နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ် ကွင်းလယ်လူကို အလွတ်နဲ့ ခေါ်ယူဖို့ မျှော်လင့်နေတဲ့ အေစီမီလန်၊ ဒဏ်ရာ တောထဲကနေ ရုန်းမထွက်နိုင်သေးတဲ့ ပေါ့ဘာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

လစ်ဗာပူးလ် ကွင်းလယ်လူကို အလွတ်နဲ့ ခေါ်ယူဖို့ မျှော်လင့်နေတဲ့ အေစီမီလန်၊ ဒဏ်ရာ တောထဲကနေ ရုန်းမထွက်နိုင်သေးတဲ့ ပေါ့ဘာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကွင်းလယ်လူကို အလွတ်နဲ့ ခေါ်ယူဖို့ မျှော်လင့်နေတဲ့ အေစီမီလန်

အေစီမီလန်ဟာ လစ်ဗာပူးလ် ကွင်းလယ်လူ နာဘီ ကီတာကို လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရှိရပါတယ်။ 

အသက် (၂၇) နှစ် အရွယ် ဂီနီယာ ကွင်းလယ်လူဟာ လစ်ဗာပူးလ်မှာ ဒဏ်ရာ ပြဿနာတွေနဲ့သာ ရုန်းကန်နေရပြီး လာမယ့် နွေရာသီမှာ အသင်းနဲ့လည်း စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာပါ။ 

အဲ့ဒါကြောင့်လည်း အေစီမီလန်က ဒီကစားသမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့တာပါ။ 

ဒီရာသီ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ အေစီမီလန်ဟာ ပြီးခဲ့တဲ့ ‌ဆောင်းရာသီ အပြောင်းအရွှေ့မှာ လုံလောက်တဲ့ ပြင်ဆင် အားဖြည့်မှုတွေ မပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လာမယ့် နွေရာသီ အတွက် ပစ်မှတ်တွေကို အခုတည်းက ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ 


ရီးရဲလ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်းကို ဆမ်ဒိုးရီးယား ခေါ်ယူ

စီးရီးအေ ကလပ် ဆမ်ဒိုးရီးယားဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ တိုက်စစ်မှူး ဟယ်လ်ဆေး ရိုဒရီဂွက်ဇ်ကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ 

ဆမ်ဒိုးရီးယားဟာ အဆိုပါ တိုက်စစ်မှူးကို ရာသီကုန် အထိ (၆) လ စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ကစားသမားရဲ့ အနေအထားက အသင်းနဲ့ ကိုက်ညီတာကြောင့် အခုလိုမျိုး ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဟယ်လ်ဆေးဟာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့ အတွက် ကစားရင်း ဥရောပလိဂ် ပြိုင်ပွဲ အတွေ့အကြုံရှိနှင့်ပြီးသား ကစားသမား ဖြစ်ပြီး လက်ရှိမှာ အသက် (၂၉) နှစ် အရွယ် ရှိနေပါပြီ။ 

ဒါပေမယ့် ဒီကစားသမားဟာ နောက်ဆုံး အသင်း ဖြစ်တဲ့ အန်ကာဂူချူ အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် အခုလိုမျိုးပဲ ဆမ်ဒိုးရီးယားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 


ဒဏ်ရာ တောထဲကနေ ရုန်းမထွက်နိုင်သေးတဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ပြန်လည် ကစားနိုင်မယ့် ရက်က ထပ်မံ နောက်ဆုတ်သွားခဲ့ပြန်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ 

ရာသီကြို ကာလမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ပေါ့ဘာဟာ လက်ရှိအချိန်ထိ စီးရီးအေ ကလပ်ရဲ့ ပွဲစဥ် တစ်ပွဲမှကို ပါဝင်ကစားနိုင်ခြင်း မရှိသေးဘဲ အနားယူနေရတာပါ။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်တော့မယ်လို့ ယူဆခဲ့ကြပေမယ့် လက်တွေ့ မှာတော့ ပေါ့ဘာက ဂျူဗင်တပ်စ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေမှာ ပူး‌ပေါင်းနိုင်ခြင်း မရှိသေးပါဘူး။ 

အဲ့ဒါကြောင့်လည်း သူ့အနေနဲ့ နန့်စ်နဲ့ ကစားမယ့် ယူရိုပါလိဂ် ပလေးအော့ဖ် ပွဲစဥ်မှာ ပြန်လည် ကစားနိုင်ဖို့ အတွက်သာ ထပ်မံ ပစ်မှတ်ထားရတော့မှာ ဖြစ်ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ပေါ့ဘာ အနေနဲ့ ပြန်လည် ထူထောင်‌ရေး လုပ်ငန်းစဥ်တွေ ပြီးဆုံးနေပြီ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ် အတွင်းမှာပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်