နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော်မီနေးရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဗီလာကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်သွားတဲ့ မန်ယူနိုက်တက် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၁-၀ အက်စတွန်ဗီလာ

မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကတော့ မျှော်လင့်ထားတဲ့ အတိုင်း အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အက်စတွန်ဗီလာ အတွက် ကတော့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲဆက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး နောက်ထပ် တစ်ကြိမ် တတိယအဆင့် ကနေပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်စတွန်ဗီလာ

ဒီနေ့ပွဲမှာ ယူနိုက်တက် နည်းပြ ရက်ဖ် ရန်းနစ်ခ် အနေနဲ့ ၄-၂-၂-၂ အစား ပုံမှန် ၄-၂-၃-၁ ကိုပဲ ပြန်လည် အသုံးပြုခဲ့ပြီး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကိုတော့ လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတဲ့ အတိုင်း ယူနိုက်တက်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အက်ဒီဆင် ကာဗာနီ၊ ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံမှာ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်မှာ တော်မီနေးနဲ့ ဖရက်ဒ်၊ ခံစစ်မှာ ဒါးလော့၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ ဂိုးမှာတော့ ဒါးဗစ် ဒက်ဟဲယားပဲ ပါဝင်လာခဲ့ပါတယ်။ ဂျရတ်ရဲ့ အသင်း မှာတော့ ကော်တင်ဟို ကြံခိုင်မှု မပြည့်သေးလို့ လွဲချော်ခဲ့ပေမယ့် အင့်ဂ်၊ ဝက်ကင်န်၊ ဘူအန်ဒီရာ၊ လူးဝစ်ဇ်၊ မက်ဂင်း၊ မင်းဂ်စ်၊ တားဂတ်၊ ကတ်ရှ်၊ မာတီနက်ဇ် တို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲစကတည်းက နှစ်သင်းလုံး လျင်လျင်မြန်မြန်နဲ့ ကစားခဲ့ကြပြီး ယူနိုက်တက်တို့ တောင်ပံ နှစ်ဖက်လုံး ကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့သလို အက်စတွန်ဗီလာ ကလည်း အခွင့်အရေး ရရင် ရသလို တန်ပြန် တိုက်စစ်နဲ့ ပြန်လည် တုန့်ပြန်လာခဲ့ပါတယ်။ ဗီလာ နောက်တန်းကို တရစပ် ထိုးဖောက်နေတဲ့ ယူနိုက်တက်တို့ ပွဲအစ ၈ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပြီး ဖရက်ဒ်ရဲ့ ဖြတ်တင် ပေးပို့မှုကို စကော့ မက်တော်မီနေးက အပိုင်ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဗီလာတို့ အိမ်ရှင် အသင်း ဘက်ကို ပြန်လည် ဖိအားပေးနိုင်ခဲ့ပြီး လင်ဒီအော့ဖ်နဲ့ ဗာရန်း အမှားနည်းခဲ့သလို ဒန်နီအင့်ဂ်ရဲ့ အဆုံးသတ် လိုအပ်ချက်တွေကြောင့် ယူနိုက်တက်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ချေပဂိုး ရဖို့ ပိုပြီး ရုန်းလာတဲ့ ဧည့်သည် အသင်းရဲ့ ကစားပုံကြောင့် ယူနိုက်တက်တို့ တဖြည်းဖြည်း အမှားများလာခဲ့သလို ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုတွေကိုပဲ အတတ်နိုင်ဆုံး အမှားနည်းနည်းနဲ့ ကာကွယ်နေခဲ့ရပါတယ်။ အမှန်တကယ်လည်း အက်စတွန်ဗီလာတို့ ၄၉ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ ဂိုးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် VAR က နှစ်ကြိမ်စလုံးကို သွင်းဂိုး အဖြစ် ခွင့်မပြုပေးခဲ့လို့ ဗီလာ အတွက် ကံဆိုးလွန်းခဲ့ပြီး ယူနိုက်တက် အတွက် ကတော့ ကံကောင်းခဲ့တယ်လို့ပဲ ဆိုရပါမယ်။ လက်ကျန် မိနစ်တွေမှာ ဂျရတ်ရဲ့ အသင်းက တိုက်စစ် ထပ်မြှင့်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ရဖို့ မစွမ်းဆောင်နိုင်ခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ အက်ဖ်အေဖလား စတုတ္တအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
နော်ဝစ်မြို့
1X2 သရေ @ 5.20
ဂိုးပေါ် 3.00 @ 2.19
ဂိုးပေါင်း 2-3 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အက်စတွန်ဗီလာနဲ့ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ အမြဲတမ်း နီးပါး အသာရခဲ့တဲ့ ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ ခြေစွမ်းရော၊ ကံတရားပါ အသာရခဲ့တယ်လို့ ဆိုရပါမယ်။ အက်စတွန်ဗီလာ ထက် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ် ဆိုပေမယ့် အကယ်၍ ပယ်ဖျက်ခံရတဲ့ ဗီလာရဲ့ သွင်းဂိုး ၂ ဂိုးထဲ ၁ ဂိုးသာ ခွင့်ပြုခံလိုက်ရမယ် ဆိုရင် ပွဲအဖြေ တမျိုး ပြောင်းသွားနိုင်ပါတယ်။
အရင် ပွဲတွေ ကထက် ခြေစွမ်းပိုင်း တိုးတက်လာတာ တွေ့ရပေမယ့် အားရစရာ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ရော်နယ်ဒို မပါခြင်းဟာ ယူနိုက်တက် အတွက် ဘယ်လိုမျိုး သက်ရောက်မှု ရှိနိုင်သလဲ ဆိုတာ ပြောရခက်နေဆဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၉ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးသာ ရခဲ့တဲ့ တိုက်စစ်ပိုင်းက အဆုံးသတ် လိုအပ်ချက် ရှိနေဆဲ မို့လိုပါပဲ။

အက်စတွန်ဗီလာ အတွက် ကတော့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲဆက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး နောက်ထပ် တစ်ကြိမ် တတိယအဆင့် ကနေပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ ယူနိုက်တက် ကတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ မစ်ဒယ်ဘရော့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ ရှုံးထွက် တက်ရေး အခြေအနေ ကောင်းသွားတယ် လို့ပဲ ဆိုရပါမယ်။


လာမယ့်ပွဲစဉ်များ

ဒီနှစ်သင်း ကတော့ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အဖြစ် ဗီလာပါ့ခ်မှာ ထပ်မံ တွေ့ဆုံ ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်