နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးနဲ့ အင်တာမီလန်ဆီက သရေတစ်မှတ် ခွဲယူခဲ့တဲ့ ရိုးမား – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

ရိုးမား ၂ – ၂ အင်တာမီလန်

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် တစ်ပွဲမှာတော့ ရိုးမားနဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်း တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အိမ်ရှင် ရိုးမားတို့ နောက်ခံကစားသမား မန်စီနီရဲ့ နောက်ကျဂိုးနဲ့အတူ အင်တာမီလန် ဆီကနေ သရေ တစ်မှတ် ခွဲယူသွားခဲ့ပါတယ်။

လက်ရှိ စီးရီးအေမှာ ရလဒ်တွေ ကောင်းနေခဲ့တဲ့ ရိုးမားတို့ အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက်နဲ့ အတူ တစ်ပွဲချင်း ကျော်ဖြတ်နေပြီး အခုပွဲမှာလည်း အဓိက ပြိုင်ဘက် အင်တာမီလန်ကို အိမ်ကွင်းမှာ အသာစီးရယူ ကစားနိုင်ဖို့ အတွက် ပြင်ဆင်လာခဲ့ပါတယ်။ တိုက်စစ်မှာ ဝါရင့်ကစားသမားကြီး ဒီဂျက်ကို ကို အထောင်ထားပြီး ပယ်လီဂရီနီ၊ မက်ခီတာရန်၊ ဗယ်ရီတောက်၊ ဗေလာ၊ စမောလင်း၊ မန်ချီနီတို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့သလို အင်တာမီလန် ဘက်မှာလည်း လူကာကူ၊ လော်တာရိုမာတီနက်ဇ်၊ ဗီဒယ်၊ ဒါမီယန်၊ ဘရိုဇိုဗစ်၊ ဘာရယ်လာ၊ ဟာကီမီ၊ ဒီဗရစ်ဂျ်၊ ဆစ်ခရီနေး တို့ပါဝင်လာခဲ့ပါတယ်။ ရိုးမားတို့ ပွဲချိန် ၁၇ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး မက်ခီတာရန်ရဲ့ ပေးပို့မှုကနေ ပယ်လီဂရီနီက အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ရိုးမားတို့ ၁-၀ နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပွဲစတင်ချိန်မှာတော့ အင်တာမီလန်တို့ ချေပဂိုးရဖို့အတွက် အားစိုက်ကစားလာခဲ့လို့ ပွဲချိန် ၅၆ မိနစ်မှာ ဘရိုဇိုဗစ်ရဲ့ ဒေါင့်ကန်ဘော ကန်တင်ပေးပို့မှုကနေ ဆစ်ခရီနေးက ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ၆၃ မိနစ်မှာ ဘရိုဇိုဗစ်ရဲ့ ပေးပို့မှုကနေပဲ ဟာကီမီက ဒုတိယ ဦးဆောင်ဂိုးကို သွင်းခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ အင်တာမီလန်တို့ ဦးဆောင်နေခဲ့ပါတယ်။ အဲ့နောက်မှာတော့ အိမ်ရှင်တို့ အင်တာမီလန်ဘက်ကို တရစပ်ဖိအားပေး တိုက်စစ်ဆင်လာခဲ့ပြီး ၈၆ မိနစ်မှာ ရိုးမားတို့ အဖိုးတန် ချေပဂိုးရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဂီယန်လူကာ မန်ချီနီက လှလှပပ ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်ချိန်အထိ သွင်းဂိုးတွေ ထပ်မတွေ့ခဲ့ရလို့ ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

နှစ်သင်းစလုံး စီးရီးအေ အမှတ်ပေးချန်ပီယံဆု ရရှိရေး ပြေးလမ်းပေါ်မှာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ အေစီမီလန် ကို ဆက်လက် ဖိအားပေးနိုင်ဆဲ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အင်တာမီလန်

ရိုးမားတို့ အခုပွဲရလဒ်ကြောင့် ၁၇ ပွဲကစားပြီး ၃၄ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပြီး အင်တာမီလန်ကလည်း ရမှတ် ၃၇ မှတ် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ နှစ်သင်းစလုံး စီးရီးအေ အမှတ်ပေးချန်ပီယံဆု ရရှိရေး ပြေးလမ်းပေါ်မှာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ အေစီမီလန် ကို ဆက်လက် ဖိအားပေးနိုင်ဆဲ ဖြစ်ပါတယ်။ အသင်းကောင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့အတိုင်း ဒီနေ့ပွဲဟာ တော်တော်လေး ကြည့်ကောင်းခဲ့ပြီး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ နှစ်သင်းပေါင်း ဂိုးပေါက် ခြိမ်းခြောက်မှု ၃၁ ကြိမ်အထိ ရှိခဲ့ပြီး နှစ်ဖက် ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုကြောင့် အနိုင်အရှုံး အဖြေမပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ရိုးမားတို့ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ လာဇီယိုနဲ့ ရောမဒါဘီပွဲစဉ် ကစားရဖို့ ရှိနေပြီး အင်တာမီလန်ကတော့ ဖီအိုရင်တီးနား ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်