နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ ခုနှစ် ဇွန်လ အထိ အဲလ်နာဆာမှာပဲ ဆက်ရှိနေတော့မယ့် ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ၂၀၂၆ ခုနှစ် ဇွန်လ အထိ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၄၀ ပြည့်မယ့် ရော်နယ်ဒိုက စာချုပ်သစ် မှာလည်း တစ်နှစ် ယူရို သန်း ၂၀၀ (အမေရိကန် ဒေါ်လာ ၂၀၄ သန်း) ရရှိမှာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ မီဒီယာ A Bola ကတော့ ရော်နယ်ဒိုရဲ့ စာချုပ်သစ်ဟာ လက်မှတ်ထိုးကြေး၊ ပုံရိပ် မူပိုင်ခွင့်တေ အပေါ်မှာ မူတည်နေပြီးတော့ ယူရို သန်း ၂၀၀ အထက်တောင် ရှိနိုင်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ရော်နယ်ဒိုက ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက် ကနေ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို နှစ်နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ လက်ရှိ စာချုပ် ကတော့ ဒီရာသီအကုန်မှာ သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ စာချုပ်ပါ သဘောတူညီချက်တွေအရ တစ်နှစ် သက်တမ်း တိုးခွင့် ရှိပြီး ဒီအချက်ကို နှစ်ဦးနှစ်ဖက် အကောင်အထည်ဖော် အသက်သွင်းခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။

သူ့ အနေနဲ့ ဆော်ဒီပရိုလိဂ်ကို မပြောင်းရွှေ့ခင် ၂၀၂၂ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၁၅ သန်းသာ ရှိခဲ့ပေမယ့် ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေ အတွင်း အဲလ်နာဆာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဝင်ငွေ များစွာ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ ဘောလုံး လောကရဲ့ အချမ်းသာဆုံး ကစားသမား ဖြစ်နေတဲ့ ရော်နယ်ဒို

ဒါကြောင့် ရော်နယ်ဒို အနေနဲ့ တစ်လကို ဒေါ်လာ ၁၇ ဒသမ ၇၅ သန်း၊ တစ်ပတ်ကို ဒေါ်လာ ၄ ဒသမ ၄၃ သန်း၊ တစ်ရက်ကို ၆၃၃၉၂၈ ဒေါ်လာ၊ တစ်နာရီကို ၂၄၄၁၃ ဒေါ်လာ၊ တစ်မိနစ်ကို ၄၀၆ ဒသမ ၈၈ ဒေါ်လာ၊ တစ်စက္ကန့်ကို ၆ ဒသမ ၇၈ ဒေါ်လာ ရရှိနေမှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ လက်ရှိ စာချုပ်သစ်ကြောင့် အသက် ၄၁ နှစ်ကျော် အထိ မျက်ခင်းစိမ်းပေါ်မှာ ဆက်ရှိနေဖို့ ကျိန်းသေနေပြီလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ စာချုပ်သစ် ကတော့ အားကစား သမိုင်းမှာ တန်ဖိုး အမြင့်ဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်က ဆော်ဒီအာရေဗျ နိုင်ငံမှာ ကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားရဲ့ သံတမန်လည်း ဖြစ်ပြီးတော့ ဘောလုံးသမား ဘဝ ကနေ အနားယူချိန်မှာတော့ ဆော်ဒီအာရေဗျမှာ ဘောလုံး အဆင့်အတန်း မြှင့်တင်ရေးနဲ့ ပြိုင်ပွဲတွေ လက်ခံကျင်းပခွင့် ရရှိရေးတွေ အတွက် အဓိက လုပ်ကိုင်ရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ ရော်နယ်ဒိုရဲ့ လက်ရှိ ၂ နှစ်ခွဲ စာချုပ် တန်ဖိုး ကတော့ အမေရိကန် ဒေါ်လာ ၆၇၄ သန်း ရှိပြီးတော့ မက်ဆီ (၅၃၆ သန်း) ရဲ့ အထက်မှာ ရပ်တည်နေပါတယ်။ Forbesရဲ့ မှတ်တမ်းတွေ အရ ရော်နယ်ဒို အနေနဲ့ လက်ရှိမှာ ကြွယ်ဝ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိ ရှိနိုင်ကြောင်းလည်း သိရပါတယ်။ သူ့ အနေနဲ့ ဆော်ဒီပရိုလိဂ်ကို မပြောင်းရွှေ့ခင် ၂၀၂၂ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၁၅ သန်းသာ ရှိခဲ့ပေမယ့် ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေ အတွင်း အဲလ်နာဆာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဝင်ငွေ များစွာ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်