နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရပ်တန့်လို့ မရတဲ့ ခြေစွမ်းနဲ့ ဟမ်းမားတွေကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ခဲ့တဲ့ စိန့် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

ဆောက်သမ်တန် ၃-၁ ဝက်စ်ဟမ်း

အက်ဖ်အေဖလား ပဥ္စမအဆင့်ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းကို စိန့်မေရီမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်း ထက်မြတ်နေတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ်တဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး အဆုံးသတ် ပိုကောင်းတဲ့ ဆောက်သမ်တန်တို့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဆောက်သမ်တန်တို့ ပုံမှန် ပွဲထွက်နေကျ ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပေမယ့် လူစာရင်း ကိုတော့ အနည်းငယ် အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။ တိုက်စစ်မှာ အမ်းစတောင်းနဲ့ ရှိန်းလောင်းကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ် မှာတော့ ဝက်ဒ်ပရောက်စ်၊ ဒိုင်ယာလို၊ ဒီဂျန်ပို၊ စမောဘုန်း၊ ခံစစ်မှာ ပါရောက်ဒ်၊ စတီဖန်စ်၊ ဗယ်လာရီ၊ ဝေါလ်ကာ ပီတာ၊ ကာဘယ်လီယို တို့ ပါဝင်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ ၃-၄-၃ အခင်းအကျင်းမှာ အန်တိုနီရို၊ လန်ဇီနီ၊ ဘိုဝင်တို့ တိုက်စစ်က ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ ဖော်နယ်စ်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ ဂျွန်ဆင်၊ ခံစစ်မှာ ဒီယော့ပ်၊ ကတ်ဇူးမား၊ ဒေါ်ဆန်၊ အာရီယိုလာ တို့ ပွဲထွက်လာခဲ့ပါတယ်။

စီးရီးအေ
ဂျီနိုအာ
အမ်ပိုလီ
1X2 သရေ @ 3.15
ဂျီနိုအာ အာရှ ဟန်းဒီးကပ် -0.25 @ 2.17
ဂိုးအောက် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လျင်မြန်မှု အသားပေးပြီး တိုက်စစ် ထက်မြတ်တဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက် အနည်းငယ် ရှိနေကြလို့ ပွဲချိန် မိနစ် ၃၀ ကျော်မှာ သွင်းဂိုးတွေ စတင် မြင်တွေ့ခဲ့ရပါတယ်။ ဦးဆောင်ဂိုး စတင် ရရှိခဲ့တာ ကတော့ အိမ်ရှင် ဆောက်သမ်တန် တို့ပဲ ဖြစ်ပြီး ပီတာရဲ့ ထိုးပေးမှု တဆင့် ပါရောက်ဒ် က ၁၈ ကိုက်စည်း အပြင် ကနေ ဂိုးသမားရဲ့ ဘယ်ဘက် အပေါ် ထောင့်ထဲကို လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ စိန့်တို့ ဒီဂျန်ပို အစား စတူးဝပ် အမ်းစတောင်း၊ ရှိန်းလောင်း အစား ဘရိုဟာ၊ ပီတာ အစား လစ်ဗရာမန်တို တို့ ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ဆိုရှက်ခ် ကို ထုတ်ပြီး ဘန်ရားမားနဲ့ လူစားလဲခဲ့ချိန် မှာတော့ တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ မစ်ချယ် အန်တိုနီယိုက ဆောက်သမ်တန် နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ ကြားက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းတို့ ရာသီ အစမှာ ခြေစွမ်း ထက်မြတ်ခဲ့ပေမယ့် တဖြည်းဖြည်း ခြေပြန်ကျလာခဲ့လို့ အခု ဆိုရင် ခရာဘောင် ကနေရော အက်ဖ်အေဖလား ကနေပါ လက်ပြခဲ့ရပြီ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့တဲ့ ဝက်စ်ဟမ်း

အဲ့နောက်ပိုင်း ပွဲက ပိုပြီး အပြန်အလှန် ရှိလာခဲ့သလို ပွဲချိန် ၆၉ မိနစ် မှာတော့ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ခရိတ်ဂျ် ဒေါ်ဆင်ရဲ့ ဧရိယာထဲမှာ ဥပဒေပြင်ပ ဖျက်ထုတ်မှု ကနေ စိန့်တို့ ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ဂျိမ်းစ် ဝက်ဒ်-ပရောက်စ်က အမှားအယွင်း မရှိ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာလည်း စိန့် တို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၅ မိနစ်မှာ တတိယဂိုး ထပ်မံ သွင်းယူပြီး ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ တိုက်စစ်မှူး ဘရိုဟာက ဝက်စ်ဟမ်း နောက်ခံလူတွေကို တစ်ကိုယ်တော် လိမ်ခေါက် ကျော်ဖြတ်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန်ရဲ့ အကောင်းဆုံး ခြေစွမ်း တစ်ခုကို ထပ်မံ မြင်တွေ့ခဲ့ရတဲ့ ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဝက်စ်ဟမ်း ကလည်း ပုံစံကောင်း တစ်ခုနဲ့ ဆောက်သမ်တန်ကို ပြန်လည် တုန့်ပြန်သွားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ ပိုကောင်းတဲ့ စိန့်တို့ ဂိုးပြတ် ရလဒ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ ရာသီ အစမှာ ခြေစွမ်း ထက်မြတ်ခဲ့ပေမယ့် တဖြည်းဖြည်း ခြေပြန်ကျလာခဲ့လို့ အခု ဆိုရင် ခရာဘောင် ကနေရော အက်ဖ်အေဖလား ကနေပါ လက်ပြခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက လက်ကျန် ပွဲစဉ်တွေမှာ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ သင်း နေရာ ရရှိရေးပဲ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်းတို့ လာမယ့် မတ်လ ၆ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး ဆောက်သမ်တန် ကတော့ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်