နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေဘရာဟမ် ကိုပါ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေတဲ့ အေစီမီလန် | စီးရီးအေ

စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန် ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တောက်လျောက်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ အက်တလက်တီကိုမက်ဒရစ် ကနေ စပိန် တိုက်စစ်မှူး အဲလ်ဗားရိုး မိုရာတာကို ခေါ်ယူထားခဲ့တဲ့ အေစီမီလန်က လက်ရှိမှာတော့ ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ အေစီမီလန်ရဲ့ တိုက်စစ်မှာ တိုက်စစ်မှူးသစ် အဲလ်ဗားရိုး မိုရာတာ အပြင် ရာဖေးလ် လီယာအို၊ လူကာ ယိုဗစ်၊ ကိုလွန်ဘို၊ ခရစ္စတီယန် ပူလီဆစ်ခ်၊ ချူကွယ်ဇီ၊ အိုကာဖော တို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း မိုရာတာနဲ့ လူကာ ယိုဗစ် တို့ နှစ်ဦးသာ အထောင် တိုက်စစ်နေရာ အတွက် ကောင်းကောင်း ကစားနိုင်တာကြောင့် အေစီမီလန်က တမ်မီ အေဘရာဟမ်ကို ထပ်မံ ခေါ်ယူ အားဖြည့်ချင်လာခဲ့တာ ဖြစ်ပါတယ်။ ရိုးမား ကလည်း လက်ရှိမှာ ဂီရိုနာရဲ့ ယူကရိန်း တိုက်စစ်မှူးလေး အာသန် ဒိုဗစ်ခ်ကို ခေါ်ယူဖို အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက် ရှိတာကြောင့် တစ်ဖက်မှာ တမ်မီ အေဘရာဟမ်ကို ရောင်းထုတ်ဖို့ များနေတာ ဖြစ်ပါတယ်။

အင်္ဂလန် တိုက်စစ်မှူး အေဘရာဟမ် ကလည်း ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ရက်ပေါင်း ၃၀၀ နီးပါး အနားယူပြီး ကတည်းက ခြေစွမ်းမပြနိုင် ဖြစ်နေခဲ့သူပါ။ ဒါကြောင့် စီးရီးအေ ကလပ် ရိုးမား ဘက်က ဒီကစားသမားကို အသင်း ကနေ ရောင်းထုတ်ဖို့ စဉ်းစားလာခဲ့ပြီး အကယ်၍ အေစီမီလန် ဘက်က သင့်တော်တဲ့ ကြေးနဲ့ ကမ်းလှမ်းလာရင်တော့ လက်ခံသွားဖွယ် ရှိနေပါတယ်။ တမ်မီ အေဘရာဟမ်က လက်ရှိမှာ ရိုးမားနဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ဒဏ်ရာတွေနဲ့ပဲ လုံးပန်းနေရတာကြောင့် ဒိုဗစ်ခ်သာ ရောက်လာခဲ့ရင်တော့ ကျိန်းသေပေါက် နေရာပျောက်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အေစီမီလန်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ အားထားရတဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကို စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် လက်လွှတ်ထားခဲ့ရပါတယ်။ ဒါ့အပြင် အေစီမီလန်က နောက်ထပ် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဒီဗော့ခ် အိုရီဂီနဲ့ ဒီကတ်တယ်လာရီ တို့ကိုပါ ဆုံးရှုံးထားရပါသေးတယ်။ ဒီအခြေအနေမှာ အေစီမီလန်က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဂျုဗင်တပ်စ်နဲ့ အတူ စီးရီးအေမှာ အချိန်တစ်ခု အကြာ ကျင်လည်ခဲ့ဖူးတဲ့ မိုရာတာကို အက်တလက်တီကိုမက်ဒရစ် ကနေ ယူရို ၁၃ သန်းနဲ့ ခေါ်ယူ အားဖြည့်ခဲ့ပြီး အခုလည်း ရိုးမားနဲ့ အနာဂတ် မသေချာတဲ့ အင်္ဂလန် တိုက်စစ်မှူး အေဘရာဟမ် ကိုပါ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းနဲ့ အတူ ကစားသမားဘဝ စတင်ခဲ့တဲ့ အေဘရာဟမ်က ဘရစ္စတိုးလ်၊ ဆွမ်ဆီး၊ အက်စတွန်ဗီလာ တို့လို အသင်းတွေမှာ ဖြတ်သန်းခဲ့ဖူးပြီး အရည်အသွေးရှိတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းပြနိုင်ချိန်တိုင်း ဒဏ်ရာရသွားတတ်တဲ့ ဒီကစားသမားက လက်ရှိမှာတော့ အရင်ကထက် ပြောင်းရွှေ့ကြေးတွေ လျော့နည်းလျက် ရှိပြီး တဖြည်းဖြည်း နာမည် ကျဆင်းလာသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်