နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗင်တပ်စ်ကို စွန့်ခွာမှာ မဟုတ်ဘူး ဆိုတဲ့ ဒီမာရီယာ၊ ဇန်နီအိုလို ရိုးမား ကနေ ထွက်ခွာချင်နေတယ်လို့ ဝန်ခံခဲ့တဲ့ မော်ရင်ဟို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဂျူဗင်တပ်စ်ကို စွန့်ခွာမှာ မဟုတ်ဘူး ဆိုတဲ့ ဒီမာရီယာ၊ ဇန်နီအိုလို ရိုးမား ကနေ ထွက်ခွာချင်နေတယ်လို့ ဝန်ခံခဲ့တဲ့ မော်ရင်ဟို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၄ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရမှတ် လျှော့ခံရပြီးနောက် နိုင်ပွဲပါ ပျောက်ခဲ့တဲ့ ဂျူဗင်တပ်စ်

စီးရီအေမှာ ငွေကြေး ရှုပ်ထွေးမှုတွေကြောင့် ရမှတ် ၁၅ မှတ် အလျှော့ခံခဲ့ရတဲ့ ဂျူဗင်တပ်စ် အသင်းဟာ အတ္တလန္တာကို အိမ်ကွင်းမှာ ၃-၃ နဲ့ သရေသာ ကစားနိင်ခဲ့ပါတယ်။ တူရင်မှာ အတ္တလန္တာက ပိုကောင်းတဲ့ ပုံစံကို ပြသခဲ့ပြီး ဆက်တိုက် ခြေစွမ်းပြနေတဲ့ လွတ်ခ်မန်းက ၄ မိနစ် ကတည်းက အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဒီမာရီယာက ပင်နယ်တီ ကနေ ချေပပေးခဲ့ပါတယ်။ 

ဒီနောက်မှာ မီလစ်ခ်က ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပြီး ဂျူဗီကို အသာရစေခဲ့ပေမယ့် မက်ခ်လီက အတ္တလန္တာ အတွက် ပြန်လည် ချေပခဲ့သလို လွတ်ခ်မန်း ကပဲ ခေါင်းတိုက်ဂိုး သွင်းပြီး ထပ် ဦးဆောင်ခဲ့လို့ ဂျူဗီတို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ၆၅ မိနစ်မှာ ဒန်နီလိုက ပြန်လည် ချေပပေးခဲ့ပြီး ၃ ဂိုးစီနဲ့ သရေကျပြီး ဂျူဗီတို့ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲကိုလည်း ပေါ့ဘာ တယောက် ဆက်လက် လွဲချော်ခဲ့ပြီး ဂျူဗီကို ပြောင်းရွှေ့ခဲ့ပြီးချိန်က စလို့ လက်ရှိအချိန်ထိ တစ်ပွဲမှ မကစားပေးရသေးပါဘူး။ ဒီရာသီမှာ ဂျူဗီတို့ အတက်အကျ ကြမ်းတမ်းခဲ့ပြီး လာမယ့် ရာသီ အတွက် ဥရောပ ဝင်ခွင့် တစ်နေရာ ရဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။


ဂျူဗီကို စွန့်ခွာမှာ မဟုတ်ဘူးလို့ ဒီမာရီယာ ပြောဆို

စီးရီးအေမှာ ရမှတ် ၁၅ မှတ် လျှော့ချခံခဲ့ရပေမယ့် ဂျူဗင်တပ်စ် ကနေ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ တောင်ပံကစားသမား အိန်ဂျယ် ဒီမာရီယာက ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနား ကစားသမားဟာ ဒီရာသီမှ ပီအက်စ်ဂျီ ကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းသစ် အတွက် ခြေစွမ်းပြ ကစားပေးနေပေမယ့် ရမှတ် လျှော့ချခံရမှုကြောင့် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

စီးရီးအေ
အေစီမီလန်
ဆာဆူအိုလို
1X2 အေစီမီလန်1.37
အေစီမီလန် အာရှ ဟန်းဒီးကပ် -1.50 @ 2.09
ဂိုးပေါ် 3.25 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အတ္တလန္တာနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဂျူဗီ အတွက် ၁ ဂိုး သွင်းယူခဲ့တဲ့ ဒီမာရီယာက “ ဒါက အရေးကြီးတဲ့ ရမှတ်ပါ၊ ကျနော်တို့ အမှားတချို့တော့ လုပ်ခဲ့မိတယ်၊ ၁၅ မှတ် လျှော့ချခံရတာက ခက်ခဲပါတယ်၊ ဒါပေမယ့် ကျနော်တို့ ကြိုးစားရပါမယ်။ ဂျူဗီ တို့ အရင် ကလည်း ဒီလို အခက်အခဲကို ကြုံတွေ့ဖူးပြီး ပြန်လည် ရုန်းထနိုင်ခဲ့တာပါ၊ ပရိသတ်တွေ ကလည်း ကူညီပေးဖို့ လိုပါတယ်”

“ ဂျူဗီကို အကောင်းဆုံး အချိန်မှာ ရောက်လာတာ မဟုတ်ပေမယ့် ဒီအသင်းက ကြီးကျယ် ခမ်းနားနေတုန်းပါပဲ၊ ကျနော့် ဆုံးဖြတ်ချက် ကတော့ ကျနော့် မိသားစုနဲ့ အမြဲတမ်း ပတ်သက်ပါတယ်၊ သူတို့ ဒီမှာ ပျော်ရွှင်နေပါတယ်၊ အီတလီရဲ့ အခမ်းနားဆုံး အသင်း ဖြစ်ပြီး ဥရောပရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တသင်းပါ၊ ဒါကြောင့် ကျနော်တို့ ပျော်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


ဇန်နီအိုလို ထွက်ခွာချင်နေတယ်လို့ ဝန်ခံခဲ့တဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက သူ့အသင်းရဲ့ ကစားသမား နီကိုလို ဇန်နီအိုလိုဟာ ကနေ ထွက်ခွာချင်နေတယ်လို့ ဝန်ခံလိုက်ပါတယ်။ အယ်လ်ရှာရာဝီ၊ တမ်မီ အေဘရာဟမ်တို့ရဲ့ ဂိုးတွေနဲ့ စပီဇီယာကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ မော်ရင်ဟိုက ပြောဆိုခဲ့တာ ဖြစ်ပြီး အခုချိန် အထိတော့ သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ သိရပါတယ်။ 

“ သူ အသင်းကနေ ထွက်ချင်တယ်လို့ ပြောခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဒါက သူ ထွက်သွားမယ် ဆိုတဲ့ သဘောတော့ မဟုတ်ဘူး၊ သူက အသင်း အတွက် အရေးကြီးတဲ့ ကစားသမား ဖြစ်ပြီး စျေးကွက်ထဲမှာလည်း အရေးကြီးတဲ့ တန်ဖိုးရှိသူပါ၊ စားပွဲပေါ် ရောက်လာတဲ့ ကမ်းလှမ်းမှုတွေ ကတော့ သူ့အတွက်ရော၊ အသင်း အတွက်ပါ သိပ်ပြီး တန်ဖိုး မမြင့်မားသေးပါဘူး၊ ဒါကြောင့် သူက ဖေဖော်ဝါရီ မှာလည်း အသင်းနဲ့ အတူ ဆက်ရှိနေမှာပါ” လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။ 

ဇန်နီအိုလိုကို တော့တင်ဟမ်ဟော့စပါးက အလိုရှိနေတယ်လို့ သိရပြီး ကနဦးမှာ အငှားနဲ့ ခေါ်ယူကာ ပြီးတော့မှ ယူရို ၂၅ သန်းနဲ့ အပြီးသတ် ဝယ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် စီးရီးအေ ကလပ် ဘက်ကတော့ အဆိုပါ ငွေကြေး ပမာဏကို လက်ခံဖွယ် မရှိဘဲ ပိုမို တောင်းဆိုလာဖွယ်လည်း ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်