နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗီ အတွက် ပေါ့ဘာ ပြန်လာပြီလို့ ဆိုလိုက်တဲ့ အယ်လီဂရီ၊ စီးရီးအေ ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တဲ့ ဖီဖာ အကောင်းဆုံး အသင်း (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဂျူဗီ အတွက် ပေါ့ဘာ ပြန်လာပြီလို့ ဆိုလိုက်တဲ့ အယ်လီဂရီ၊ စီးရီးအေ ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တဲ့ ဖီဖာ အကောင်းဆုံး အသင်း စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျူဗီ အတွက် ပေါ့ဘာ ပြန်လာပြီလို့ အယ်လီဂရီ ဆို

ဂျူဗင်တပ်စ် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ အသင်း လူစာရင်းထဲ ပြန်လည် ရောက်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကနေ ဂျူဗီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ စီးရီးအေ ကလပ် အတွက် တစ်ပွဲမှ မကစားပေးရသေးဘဲ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
ခရစ္စတယ်ပဲလေ့စ်
1X2 မန်ချက်စတာစီးတီး @ 1.43
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.25 @ 2.01
ဂိုးပေါ် 2.75 @ 1.88
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြင်သစ် ကွင်းလယ်လူဟာ ကမ္ဘာ့ဖလားနဲ့လည်း လွဲချော်ခဲ့ရပြီး ဂျူဗီ အတွက်လည်း လုံး၀ မကစားပေးနိုင်လို့ ဝေဖန် ပြစ်တင်မှုတွေ ကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒဏ်ရာရရှိနေချိန်မှာလည်း အသင်းက ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် ပေါ့ဘာက နှင်းလျှောစီးပြီး အပန်းဖြေနေတာတွေ ပြုလုပ်ခဲ့လို့လည်း အသင်းက သူ့ကို ဒေါသထွက်ခဲ့ရပါသေးတယ်။

အယ်လီဂရီက “ လာမယ့် ဒါဘီပွဲ အတွက် သူ့ကို အသင်း လူစာရင်းမှာ ထည့်သွင်းထားပါတယ်၊ လိုအပ်ရင် သူ ကစားပေးမှာပါ၊ သူ့ခြေထောက်က ပွဲအများကြီးတော့ မကစားနိုင်သေးပေမယ့် လုံလောက်တဲ့ အနေအထားတော့ ကစားပေးနိုင်ပါတယ်၊ သူနဲ့လည်း ကျနော် စကားပြောဆိုထားပြီး အသင်း အတွက် အရေးကြီးတဲ့ အချိန် ဆိုတာကို သူ နားလည်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


စီးရီးအေ ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တဲ့ ဖီဖာ အကောင်းဆုံး အသင်း

မနေ့က ပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့ The Best ဆုပေးပွဲ အခမ်းအနားမှာ အကောင်းဆုံးဆု ရရှိခဲ့တဲ့ သူတွေကို ကြေညာခဲ့သလို တစ်နှစ်တာ အကောင်းဆုံး အသင်း ကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။ အကောင်းဆုံး အသင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မှာတော့ လာလီဂါနဲ့ ပရီးမီးယားလိဂ်၊ ပြင်သစ် လီဂူးဝမ်း တို့က လွှမ်းမိုးထားခဲ့ကာ စီးရီးအေ က ကစားသမား တစ်ဦးမှ မပါဝင်ခဲ့ပါဘူး။

အကောင်းဆုံး အသင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ မှာတော့ လာလီဂါနဲ့ ပရီးမီးယားလိဂ်၊ ပြင်သစ် လီဂူးဝမ်း တို့က လွှမ်းမိုးထားခဲ့ကာ စီးရီးအေ က ကစားသမား တစ်ဦးမှ မပါဝင်ခဲ့ပါဘူး။
ဖီဖာရဲ့ အကောင်းဆုံး အသင်းမှာ စီးရီးအေ ကစားသမား တစ်ဦးမှ မပါဝင်ခဲ့

ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး အသင်းမှာတော့ သီဘောက် ကော်တွိုက်စ် (ဂိုး)၊ ဟာကီမီ၊ ယာအို ကန်ဆယ်လို၊ ဗန်ဒိုက်၊ ကီဗင် ဒီဘရိုင်းနား၊ လူကာ မိုဒရစ်၊ ကက်စ်မဲရိုး၊ လီယွန်နယ် မက်ဆီ၊ ကီလီယန် အမ်ဘာပေး၊ ကာရင်မ် ဘန်ဇီမာနဲ့ အာလင်း ဟာလန်းတို့ ပါဝင်ခဲ့ကြတာ ဖြစ်ပြီး ဘွန်ဒက်လီဂါနဲ့ စီးရီးအေ ကစားသမားတွေ ကျန်နေရစ်ခဲ့ပါတယ်။

ဒါဟာ အီတလီ စီးရီးအေရဲ့ ဆုတ်ယုတ်လာမှုနဲ့ သူတို့ လိဂ်မှာ ကစားသမားကောင်းတွေ ရှားပါးလာမှုကို မီးမောင်း ထိုးပြနေခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် လီဂူးဝမ်းက ဒီဘက် နှစ်တွေမှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှု ကိုလည်း ပိုမို ရယူလာနိုင်ခဲ့ပြီး စီးရီးအေ ကတော့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ ထင်ရှားနေပြီ ဆိုတာ ငြင်းမရပါဘူး။


ဖီဖာ Fair Play ကစားသမားဆုကို ခရီမွန်စ် နောက်ခံလူ ဆွတ်ခူး

အီတလီ စီးရီအေ ကလပ် ခရီမွန့်စ် အသင်းရဲ့ နောက်ခံလူ လူကာ လိုချိုရှဗီလီဟာ FIFA Fair Play ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူဟာ ပြိုင်ဘက် ကစားသမား တစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့နောက် ဒီဆုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ သူက ဩစတြီးယား ကလပ် ၀ုလ်ဖ်ဘာဂျာ အသင်း အတွက် ကစားပေးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပြိုင်ဘက် ဩစတြိးယား ဗီယင်နာ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမား ဂျော့တိုင်ဂယ်လ်ဟာ ကွင်းအတွင်း ထိခိုက်မိခဲ့ပြီးနောက် သတိလစ် လဲကျသွားခဲ့တာကို တွေ့ခဲ့တဲ့နောက် ရှဗီလီက အပြေးအလွှား သွားရောက်ကာ တိုင်ဂယ်လ်ရဲ့ လျှာကို ပါးစပ်အပြင် ဆွဲထုတ်ပေးခဲ့ပါတယ်။

သူ့ရဲ့ ဒီလို ရှေးဦးသူနာပြုစုနည်းကြောင့် တိုင်ဂယ်လ်ဟာ အသက် အန္တရာယ် ထိခိုက်မယ့် အရေး ကနေ ကင်းဝေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် မှာတော့ သူက ခရီမွန့်စ် အသင်းကို ယူရို ၁.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အခုတော့ Fair Paly အကောင်းဆုံးဆုကို ရယူနိုင်ခဲ့ကာ ဂုဏ်ယူဖွယ် ဆုတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်