နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တာဒစ်၊ မီထရိုဗစ်တို့ရဲ့ ဂိုးတွေ နဲ့အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခဲ့တဲ့ ဆားဘီးယား | ကမ္ဘာ့ဖလားခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

ပေါ်တူဂီ ၁ – ၂ ဆားဘီးယား

မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဆာဘီးယား တို့ရဲ့ ပွဲစဉ် မှာတော့ ဆာဘီးယားတို့ မီထရိုဗစ်ရဲ့ နောက်ကျဂိုးနဲ့ ပေါ်တူဂီကို အနိုင်ရပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို မြင်တွေ့ခဲ့ရပြီး ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာချင်း အတူတူ ဆားဘီးယားက တစ်ပန်းသာခဲ့တယ် လို့ပဲ ဆိုရပါမယ်။ နာမည်ကြီး ပေါ်တူဂီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် Play-Off ပွဲစဉ် ဆက်ပြီး ကစားရတော့ မှာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

နာမည်ကြီး ပေါ်တူဂီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် Play-Off ပွဲစဉ် ဆက်ပြီး ကစားရတော့ မှာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ပေါ်တူဂီ

သရေ ၁ မှတ် ရရင်တောင် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခွင့် ရှိပေမယ့် ပေါ်တူဂီတို့ ထင်ထား သလောက် မစွမ်းနိုင်ခဲ့ပါဘူး။ စီရော်နယ်ဒို၊ ဂျိုတာ၊ ဘာနာဒိုဆေးဗားလ်၊ မော်တင်ဟို၊ ရီနာတိုဆန်းချက်ဇ် အစရှိတဲ့ ကစားသမားအစုံ ပါဝင်ခဲ့ပေမယ့် ပေါ်တူဂီတို့ ဖိအားများခဲ့ပါတယ်။ ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ ဆားဘီးယား ကတော့ ၃-၅-၁-၁ ကစားကွက် အခြေခံပြီး တာဒစ်၊ ဆာဗစ်၊ လူကစ်၊ ကိုစတစ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာ ကတည်းက အိမ်ရှင်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ရီနာတိုဆန်းချက်ဇ်က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဂိုးစောစောစီးစီး ရခဲ့တဲ့အတွက် ဆားဘီးယားရဲ့ ဖိအားပေးမှုကို ပေါ်တူဂီတို့ ပိုပြီး ရင်ဆိုင်ခဲ့ရပါတယ်။ အားသာတဲ့ တောင်ပံတိုက်စစ်တွေ ကနေတဆင့် ဂိုးထပ်ရဖို့ အားစိုက်ခဲ့ပေမယ့် ဆားဘီးယား နောက်တန်းကလည်း အမှားအယွင်း နည်းခဲ့ပါတယ်။ ကစားကွက်ပိုင်း အရ ဆားဘီးယားက ပိုပြီး အသာရခဲ့သလို အခွင့်အရေးပိုင်းလည်း ပိုရခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာတော့ တာဒစ်က အဖိုးတန် ချေပဂိုး ရယူပေးခဲ့တဲ့ အတွက် ဆားဘီးယားတို့ သက်သာရာ ရခဲ့ပါတယ်။  နောက်ပိုင်း ပွဲချိန်မှာတော့ နှစ်သင်းလုံး ကစားကွက်ပိုင်း ထိန်းကစားလာခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ မီထရိုဗစ် ဝင်လာခဲ့ပြီးတဲ့နောက် ဆားဘီးယား တိုက်စစ် ပိုပြီး သွက်လက်ခဲ့သလို ပေါ်တူဂီ နောက်တန်းလည်း အလုပ်ပိုရှုပ်လာခဲ့ပါတယ်။ ၃-၄-၃ ပုံစံနဲ့ ထပ်တူ ပြောင်းကစားခဲ့ ပြီးနောက် ပေါ်တူဂီတို့ ဂိုးမပေးရဖို့ အတွက်ပဲ အာရုံစိုက်ခဲ့ရပါတယ်။ ပွဲချိန်မိနစ် ၇၀ နောက်ပိုင်းမှာတော့ ဆားဘီးယားတို့ ပိုပြီး ဖိအားပေးခဲ့သလို ဂိုးရလုနီးပါး အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပေါ်တူဂီကလည်း ဂျာအိုဖီးလစ်၊ ရူဘင် နီဗက်စ်တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်တင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာ ကတော့ ဆားဘီးယား ဖြစ်နေပါတယ်။ တာဒစ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို မီထရိုဗစ်က ခေါင်းတိုက် အဆုံးသတ်ခဲ့တာကို ပေါ်တူဂီ ဂိုးသမား ပက်ထရီစီယို ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။ အဖိုးတန် ဦးဆောင်ဂိုး ရရှိခဲ့ပြီးတဲ့နောက် ဆားဘီးယားတို့ ခံစစ်ပိုင်းကို ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။ ပေါ်တူဂီ ကတော့ နောက်ကျမိနစ်မှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် ဖိအားများခဲ့ပြီး အမှားများခဲ့ပါတယ်။ ပွဲပြီးတဲ့ အထိ ချေပဂိုး မရခဲ့လို့ ဆားဘီးယားတို့ Play Off ကစားစရာ မလိုပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

 
ဆားဘီးယား အတွက် ထိုက်တန်တဲ့ အနိုင်ရလဒ်ပါ။ အုပ်စု ပွဲစဉ်တစ်လျှောက် ဖိအားတွေ ရှိခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ အမှားအယွင်း မရှိခဲ့လို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီကတော့ ဦးဆောင်ဂိုး စောစီးစွာ ရရှိခဲ့ပေမယ့် နောက်တန်း လိုအပ်ချက်ကြောင့် အခုလို ပေးဆပ်မှု ကြီးမားခဲ့ရတာပါ။ အဓိက အချက်ကတော့ ဆားဘီးယားရဲ့ ကစားအားက ပေါ်တူဂီကို အသာစီး ရယူနိုင်ခဲ့တာက အက္ခရာကျခဲ့ပါတယ်။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားခြင်း အတူတူ နည်းဗျူဟာပိုင်းအရ ဆားဘီးယားတို့ အသာရခဲ့တာပါ။ အိမ်ကွင်း ကစားရပေမယ့် ပေါ့ဆခဲ့တဲ့အတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခွင့်ကို ဆားဘီးယားထံ လွှဲပြောင်းပေးခဲ့ရတဲ့ ပေါ်တူဂီတို့ ကမ္ဘာ့ဖလား Play-Off ပွဲစဉ်တွေ ဆက်ကစားရတော့ မှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်