ဒီကနေ့ ညနေမှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၇ မှာတော့ အေစီမီလန်က ဟဲလက်စ် ဗီရိုနာကို အန်ကွန်ကူ၊ ပူလီဆစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုတစ်ပတ်မှာ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တဲ့ အေစီမီလန်က စီးရီးအေ အမှတ်ပေးဇယား ထိပ်ကို ယာယီ တက်လှမ်းနိုင်ခဲ့ပြီး နာပိုလီ၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမား တို့နဲ့ အတူ ချန်ပီယံဆုကို ဆက်လက် စိန်ခေါ်နိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ မက်စ် အယ်လီဂရီရဲ့ အသင်းက ၃-၅-၂ အခင်းအကျင်းနဲ့ အတူ အန်ကွန်ကူ၊ ပူလီဆစ်ခ်၊ မိုဒရစ်၊ ရာဘီယော့တ်၊ လော့ဖ်တပ်စ်ချိခ်၊ ဆယ်လီမေကာစ်၊ ဒီဝင်တာ၊ တိုမိုရီ၊ ပက်ဗ်လိုဗစ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ အဝေးကွင်းမှာ လာရောက် ကစားခဲ့တဲ့ ဗီရိုနာ ကလည်း ပွဲပယ်နဲ့ ဒဏ်ရာရ ကစားသမား များနေပေမယ့် အေစီမီလန်ကို တတ်နိုင်သမျှ တုန့်ပြန် ကစားဖို့ ကြိုးပမ်းခဲ့ပါတယ်။
ပထမပိုင်းမှာ အေစီမီလန်တို့ ပြိုင်ဘက်ရဲ့ တုန့်ပြန်မှုကြောင့် အနည်းငယ် ခက်ခဲခဲ့ပြီး ဂိုးရဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုးကို ၄၅+၁ မိနစ်မှာ ခရစ္စတီယန် ပူလီဆစ်ခ်က သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်း ၄၈ မိနစ်မှာ အေစီမီလန်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး အန်ကွန်ကူက ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၅ မိနစ် အကြာမှာလည်း အေစီမီလန် တို့ပဲ တတိယမြောက်ဂိုး ထပ်ရခဲ့ပြီး အန်ကွန်ကူ ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အေစီမီလန်က တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲစဉ်မတိုင်ခင် အဓိက ပြိုင်ဘက် အင်တာမီလန်ကို ကျော်တက်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ အေစီမီလန် အတွက် စီးရီးအေ ၁၁ ပွဲဆက် ဂိုးမသွင်းနိုင်မှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဒီရာသီမှာ အေစီမီလန် အတွက် ၁၅ ပွဲ ကစားပြီးချိန် မှာတော့ ၃ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။
အေစီမီလန်ရဲ့ နိုင်ပွဲ အတွက် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ခရစ္စတီယန် ပူလီဆစ်ခ် ကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စီးရီးအေမှာ ပွဲဦးထွက် ကစားခဲ့ပြီး နောက်ပိုင်း ထိပ်တန်းလိဂ်မှာ တိုက်ရိုက် ဂိုးပါဝင် ပတ်သတ်မှု အနည်းဆုံး ဂိုး ၅၀ (၃၁ ဂိုး၊ ၁၉ ဂိုး ဖန်တီးမှု) ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား နှစ်ဦးထဲက တစ်ဦး ဖြစ်ပါတယ်။ ပူလီဆစ်ခ်ထက် ပိုပြီး စွမ်းဆောင်ထားနိုင်သူ ကတော့ လော်တာရို မာတီနက်ဇ် (၅၃ ဂိုး)သာ ရှိပါတယ်။
အေစီမီလန်ဟာ ဟဲလက်စ် ဗီရိုနာနဲ့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၀ ပွဲစလုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံးအကြိမ် အဖြစ် အိမ်ကွင်းမှာ ဗီရိုနာကို ၅ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အေစီမီလန်ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ နာပိုလီဟာ ခရီမိုနိစ်နဲ့ ကစားရဖို့ ရှိပြီး အင်တာမီလန် ကတော့ အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အေစီမီလန် အနေနဲ့ လာမယ့် တစ်ပတ် စီးရီးအေ ပွဲစဉ် မှာတော့ ကက်ဂလီယာရီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


