နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားချင်နေတဲ့ ခီယေဇာ | စီးရီးအေ

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်း ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းရဲ့ တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ တူရင် ကလပ် ဘက်က ကစားသမားကို ရောင်းထုတ်သွားချင်သလို ကစားသမား ဘက်ကလည်း ပရီးမီးယားလိဂ် ကလပ်တွေဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် အီတလီ လက်ရွေးစင် ဘယ် တောင်ပံကစားသမား ခီယေဆာဟာ ဒဏ်ရာကြောင့် ၁၀ လနီးပါး အနားယူခဲ့ရပြီး နောက်ပိုင်း ဒဏ်ရာ ပြသာနာ အမျိုးမျိုးနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီကစားသမားက ၂၀၂၂/၂ဝ၂၃ ဘောလုံးရာသီမှာ ရက်ပေါင်း ၇၅ ရက် အနားယူခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ၄၅ ရက် ထပ်မံ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျုဗင်တပ်စ်ရဲ့ ပွဲစဉ်ပေါင်း ၇ ပွဲလောက် လွဲချော်ထားခဲ့တဲ့ ခီယေဇာကို အသင်း ဘက်က စိတ်ကုန်စပြုလာပြီး စာချုပ် သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်း ကနေ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ခီယေဇာကို ဂျူဗင်တပ်စ်က ပြောင်းရွှေ့ကြေး အနေနဲ့ ယူရို ၂၅ သန်း+အပိုဆုကြေး တို့နဲ့ ရောင်းထုတ် သွားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒီကစားသမားတွေကို ဝယ်ယူဖို့ အတွက် ဆိုရင်တော့ စီးရီးအေ ထိပ်သီး ကလပ်က ဖက်ဒရစ်ကို ခီယေဆာကို ကျိန်းသေပေါက် ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။
စပါးနဲ့ ချဲလ်ဆီးရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ခီယေဇာ

၂၀၂၀ ခုနှစ်မှာ စီးရီးအေ ကလပ် ဖီအိုရင်တီးနား ကနေ ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ခီယေဇာက လက်ရှိမှာ တူရင် ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် စီးရီးအေ ထိပ်သီး ဘက်က ခီယေဆာကို အလွတ်နဲ့ လက်လွတ်ဖို့ထက် အသင်း ကနေ ပြောင်းရွှေ့ကြေး တစ်ခုခုနဲ့ ရောင်းထုတ်သွားဖို့သာ စဉ်းစားလျက် ရှိနေပါတယ်။ ခီယေဇာဟာ ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ နောက်ချန် တိုက်စစ် နေရာတွေ မှာပါ စွယ်စုံကစားနိုင်သူ ဖြစ်ပြီး အရည်အသွေးမြင့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ဒါပေမယ့် လည်း ၂၀၂၂ နှစ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ၁၀ လ နီးပါး အနားယူခဲ့ရပြီး ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာတော့ ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျုဗင်တပ်စ် ကနေ ထွက်ခွာမယ်လို့ သတင်း‌တွေ ကြီးနေတဲ့ ခီယေဇာက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပြီး လတ်တလော မှာတော့ သူ့ကို စပါးက အပြင်းအထန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနို ကတော့ စပါးနဲ့ ခီယေဇာ တို့ အကြားမှာ ဆက်သွယ်ဆွေးနွေးထားတာမျိုး မရှိဘူးလို့ အတည်ပြုထားပါတယ်။ တစ်ဖက်မှာ ဂျူဗင်တပ်စ် ကတော့ ဒေါ့မန်က အဒီယီမီနဲ့ ယူနိုက်တက်က ဂျေဒန် ဆန်ချို တို့လို တောင်ပံကစားသမားတွေကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒီကစားသမားတွေကို ဝယ်ယူဖို့ အတွက် ဆိုရင်တော့ စီးရီးအေ ထိပ်သီး ကလပ်က ဖက်ဒရစ်ကို ခီယေဆာကို ကျိန်းသေပေါက် ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်