နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွီဒင် လူစာရင်းမှာ ပြန်လည် ပါဝင်လာတဲ့ နတ်ဘုရားကြီး ဇလာတန်၊ အင်တာ နည်းပြကို မထောင်လွှားဖို့ သတိပေးလိုက်တဲ့ ကာပယ်လို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဆွီဒင် လူစာရင်းမှာ ပြန်လည် ပါဝင်လာတဲ့ ဘောလုံး နတ်ဘုရားကြီး၊ အင်တာ နည်းပြကို မထောင်လွှားဖို့ သတိပေးလိုက်တဲ့ ကာပယ်လို စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၁၇ ရက်နေ့ ညနေခင်းရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆွီဒင် လူစာရင်းမှာ ပြန်လည် ပါဝင်လာတဲ့ အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန်

အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ (၂၀၂၄) ယူရို ခြေစစ်ပွဲဝင် ဆွီဒင် လက်ရွေးစင် အသင်းရဲ့ ကစားသမား စာရင်းမှာ ပြန်လည် ရွေးချယ်ခံလိုက်ရပါတယ်။

အသက် (၄၁) နှစ် အရွယ် ဂန္တဝင် တိုက်စစ်မှူးကြီးဟာ နောက်ပိုင်း ကာလတွေမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ပွဲကစားခွင့် ရဖို့ အတွက်တောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန် မှာတော့ သူ့ရဲ့ ဒဏ်ရာက ပြန်လည် သက်သာလာခဲ့ပြီး ဘယ်လ်ဂျီယံ၊ အဇာဘိုင်ဂျန် တို့နဲ့ ဒီလ အကုန်ပိုင်းမှာ ကစားရမယ့် ပွဲတွေ အတွက် ပြန်လည် ရွေးချယ်ခံခဲ့ရတာပါ။

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကတည်းက အေစီမီလန်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် စီးရီးအေ ချန်ပီယံဆု ရရှိဖို့ အတွက်တော့ အသင်းသားတွေကို အကောင်းဆုံး စိတ်ဓာတ် ခွန်အားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက အေစီမီလန်ရဲ့ နောက်ဆုံး (၃) ပွဲ ဆက်တိုက် မှာလည်း ပါဝင် ကစားနိုင်ခဲ့တာကြောင့် အခုလိုမျိုး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဆွီဒင် လက်ရွေးစင် နည်းပြ ဂျိန်း အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။


ဂျူဗင်တပ်စ်ကို ပြန်မလာခင် စပါးကို ပြောင်းရွှေ့ချင်ခဲ့သေးတဲ့ ပေါ့ဘာ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပေါလ် ပေါ့ဘာဟာ စီးရီးအေကို ပြန်မရောက်လာခင်မှာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့သေးကြောင်း သိရပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ် ကစားသမား ဘဝ ပထမအကြိမ်မှာ အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရရှိခဲ့ပြီး လူငယ် ကစားသမားဘဝ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်မှာ အဆင်မပြေခဲ့ဘဲ ပြီးခဲ့တဲ့ နွေရာသီ မှာတော့ အသင်းဟောင်း ရှိရာ တူရင်မြို့ကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။ ပေါ့ဘာဟာ ဂျူဗင်တပ်စ်ကို ပြန်မရောက်လာခင်မှာ စပါးကို နံပါတ် တစ် အဖြစ် ရွေးချယ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း စပါး နည်းပြ အန်တိုနီယို ကွန်တီက ပေါ့ဘာကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့တာကြောင့် ပေါ့ဘာ အနေနဲ့ အခုလိုပဲ အီတလီမြေကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။


အင်တာ နည်းပြကို မထောင်လွှားဖို့ သတိပေးလိုက်တဲ့ ကာပယ်လို

အေစီမီလန်နဲ့ အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဖေဘီယို ကာပယ်လိုက အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီ အနေနဲ့ အခုထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသင့်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

အင်ဇာဂီဟာ စီးရီးအေ ထိပ်သီး ကလပ် အင်တာမီလန်ကို ဒီနှစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်ကို ပို့ဆောင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဇာဂီရဲ့ အပြုအမူတွေ ကိုတော့ ကာပယ်လိုက နှစ်သက်ဟန် မရှိဘဲ အခုလိုပဲ သတိပေးပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ကာပယ်လိုက ပေါင်းသင်း ဆက်ဆံရေး အပိုင်းမှာ အင်ဇာဂီက အရမ်းကို စိတ်လှုပ်ရှားလွန်းနေကြောင်း၊ သူ့ အနေနဲ့ ကစားသမားဘဝမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို စာရင်းလုပ်ပြီး ရင့်ကျက်သင့်ကြောင်းနဲ့ အခု ပုံစံကို သဘောမကျကြောင်း ပြောကြားခဲ့ပါတယ်။

အင်ဇာဂီဟာ ဒီရာသီမှာ စီးရီးအေ ချန်ပီယံဆု အတွက် မျှော်လင့်ချက် မရှိတော့တာကြောင့် ဖိအားတွေ အောက်ကို ရောက်ရှိနေပြီး လာမယ့် နွေရာသီမှာ ရာထူးကို စွန့်လွှတ်ရဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်