နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်ဆိုးတွေ အောက်က အချိန်မီ ရုန်းထမယ့် အင်တာမီလန် | အင်တာမီလန် – ဆာဆူအိုလို (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

အင်တာမီလန် – ဆာဆူအိုလို

စီးရီးအေ စကူဒက်တို ချန်ပီယံဆု ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ အင်တာမီလန်တို့ အခု တစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ဆာဆူအိုလိုကို ဆန်စီရိုကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေကို ဆိုရင် အိမ်ကွင်း၊ အဝေးကွင်း မရွေး ဒုက္ခပေးတတ်တဲ့ ဆာဆူအိုလို ဆီကနေ အင်တာမီလန်တို့ ၃ မှတ် အပြည့် ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စီးရီးအေ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ကနေ ဖယ်ပေးခဲ့ရတဲ့ အင်တာမီလန် အတွက် အရေးပါတဲ့ ပွဲစဉ်လို့ ပြောလို့ ရပါတယ်။ တစ်ဖက်မှာ မြို့ခံပြိုင်ဘက် အေစီမီလန်တို့ အဆင့် ၂၀ နေရာက ဆယ်လာနီတာနာနဲ့ တွေ့ဆုံနေချိန်မှာ အင်တာမီလန်တို့ အသင်းကောင်း တစ်သင်းနဲ့ တွေ့ဆုံနေလို့ လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာနိုင်မှာတော့ မဟုတ်ပါဘူး။ ဆိုင်မွန် အင်ဇာဂီ ရဲ့ အသင်းက ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် မှာလည်း ခြေစွမ်းကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့လို့ အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာရမယ့် အခြေအနေ ဖြစ်ပါတယ်။ လက်တလော ရော်ဘင်ဂိုဆန်စ်နဲ့ ဂျိုအာကွင်း ကော်ရီယာ တို့ကလွဲရင် အဓိက ကစားသမားတွေနဲ့ လူပြန်စုံနေတာကြောင့် အင်ဇာဂီရဲ့ အသင်းက အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ဆာဆူအိုလိုတို့ မနှစ်က စီးရီးအေ မှာ ရလဒ်တွေ ကောင်းခဲ့သလောက် ဒီရာသီ မှာတော့ ပုံမှန် ခြေစွမ်း ရဖို့ ရုန်းကန်နေရပါတယ်။ စီးရီးအေ ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၇ ပွဲသာ ရရှိထားပြီး ၉ ပွဲ သရေ၊ ၉ ပွဲ ရှုံးထားတဲ့ ဆာဆူအိုလို တို့ လက်ရှိ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားတဲ့ ဆာဆူအိုလိုတို့ တိုရီနို၊ ရိုးမား တို့လို အသင်းတွေ ကိုတော့ သရေကစားထားပြီး ကိုပါအီတလီယာ မှာတော့ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ထားပါတယ်။ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ဆာဆူအိုလိုဟာ ဥရောပဝင်ခွင့်လည်း မျှော်လင့်နိုင်ခြင်း မရှိသလို တန်းဆင်းဇုန် ဖိအားလည်း မရှိတာကြောင့် ပွဲတိုင်းကို ဖိအား ကင်းကင်းနဲ့ ကစားလို့ ရနေပါတယ်။ အခုပွဲ ကိုတော့ အိုဘီယန်နဲ့ ဂျူရီဆစ်တို့ ကလွဲရင် အဓိကကစားသမားတွေ ဖြစ်တဲ့ ရက်စ်ပါဒိုရီ၊ ဘာရက်ဒီ၊ ထရာအိုရေး၊ မူလ်ဒါ၊ လိုပက်ဇ် တို့ အားလုံး ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။

စီးရီးအေ
အူဒီးနီးစ်
လာဇီယို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကတော့ မျှတတယ်လို့ပဲ ဆိုရပါမယ်။ နောက်ဆုံး တွေ့ဆုံ ကစားထားခဲ့တဲ့ ၁၈ ကြိမ်မှာ ၈ ကြိမ်စီ အနိုင်ရထားကြပြီး ၂ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ နောက်ဆုံး ၅ ကြိမ် မှာတော့ အင်တာမီလန်တို့ ရှုံးပွဲ လုံးဝ မရှိခဲ့ပဲ ၄ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာလည်း အင်တာမီလန်တို့ ဆာဆူအိုလို ကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ထူးခြားချက် ကတော့ အင်တာမီလန်ဟာ ဆာဆူအိုလိုနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အင်တာမီလန် vs အူဒီးနီးစ်ဂိုးပေါ် 3.25 @ 1.78
ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၁၁:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ အင်တာမီလန် အတွက် ၁.၂၈ ဆ၊ သရေ အတွက် ၅.၆၀ ဆ၊ ဆာဆူအိုလို အတွက် ၈.၇၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရရော၊ စုဖွဲ့မှု အရပါ ဆာဆူအိုလိုတို့ အင်တာမီလန်ကို ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ တိုက်စစ် ကစားသမားကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြလို့ ဂိုးပေါင်း အများကို ဦးတည်နိုင်ပါတယ်။ အင်တာမီလန်နဲ့ ဂိုးပေါင်း ၃ ဂိုးနဲ့ အထက်ကို ရွေးချယ်တာက အပြည့်အဝ ပျော်ရွှင်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်