နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် နွေရာသီမှာ အိုရီဂီကို ရောင်းထုတ်တော့မယ့် အေစီမီလန်၊ အနာဂတ်နဲ့ ပတ်သက်ပြီး မတင်မကျ ပြောကြားခဲ့တဲ့ သီယာဂို မော့တာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

လာမယ့် နွေရာသီမှာ အိုရီဂီကို ရောင်းထုတ်တော့မယ့် အေစီမီလန်၊ အနာဂတ်နဲ့ ပတ်သက်ပြီး မတင်မကျ ပြောကြားခဲ့တဲ့ သီယာဂို မော့တာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ အတွက် နောက်ထပ် ရရှိတဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာမယ့် နွေရာသီမှာ အိုရီဂီကို ရောင်းထုတ်တော့မယ့် အေစီမီလန်

အေစီမီလန် အသင်း ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဒီဗော့ဂ် အိုရီဂီကို ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အိုရီဂီဟာ သူ့ရဲ့ စီးရီးအေ ပွဲဦးထွက် ရာသီမှာတင်ပဲ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဒီအခြေအနေကို သဘောမကျတဲ့ အေစီမီလန် တာဝန်ရှိသူတွေက ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် ကလပ် ဘရုဂေးနဲ့ အန်ဒါလက်ချ် တို့က စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။ အိုရီဂီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လစ်ဗာပူးလ် ကနေ အေစီမီလန်ကို (၂၀၂၆) ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စီးရီးအေ ကလပ်ဟာ လာမယ့် နွေရာသီမှာ အိုရီဂီအပြင် ဝါရင့် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် ကိုလည်း စာချုပ် သက်တမ်းတိုးမှာ မဟုတ်ဘဲ သွေးသစ်လောင်းဖို့ ပြင်ဆင်နေပါတယ်။


အေစီမီလန်ကို ရှုံးပြီးနောက် ကစားသမားတွေနဲ့ အစည်းအဝေး လုပ်ခဲ့တဲ့ စပယ်လက်တီ

နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီက အေစီမီလန်ကို လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ကစားသမားတွေနဲ့ သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ပြန်လည် ဖွင့်ဟလာခဲ့ပါတယ်။

နာပိုလီဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ စီးရီးအေ အိမ်ကွင်း ပွဲစဉ်မှာ အေစီမီလန်ကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာလည်း ထိပ်တိုက် တွေ့ဆုံနေကြပြီး ဒီပွဲရလဒ်က နာပိုလီ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို အနည်းငယ်တော့ ထိခိုက်စေခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ စပယ်လက်တီက ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို အေးအေး‌ဆေးဆေး ဆွေးနွေးခဲ့ကြောင်း၊ စကူဒက်တို ချန်ပီယံဆုကို ရယူဖို့ ခက်ခဲတဲ့ တိုက်ပွဲတွေ ရှိနေတာကို ကောင်းကောင်း သိထားကြောင်း၊ အသင်း အနေနဲ့ ဘာကိုမှ မပြီး‌မြောက်သေးကြောင်း၊ လေ့ကျင့်ခန်း ဆင်းပြီး ရှုံးပွဲနဲ့ ပတ်သတ်လို့ ပြန်လည် ဆွေးနွေးခဲ့ကြောင်းနဲ့ အမြဲတမ်းလည်း အနိုင်မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတစ်ပတ် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ် မှာတော့ ဦးဆောင်သူ နာပိုလီတို့ အဝေးကွင်းမှာ လက်ချီကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


အနာဂတ်နဲ့ ပတ်သက်ပြီး မတင်မကျ ပြောကြားခဲ့တဲ့ သီယာဂို မော့တာ

စီးရီးအေ ကလပ် ဘိုလော့ဂ်နာရဲ့ နည်းပြ သီယာဂို မော့တာက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လက်ရှိ အခိုက်အတန့် ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်၊ ပီအက်စ်ဂျီ တို့ရဲ့ နာမည်ကျော် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မော့တာကို အသင်းဟောင်းတွေက နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

မော့တာဟာ အချိန်တို အတွင်းမှာပဲ အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဖြေရှင်းမှုတွေ ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အီတလီ လက်ရွေးစင်ဟောင်း တစ်ဦးလည်း ဖြစ်တဲ့‌ မော့တာက အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘိုလော့ဂ်နာ နည်းပြ အဖြစ်သာ မြင်မိကြောင်း၊ အတ္တလန္တာနဲ့ ပွဲကိုသာ အာရုံစိုက်ခဲ့ကြောင်းနဲ့ ဒီအချိန်က အရေးကြီးတဲ့ အချိန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်