နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေမှာ တင်ကျန်ရစ်ဖို့ပဲ ကြိုးစားရတော့မယ်လို့ ပြောဆိုလိုက်တဲ့ အယ်လီဂရီ၊ အိုဆင်ဟမ်ကို ချီးကျူးမလိုနဲ့ ဖဲ့လိုက်တဲ့ မော်ရင်ဟို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

စီးရီးအေမှာ တင်ကျန်ရစ်ဖို့ပဲ ကြိုးစားရတော့မယ်လို့ ပြောဆိုလိုက်တဲ့ အယ်လီဂရီ၊ အိုဆင်ဟမ်ကို ချီးကျူးမလိုနဲ့ ဖဲ့လိုက်တဲ့ မော်ရင်ဟို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စီးရီးအေမှာ တင်ကျန်ရစ်ဖို့ပဲ ကြိုးစားရတော့မယ်လို့ အယ်လီဂရီပြောဆို

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက သူ့ရဲ့အသင်းဟာ ရမှတ်တွေ အလျှော့ခံရပြီးနောက် စီးရီးအေမှာ တင်ကျန်ရစ်နေဖို့ ကိုပဲ ကြိုးစားရတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျူဗီဟာ ၁၅ မှတ် အထိ အလျှော့ခံခဲ့ရသလို မနေ့ညက ပွဲမှာလည်း တန်းတက် မွန်ဇာကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၁၃ နေရာ အထိကို ရောက်ရှိသွားခဲ့ပါတယ်။

အဆိုပါ ရှုံးပွဲ အပြီးမှာ အယ်လီဂရီက “ ကျနော်တို့ ရမှတ် ၃၈ မှတ် အထိ စုဆောင်းရပါလိမ့်မယ်၊ ဒါပေမယ့် လက်ရှိမှာ ၂၃ မှတ်ပဲ ရသေးပြီး လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်၊ စီးရီးအေမှာ ဆက်ရှိနေဖို့ သေချာတဲ့ ရမှတ်မျိုးကို ကျနော်တို့ ယူရပါလိမ့်မယ်၊ လက်ရှိ အခြေအနေက ဇောက်ထိုး ဖြစ်သွားပါပြီ”

“ ဒါပေမယ့် ဒါက ဒီအချိန်မှာ တကယ့် အဖြစ်မှန် ဖြစ်ပြီး အဲဒါကို နားလည် လက်ခံထားရမှာပါ၊ မဟုတ်ရင်တော့ ကျနော်တို့ အတွက် ဆိုးဆိုးရွားရွား အဆုံးသတ်သွားပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဂျူဗီဟာ အရင်ကလည်း လုပ်ပွဲ အရှုပ်တော်ပုံကြောင့် တန်းဆင်းခဲ့ရပြီး အသင်းကို အစကနေ ပြန်လည် တည်ဆောက်ခဲ့ရပါသေးတယ်။


အိုဆင်ဟမ်ကို ချီးကျူးမလိုနဲ့ ဖဲ့လိုက်တဲ့ မော်ရင်ဟို

နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆင်ဟမ်ဟာ ရိုးမားနဲ့ စီးရီးအေ ပွဲစဉ် မှာလည်း ခြေစွမ်းပြပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေတဲ့ ရိုးမား

နာပိုလီကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြိုင်ဘက် အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်ကို သူ့ရဲ့ တပည့်ကျော်ဟောင်း ဒီဒီရာ ဒရော့ဘာနဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်ပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆင်ဟမ်ဟာ ရိုးမားနဲ့ စီးရီးအေ ပွဲစဉ် မှာလည်း ခြေစွမ်းပြပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက “ သူက ဒရော့ဘာလို အဆင့်အတန်းမျိုး ဖြစ်နေပါပြီ၊ ဒါပေမယ့် ဒရော့ဘာက ဒိုက်ဗင် မထိုးပါဘူး၊ ဒါကို သူပြောင်းလဲမယ် ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။ ကျနော့် အသင်း ကသာ ပိုက်ဆံ အများကြီး ရှိရင် သူ့ကို ခေါ်ယူမှာပါ၊ ဒါပေမယ့် သူ အင်္ဂလန်ကို တနေ့နေ့မှာ ပြောင်းမယ် ဆိုရင်တော့ သူ ပြောင်းလဲဖို့ လိုပါတယ်၊ ဘာလို့လဲ ဆိုတော့ အီတလီမှာ ဒီလိုဒိုက်ထိုးတာမျိုးကို လုပ်ကြပေမယ့် ပရီးမီးယားလိဂ် မှာဆို ပြင်းပြင်းထန်ထန် ဝေဖန်ခံရပါလိမ့်မယ်”

“ အံ့အားသင့်စရာ ကောင်းတဲ့ သွင်းဂိုး တစ်ဂိုးကို သူ သွင်းယူခဲ့တယ်လို့ ကျနော် ပြောခဲ့ပါတယ်၊ ပြီးတော့ မင်း ဒိုက်ဗင်ထိုးနေတာ ကိုလည်း မလုပ်ဖို့ ပြောခဲ့တယ်၊ သူ့သွင်းဂိုးက အရမ်းကောင်းတယ်၊ ဒီရာသီအစမှာ တွေ့ခဲ့တုန်းကလည်း သူ ဒီလိုမျိုးပဲ လုပ်ပြနိုင်ခဲ့ပါတယ်၊ သူက ကစားသမားကောင်းပါ၊ ဒါပေမယ့် သူ ဒိုက်ဗင်တော့ မထိုးသင့်တော့ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
အာဆင်နယ်
ဂိုးပေါ် 2.50 @ 1.86
1X2 သရေ (Draw) @ 4.60
ဂိုးပေါင်း 2-3 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗီကို နိုင်လို့ ဘတ်စ်ကား အပြည့် မိန်းကလေးတွေ ခေါ်ပေးရတော့မယ့် မွန်ဇာ ဥက္ကဌ

စီးရီးအေ ကလပ် မွန်ဇာ အသင်းကတော့ မနေ့ညက ပွဲမှာ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ တန်းတက် အသင်း တသင်းက ဝါရင့် အသင်းကြီး တစ်သင်းကို အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အနိုင်ရခဲ့တာကြောင့် မွန်ဇာ အသင်းရဲ့ ဥက္ကဌ ဖြစ်တဲ့ ဘာလူစကိုနီ တစ်ယောက် သူ့ ကတိကို အကောင်အထည်ဖော်ပေးရဖို့ ရှိလာပါတယ်။

ဆီလ်ဗီယို ဘာလူစကိုနီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာ အခုလို ကတိစကား ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဘာလူစကိုနီ ပြောခဲ့တာ ကတော့ “ ကျနော့် ကစားသမားတွေကို စိတ်အား တက်ကြွလာအောင် လှုံ့ဆော်ပေးတာတွေ ရှိပါတယ်၊ မင်းတို့က အခု အေစီမီလန်နဲ့ ဂျူဗင်တပ်စ် တို့လို အသင်းကြီးတွေနဲ့ ကစားရတော့မှာ၊ တကယ်လို့ မင်းတို့ အဲဒီ အသင်းကြီးတွေ ထဲက တသင်းသင်းကို အနိင်ရခဲ့မယ် ဆိုရင် အဝတ်လဲခန်းထဲကို ဘတ်စ်ကား တစ်စီး အပြည့်ပါတဲ့ မိန်းကလေးတွေ ငါ ခေါ်လာခဲ့ပေးမယ်” လို့ပဲ ဖြစ်ပါတယ်။

အခု သူ့ရဲ့ ကစားသမားတွေက ဂျူဗင်တပ်စ်ကို အနိုင်ရရှိခဲ့ပြီ ဖြစ်လို့ အဝတ်လဲခန်း အပြည့် မိန်းကလေးတွေ ခေါ်ယူပေးဖို့ ဘာလူစကိုနီ ကတိတည်ရတော့မှာ ဖြစ်ပါတယ်။ မွန်ဇာကစားသမားတွေ အတွက်တော့ ဒါက စိတ်လှုပ်ရှားစရာ ကောင်းနေမှာ သေချာနေပြီး သူတို့ရဲ့ နိုင်ပွဲအတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို အမှန်တကယ် ချီးမြှင့်ခံရမလား ဆိုတာကို စောင့်ကြည့်ရပါတော့မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်