နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်တီ အင်တာကို ပြန်မသွားနိုင်ဘူးလို့ ခန့်မှန်းလိုက်တဲ့ ဂျူဗီ ဒါရိုက်တာဟောင်း၊ ဘရာဟင်မ် ဒီးယက်ဇ်ကို လက်လွှတ်ရမှာ စိုးရိမ်နေတဲ့ အေစီမီလန် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ကွန်တီ အင်တာကို ပြန်မသွားနိုင်ဘူးလို့ ခန့်မှန်းလိုက်တဲ့ ဂျူဗီ ဒါရိုက်တာဟောင်း၊ ဘရာဟင်မ် ဒီးယက်ဇ်ကို လက်လွှတ်ရမှာ စိုးရိမ်နေတဲ့ အေစီမီလန် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၁ ရက်နေ့ရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကွန်တီ အင်တာကို ပြန်မသွားနိုင်ကြောင်း ဂျူဗင်တပ်စ် ဒါရိုက်တာဟောင်း ပြောကြား

ဂျူဗင်တပ်စ် ဒါရိုက်တာဟောင်း လူစီယာနို မော့ဂီက အန်တိုနီယို ကွန်တီ အနေနဲ့ စီးရီးအေကို ပြန်လာနိုင်ဖွယ် ရှိပေမယ့် သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ အင်တာမီလန် ကိုတော့ ပြန်သွားနိုင်ဖွယ် မရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ကွန်တီဟာ တော့တင်ဟမ်ဟော့စပါးနဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်အထိ အသင်း လက်မဲ့ဖြစ်နေတဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ စီးရီးအေကို ပြန်လာပြီး အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်စ် ဒါမှမဟုတ် အင်တာမီလန်ကို ပြန်လည် ကိုင်တွယ်နိုင်ဖွယ် ရှိကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ဒီးယက်ဇ်က ရီးရဲလ်မက်ဒရစ် ကနေ စီးရီးအေ ကလပ် အေစီမီလန်ကို (၃) ရာသီမြောက် အဖြစ် အငှားနဲ့ သွားကစားနေတာ ဖြစ်ပြီး အေစီမီလန်က ဒီကစားသမားကို အပြီးသတ် ခေါ်ယူဖို့ စတင် ဆွေးနွေးနေပါပြီ။
စီးရီးအေမှာ ကိုင်တွယ်တဲ့ အသင်းတိုင်းနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ ကွန်တီ

ဒါပေမယ့် မော့ဂီ ကတော့ ကွန်တီ တစ်ယောက် အင်တာမီလန် ကိုတော့ ပြန်သွားမယ် မထင်ကြောင်း၊ ဥပမာ ပြောရရင် အေစီမီလန် ကသာ နည်းပြ အပြောင်းအလဲ လုပ်ချင်တယ် ဆိုရင် ကွန်တီက သူတို့ အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ကွန်တီဟာ အင်တာမီလန်နဲ့ရော၊ ဂျူဗင်တပ်စ်နဲ့ပါ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ဖူးတဲ့ စီးရီးအေ ဝါရင့် နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။ 


ဒီးယက်ဇ်ကို လက်လွှတ်ရမှာ စိုးရိမ်နေတဲ့ အေစီမီလန်

အေစီမီလန်ဟာ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်ကို အပြီးသတ် မခေါ်ယူနိုင်ဘဲ အာဆင်နယ်ထံ လက်လွှတ်လိုက်ရမှာကို စိုးရိမ်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ 

လက်ရှိအချိန်မှာ ဒီးယက်ဇ်က ရီးရဲလ်မက်ဒရစ် ကနေ စီးရီးအေ ကလပ် အေစီမီလန်ကို (၃) ရာသီမြောက် အဖြစ် အငှားနဲ့ သွားကစားနေတာ ဖြစ်ပြီး အေစီမီလန်က ဒီကစားသမားကို အပြီးသတ် ခေါ်ယူဖို့ စတင် ဆွေးနွေးနေပါပြီ။ ဒါပေမယ့် အာဆင်နယ် ကလည်း ဒီးယက်ဇ်ကို စိတ်ဝင်စားလာတာကြောင့် အေစီမီလန်တို့ ဒီအပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ 

အီတလီ သတင်းထောက် ကာလို ပယ်လီဂတ်တီက အေစီမီလန်က ဒီးယက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၆) သန်း စီစဥ်ထားကြောင်း၊ ဒါပေမယ့် အာဆင်နယ် နည်းပြ မီခဲလ် အာတေတာက ဒီးယက်ဇ်ကို အလွန် သဘောကျပြီး ယူရိုသန်း (၃၀) အထိ ပြင်ဆင်ထားကြောင်း၊ ဖြစ်နိုင်ချေတွေ အများကြီး ရှိပေမယ့် အေစီမီလန်က ဒီးယက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားလိုကြောင်း ပြောကြားခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လက်စတာ စီးတီး
1X2 သရေ @ 6.60
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -2.25 @ 2.03
ဂိုးပေါ် 3.50 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူကာကူနဲ့ ပတ်သက်လို့ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဟာနာနက်စ်ပြော

ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် ကွင်းလယ်လူ‌ဟောင်း ဟာနာနက်စ်က အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူနဲ့ ပတ်သက်လို့ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပြောကြားခဲ့ပါတယ်။ 

လူကာကူဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်း ပွဲစဥ်တွေမှသာ စီးရီးအေ ကလပ် အတွက် ပြန်လည် ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဂိုးရဖို့ မကြာခဏ ရုန်းကန်ရလေ့ရှိပြီး အပိုင် အခွင့်အရေးတွေကို ဖြုန်းတီးလေ့ ရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဟာနာနက်စ်က လူကာကူ ဂိုးအများကြီး သွင်းနိုင်တာကို အားလုံး သိထားကြောင်း၊ ဒါပေမယ့် ကွင်းပြင်မှာ သူ့အတွက် ပြဿနာ တစ်ခုခု ရှိနေနိုင်ကြောင်း၊ သူက မပျော်ရွှင်ဘဲ စိတ်ပိုင်းဆိုင်ရာ အရ တစ်ခုခု မှားယွင်းနေကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်