နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗင်တပ်စ် ဘက်က ပေါ့ဘာကို လေးစားမှု ရှိဖို့ အေးဂျင့် ဖြစ်သူ မျှော်လင့်နေ၊ မြို့ခံ ပြိုင်ဘက်ကို အနိုင်ယူရတာက ကြီးမားတဲ့ စိတ်ကျေနပ်စရာပါ ဆိုတဲ့ အင်ဇာဂီ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဂျူဗင်တပ်စ် ဘက်က ပေါ့ဘာကို လေးစားမှု ရှိဖို့ အေးဂျင့် ဖြစ်သူ မျှော်လင့်နေ၊ မြို့ခံ ပြိုင်ဘက်ကို အနိုင်ယူရတာက ကြီးမားတဲ့ စိတ်ကျေနပ်စရာပါ ဆိုတဲ့ အင်ဇာဂီ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ဖို့ ဘယ်တုန်းကမှ သံသယ မရှိခဲ့ဘူး ဆိုတဲ့ အင်ဇာဂီ

အင်တာမီလန် နည်းပြ ဆီမြွန်နီ အင်ဇာဂီက သူ့အသင်း အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိဖို့ အတွက် ဘယ်တုန်းကမှ သံသယ မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အင်တာမီလန်က တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် အင်တာမီလန်တို့ နှစ်ကျော့ပေါင်း ၃-၀ ရလဒ်နဲ့ ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ စီးရီးအေကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ လက်ရှိအချိန် အထိ ဒဏ်ရာ ပြဿနာ အမျိုးမျိုးနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
အေစီမီလန်ကို နှစ်ကျော့ပေါင်း ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ အင်တာမီလန်

ဒါကြောင့်လည်း ပွဲအပြီးမှာ အင်ဇာဂီက အစပိုင်း မှာတော့ ဒါက အိပ်မက်လို ဖြစ်ခဲ့ပေမယ့် အမြဲတမ်း ယုံကြည်မှု ရှိခဲ့ကြောင်း၊ ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူရတာက ကြီးမားတဲ့ စိတ်ကျေနပ်စရာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စီးရီးအေ ကလပ် အင်တာမီလန် အတွက် ဒီလိုမျိုး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာက (၂၀၁၀) နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် (၁၃) နှစ် အကြာမှသာ အကောင်အထည် ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။


လီယောင်ကို ထည့်သုံးခဲ့တဲ့ အပေါ် ပီအိုလီ ရှင်းလင်း

အေစီမီလန် နည်းပြ စတက်ဖီနို ပီအိုလီက မနေ့ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အသင်းရဲ့ အဓိက တိုက်စစ် ကြယ်ပွင့် ရာဖေးလ် လီယောင်ကို ထည့်သွင်း အသုံးပြုခဲ့တဲ့ အပေါ် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

လီယောင်ဟာ ဒီပွဲမတိုင်ခင်မှာ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး ပထမအကျော့ ကိုလည်း လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ ဒုတိယအကျော့ မှာတော့ ဒီကစားသမားက ပါဝင် ကစားခဲ့ရတာပါ။

ပီအိုလီက လီယောင်က အခြေအနေ ကောင်းနေခဲ့ပြီး ဝင်ကစားဖို့ စိတ်ဓာတ် တက်ကြွနေခဲ့ကြောင်း၊ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အန္တရာယ်များတဲ့ အသင်း တစ်သင်း အဖြစ် ဂိုးသွင်းနိုင်ဖို့ လိုအပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန်တို့ ပွဲအပြီး မှာတော့ အင်တာမီလန်ကို ၁-၀ ဂိုးနဲ့ ထပ်မံ အရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၀ ဂိုးနဲ့ ဆီမီးဖိုင်နယ် အဆင့်မှာပဲ ကျေနပ်ခဲ့ရပါတယ်။


ပေါ့ဘာကို ဂျူဗင်တပ်စ် ဘက်က လေးစားဖို့ အေးဂျင့် မျှော်လင့်နေ

ပေါလ် ပေါ့ဘာရဲ့ အေးဂျင့် ရာဖေလာ ပီမင်တာက ဂျူဗင်တပ်စ် အနေနဲ့ ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားမှု ထားရှိဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ စီးရီးအေကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ လက်ရှိအချိန်ထိ ဒဏ်ရာ ပြဿနာ အမျိုးမျိုးနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ခရီမိုနီစ်နဲ့ ပွဲမှာလည်း ပေါ့ဘာက (၂၄) မိနစ်သာ ကစားရပြီး ပေါင်ခြံ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာကြောင့် ရာသီကုန်အထိ ထပ်မံ အနားယူရတော့မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဂျူဗင်တပ်စ်က ဒီကစားသမားကို စာချုပ်ဖျက်သိမ်းဖို့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ပီမင်တာ ကတော့ ကျွန်တော် တို့က လူသားတွေသာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဖြစ်ပျက်လာတဲ့ အရာရာတိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း၊ ပေါ့ဘာ တစ်ယောက် ဒီကာလ ကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ကြောင်း၊ ဂျူဗင်တပ်စ် အနေနဲ့ ကစားသမားရဲ့ စာချုပ်ကို သေချာပေါက် လေးစားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်