GOAT ကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့ကို မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီ တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အဲလ်နာဆာ မှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် ခြေစွမ်းပြ ကစားပေးနေပြီးတော့ လက်ရှိ ရာသီအကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုကို ပြင်သစ် လီဂူးဝမ်း ထိပ်သီး ကလပ် ပီအက်စ်ဂျီနဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး တို့က ယခု ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အဲလ်နာဆာကို ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီ အလယ်လောက်မှာ ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုကာ အခုရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ အဲလ်နာဆာ တို့ဟာ လက်ရှိအချိန်အထိတော့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးထားခြင်းမျိုး မရှိသေးပါဘူး။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ် မှာ အနာဂတ် မသေချာတော့ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပြီး ဥရောပထိပ်တန်း အသင်းကြီး တစ်သင်းထံ ပြန်လည် ပြောင်းရွှေ့မယ်လို့ သတင်းတွေ ကြီးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုက “ကျွန်တော် ဒီမှာ ပျော်နေသလို၊ ကျွန်တော့်ရဲ့ မိသားစုလည်း ဒီမှာ ပျော်ရွှင်နေပါတယ်။ ဒီလိုမျိုး လှပတဲ့ တိုင်းပြည်မှာ ကျွန်တော်တို့ ဘဝသစ် တစ်ခုကို စတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဘဝက ကောင်းသလို၊ ဘောလုံး ကလည်း ကောင်းပါတယ်။ တစ်ဦးချင်း အပြင် ဒီမှာ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အရာတွေ အားလုံးပေါ့။ ကျွန်တော်က တိုးတက်နေတုန်းပါပဲ။ အဲလ် ဟီလယ်၊ အဲလ် အစ်တီဟတ် တို့လို အသင်းတွေ ကိုတော့ ယှဉ်နိုင်ဖို့ တော်တော်လေး ခက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက် တွန်းအားပေးပြီးတော့ တိုက်ပွဲဝင်ဖို့ ဒီမှာ ရှိနေတာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဘောလုံးက ဒီလိုပါပဲ။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိသလို၊ ဆိုးရွားတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် အဖို့ အရေးအကြီးဆုံး အရာက ပရော်ဖက်ရှင်နယ်ဆန်ဖို့ ဖြစ်ပါတယ်။ နောက်ပြီး ပြင်းပြင်းထန်ထန် တွန်းအားပေးဖို့၊ ကလပ်ကို လေးစားဖို့နဲ့ စာချုပ်ကို လေးစားဖို့လည်း လိုအပ်ပါသေးတယ်။ ဒါ့အပြင် အဲလ်နာဆာ အတွက် ဆုဖလားတွေ ပိုမို ရရှိရေး အတွက် ကြိုးပမ်းပြီး ပြောင်းလဲမှုတွေလည်း လုပ်နိုင်မယ် လို့လည်း ယုံကြည်ပါတယ်။ အာရှ ချန်ပီယံလိဂ် ဖလားက ကလပ်အတွက် ကျွန်တော် ရယူပေးလိုတဲ့ အရာ တစ်ခုပါပဲ။ ဒါပေမဲ့ အရေးအကြီးဆုံးက ဆက်လက် တွန်းအားပေးပြီး ပရော်ဖက်ရှင်နယ်ဆန်ဖို့ပါပဲ။” လို့ ရော်နယ်ဒိုက ဆော်ဒီ မီဒီယာ တစ်ခုကို ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၄၀ ပြည့်တော့မှာ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ဂိုးတွေ သွင်းယူရင်း ပုံစံကောင်း တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဲလ်နာဆာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ကမ္ဘာ့လုပ်ခ လစာ အများဆုံး အားကစားသမား အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပြီး တစ်ပတ် လုပ်ခ ဒေါ်လာ ၄ သန်းကျော်နဲ့ တစ်နှစ် လုပ်ခ ဒေါ်လာ သန်း ၂၁၀ ကျော် ရရှိနေသူ ဖြစ်ပါတယ်။
ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် ၈၉ ပွဲ ကစားကာ ဂိုး ၈၀ သွင်းယူထားပါတယ်။ ဒီရာသီမှာလည်း ရော်နယ်ဒိုက ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားကာ ၁၆ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ကစားသမားဘဝ သွင်းဂိုး ၉၁၆ ဂိုး အထိ ရရှိထားပြီးတော့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ မျှော်လင့်ထားသလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ကိုလည်း ပါဝင် ဆင်နွှဲလိုနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.