစ် အသင်းကတော့ အခုနို်ငပွဲကြောင့် ချန်ပီယံလိဂ် ရှုံးထွက် အဆင့် တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းခဲ့သလို နည်းပြ ဇီဒန်း အနေနဲ့ လည်း ဖိအားတွေ နဲ့ ဝေဖန်မှုတွေ အောက်ကနေ ရုံးထွက် နိုင်ခဲ့ပါတယ်။ အင်တာမီလန်ကတော့ အခု အခြေအနေအရ ဆိုရင် နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ်ကို ဆင်းကန်ရဖို့ အခြေအနေများသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
 

လာမယ့် ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့်ရက်မှာ ဆာဆူအိုလို နဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ရှိနေပြီး ချန်ပီယံလိဂ်မှာတော့ မိုချင်ဂလတ်ဘတ်နဲ့ ကစားဖို့ရှိနေပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ လာလီဂါမှာ အလာဗက်စ်နဲ့ ကစားဖို့ရှိသလို ချန်ပီယံလိဂ် မှာတော့ ရှက်တာဒိုးနက်စ်နဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်