နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကြွက်သား ဒဏ်ရာကြောင့် တစ်လ ပြန်နားရဦးမယ့် နေမာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ် တိုက်စစ်မှူး နေမာ ဂျူနီယာ ကတော့ အာရှချန်ပီယံလိဂ် ပွဲစဉ်တွင် ကြွက်သား ဒဏ်ရာ ထပ်မံရရှိပြီး တစ်လ ဝန်းကျင်ခန့် အနားယူရဖွယ် ရှိနေခဲ့ပြန်ပြီ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ အာရှ ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲမှာသာ လူစားဝင် ကစားခဲ့ပြီး ပွဲကစားချိန်မှာလည်း စုစုပေါင်း ၄၂ မိနစ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြင်သစ် ကလပ် ပီအက်စ်ဂျီ ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အဲလ်ဟီလယ်က နေမာရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်ချက် ကြီးမားစွာနဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ အထိ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာက အခုရာသီ လူစားဝင်ကစားတဲ့ ပွဲစဉ် ၂ ပွဲ အပါအဝင် အသင်း အတွက် ၇ ပွဲသာ ပွဲထွက်ကစားထားရသေးတာ ဖြစ်ပါတယ်။

နေမာဟာ နိုဝင်ဘာလ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲလ်ဟီလာက အယ်စတယ်လာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၅၈ မိနစ်က လူစားဝင် ကစားပြီးနောက် နာရီဝက်ခန့် အကြာမှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် တစ်နှစ်ကျော် အကြာ အနားယူခဲ့ရပြီးတော့ နှစ်ပွဲသာ လူစားဝင် ကစားပြီး ဒဏ်ရာ ပြန်လည် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဲလ်ဟီလယ်က ဆော်ဒီပရိုလိဂ်မှာ ၉ ပွဲ ကစားပြီးချိန် အထိ ၈ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
မကြာခင် အသင်းပြောင်းရွှေ့ဖွယ် ရှိနေတဲ့ အဲလ်ဟီလယ်

နေမာက “ဒါက ကြွက်တက်သလိုမျိုးပဲ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် အရမ်းကို မာနေခဲ့တယ်။ ကျွန်တော့် အနေနဲ့ စမ်းသပ်မှု တချို့တော့ ပြုလုပ်သွားရမှာပါ။ ပြင်းပြင်းထန်ထန် မဖြစ်ဖို့တော့ မျှော်လင့်ထားပါတယ်။ တစ်နှစ်ကြာ အနားယူပြီးချိန်မှာ ဒီလိုအရာတွေ ဖြစ်လာတာက သာမန်ပါပဲ။ ဆရာဝန်တွေ ကလည်း ကျွန်တော့်ကို သတိပေးပြီးသားပါ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ပွဲကစားချိန် ပိုရဖို့ ဂရုတစိုက် ကစားရပါမယ်” လို့ Instagram ကနေ တဆင့် ဒဏ်ရာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့သည်။

နေမာရဲ့ အခုလို ပြောပုံအရတော့ ဒဏ်ရာ သိပ်ပြီး မပြင်းထန်ပုံရပေမယ့်လည်း သတင်းတွေ အရတော့ ဘရာဇီးလ်သားက တစ်လ နီးပါး ထပ်ပြီး အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။ နေမာရဲ့ အဲလ်ဟီလယ် ကတော့ ဆော်ဒီပရိုလိဂ် မှာရော၊ ချန်ပီယံလိဂ် မှာပါ ရှုံးပွဲ လုံးဝ မရှိသေးသလို ရလဒ်တွေ ကောင်းမွန်နေတဲ့ အသင်း ဖြစ်ပါတယ်။ အဲလ်ဟီလယ်က ဆော်ဒီပရိုလိဂ်မှာ ၉ ပွဲ ကစားပြီးချိန် အထိ ၈ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဒါ့အပြင် အာရှ ချန်ပီယံလိဂ်မှာလည်း ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ Elite ဇယားကို ဦးဆောင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်